2011年3月30日水曜日
မှောင်ခို ဈေးကွက် စက်သုံးဆီဈေး မြင့်တက်
မြန်မာနိုင်ငံ တ၀န်းလုံးရှိ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များတွင် လောင်စာဆီရရှိရန် တန်းစီနေသည့် ကားတန်းများ ပိုမိုများပြားလာပြီး မှောင်ခိုဈေးကွက် အတွင်းရှိ ဓာတ်ဆီဈေးနှုန်းမှာလည်း ဆက်လက်မြင့်တက်လျက်ရှိသည်ဟု သိရသည်။
disel-ygn-mm-oil
ရန်ကုန်ရှိ စက်သုံးဆီ သုံးစွဲသူများ စက်သုံးဆီဝယ်ရန် ဆိုင်တွင် ဤသို့တန်းစီရ (ဓာတ်ပုံ - ဧရာဝတီ)
ယခုလဆန်းမှစတင်၍ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေး အသင်းက မှောင် ခိုဓာတ်ဆီ ဈေးကွက် ပ ပျောက်ရန် ကားများကို စက်သုံးဆီအသင်း တံဆိပ်ပါ ဓာတ်ဆီဝယ်ယူခွင့် စာအုပ်များ ထုတ်ပေးပြီး စနစ်သစ်ပုံစံဖြင့် ကန့် သတ် ရောင်းချ ပေးသည့် စနစ်ကို စတင်ကျင့်သုံးခဲ့သည်။
ယင်းကဲ့သို့ ကန့်သတ်ရောင်းချသည့် စနစ်ကို ပြောင်းလဲ ကျင့်သုံးပြီးနောက်တွင် မှောင်ခိုဈေးကွက်အတွင်း ဈေးနှုန်းမြင့် တက် မှု များ ဖြစ်ပေါ်လာသည်ဟု အငှားယာဉ်မောင်းသမားတဦးက ပြောသည်။
“အာဏာပိုင်တွေကတော့ မှောင်ခိုဈေးကွက်ပျောက်အောင် ၊ ၃-၄ ခေါက် ပြန်ပြန်တိုးပြီး လုပ်စားတဲ့ သူတွေ လျော့အောင် လုပ် တယ်ဆိုပေမယ့် သူတို့ ပြောနေတဲ့ မှောင်ခိုဈေးကွက်က မပျောက်တဲ့ အပြင် တကယ်သုံးစွဲသူတွေ ဈေးကြီးကြီပေးဝယ်ရ တဲ့ အခက်အခဲပိုဖြစ်လာတယ်”ဟု ၎င်းက ပြောသည်။
အငှားယာဉ်မောင်း သမားက ဆက်၍ “ည ၇ နာရီ ကားသိမ်းခါနီးလောက်ကတည်းက တန်းစီတာ ကားတန်းက မြင်မကောင်း အောင် အရှည်ကြီး။ တခါတလေ ကားထားခဲ့ပြီး မနက်မှလာပြန်ယူ ဆီထုတ်ရတာမျိုး ဒုက္ခမခံရင်လည်း အပြင်ဈေးတွေက အရမ်း တက်နေတော့ မ၀ယ်နိုင်ဘူး။ မှောင်ခိုကနေ ဈေးကြီးပေးဝယ်လို့ ကားခဈေးတိုးတောင်းပြီပဲထား ကားခတွေကလည်း ဈေးတက်တော့ အရင် ၂၀၀၀ ကျပ် လောက် လမ်းကို ၃၀၀၀ ကျပ် ဆို ဘယ်သူက ငှားနိုင်တော့မလဲ။ ကားသမားလည်းမကိုက် စီးတဲ့ လူလဲ မကိုက်ဘူး”ဟု ပြောဆိုသည်။
အဆိုပါ မှောင်ခိုဈေးကွက်အတွင်း ဓာတ်ဆီဈေးမြင့်တက်မှုသည် ကန့်သတ်လိုက်သည့် လောင်စာဆီထုတ်ယူမှု ပမာဏနှင့် လည်း သက်ဆိုင်သည်ဟု ခရီးသွားကား စင်းလုံးငှားရမ်းသည့် ၀န်ဆောင်မှု လုပ်ကိုင်နေသူ တဦးက ပြောသည်။
“မှောင်ခိုပျောက်အောင် ကန့်သတ်ရောင်းတယ် ၊ တန်းမစီနိုင်တော့ မှောင်ခိုဈေးမှာ ဈေးကြီးပေးဝယ်ရတယ်။ သွားရင်းလာရင်း ဆီပြတ် သွားရင် တန်းစီနေတဲ့ ကားတန်းထဲ ဘယ်လို ၀င်တိုးမလဲ။ ဒီကြားထဲ မှောင်ခို ဆိုင်လေးတွေ တွေ့ရင်လိုက်ဖမ်းတာမျိုးလုပ်တော့ မှောင်ခို ဈေးကွက်က ဈေးပိုတက်တယ်။ အမှန်တော့လည်း မှောင်ခို ဈေးကွက်ဆိုတာ ပုဂ္ဂလိက ဆိုင်တွေက ပြန် ထုတ်ရောင်းတာကနေ လာတာလေ။ ပုဂ္ဂလိက က ကားတွေကို ပမာဏ  လျှော့ပေးတော့ အပြင်များများထုတ် ရောင်း ဈေး လည်း ပိုရ။ အစိုးရကလည်း မသိတာ မဟုတ်ဘူး။ အခုက အစိုးရရယ်၊ ပုဂ္ဂလိက ဆီဆိုင်တွေရယ် မှောင်ခိုရယ် စီးပွားဖြစ်နေ တယ်”ဟု ၎င်းက ဆိုသည်။
ပုဂ္ဂလိက အရောင်းဆိုင်များတွင် ဓာတ်ဆီ တဂါလန် ၂၅၀၀ ကျပ် ၊ ဒီဇယ် တဂါလန် ၄၀၀၀ ကျပ် ဖြင့်ရောင်းချပေးနေသော် လည်း မှောင်ခို ဈေးကွက်တွင် ဓာတ်ဆီ တဂါလန် ၄၆၀၀ ကျပ် ၊ ဒီဇယ် ၁တဂါလန်  ၄၁၀၀ ကျပ်ဖြင့် ရောင်းချနေသည်ဟု သိရ သည်။
“စာအုပ်နဲ့ ဆီထုတ်ရတဲ့ စနစ်ကို ပြောင်းလိုက်ပြီးနောက်မှာ တချို့ ဆိုင်တွေက တရက်ကို ၂ ဂါလန် ရောင်းပေးတာ ရှိသလို တချို့ ဆိုင်က ၃ ဂါလန် ရောင်းပေးတာ ရှိတယ်။ ပုဂ္ဂလိက ဆီဆိုင်ကြီးတွေ ကိုယ်တိုင်က အစိုးရဆီက ၀ယ်ခွင့်ရတဲ့ ဂါလန် အရေအတွက် တယောက်နဲ့ တယောက်မတူတာလည်း ပါတယ်”ဟု ဓာတ်ဆီ မှောင်ခိုဈေးကွက်တွင် ရောင်းချနေသူ တဦးက ပြောသည်။
disel-ygn-mm-oil-2
ရန်ကုန်ရှိ စက်သုံးဆီ သုံးစွဲသူများ စက်သုံးဆီဝယ်ရန် ဆိုင်တွင် ဤသို့တန်းစီရ (ဓာတ်ပုံ - ဧရာဝတီ)
သူက ဆက်၍ “အရင်နှစ် သင်္ကြန်နီးလာတာတောင် ဓာတ်ဆီဈေးတက်တာ ဒီလောက်မရှိဘူး။ အခုက ပြီးခဲ့တဲ့ လဆန်း က တည်းက ဈေးတွေ ထိုးတက်တာ အခုထိလည်း ထပ်တက်နေတုန်း။ ပုဂ္ဂလိက ဆိုင်တွေမှာလည်း တန်းစီနေတဲ့ ကားတန်းတွေ ဆီထုတ်တဲ့  စနစ်ကို အစိုးရ ကြိုက်သလို ပြောင်း ကားတွေ တန်းစီနေတာတော့ မပြောင်းဘူး”ဟု ပြောသည်။
နယ်မြို့များရှိ ဓာတ်ဆီ မှောင်ခိုဈေးနှုန်းမှာ ပိုမိုမြင့်တက်နေပြီး ရခိုင်ပြည်နယ်တွင် ဓာတ်ဆီ တဂါ လန် ၆၀၀၀ ကျပ် ၊ တောင် ကြီး မြို့တွင် ဓာတ်ဆီ တဂါလန် ၅၀၀၀ ကျပ် ၊ မန္တလေးမြို့ တွင် ဓာတ်ဆီ တဂါလန် ၅၂၀၀ ကျပ် ၊ မုံရွာမြို့တွင် ဓာတ်ဆီ ၁ ဂါလန် ၅၆၀၀ ကျပ် အသီးသီးထိ ဈေးနှုန်းမြင့်တက်နေသည်ဟု သိရသည်။
ယခုကျင်းပနေသည့် လွှတ်တော်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက စက်သုံးဆီ ဖြန့်ဖြူး ရောင်းချခြင်းနှင့်ပတ်သက်၍ မေးမြန်းချက်အား စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး ဦးလွန်းသီ က အစိုးရက ပုဂ္ဂလိက ကဏ္ဍ အတွက် လစဉ် ဓာတ်ဆီဂါလန် ၉ သန်းခန့်ရောင်းချနေပြီး လျှော့ဈေးဖြင့် ရောင်းချ ပေးသောကြောင့် ကမ္ဘာ့ ဓာတ်ဆီပေါက်ဈေးထက် သက်သာနေသည်ဟု ပြန်လည်ဖြေဆိုထားသည်ကို မတ်လ ၁၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။
ထို့အပြင် လစဉ် နိုင်ငံတော်မှ ရောင်းချပေးနေသည့် ဓာတ်ဆီ ဂါလန် ၉ သန်းခန့်ဖြင့် လုံလောက်မှု မရှိသောကြောင့် ပြည်ပ မှ တင်သွင်းရောင်းချရန် နိုင်ငံတော်မှ စီစဉ်ပေးထားပြီး နိုင်ငံတကာသုံး ဓာတ်ဆီ အော့တိန်းဆီ(92 Ron)ကို ပုဂ္ဂလိက လုပ်ငန်းရှင် များအား ပြည်ပမှ အလုံအလောက်တင်သွင်းခွင့်ပြုထားပြီး လွတ်လပ်စွာဖြန့်ဖြူးရောင်းချခွင့်လည်း ပေးထားသည်ဟု ပြောထားသည်။
နအဖ စစ်ကောင်စီ ဖျက်သိမ်း၊ အစိုးရသစ်အဖွဲ့ ကြေညာ
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အစိုးရအဖွဲ့ကို ယနေ့မှစ၍ ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း MRTV-4 ရုပ်သံ မှ ယနေ့ နေ့လယ်ပိုင်းက ကြေညာသည်။
than_shwe_maung_aye_12feb2007
နိုင်ငံ့ဥသျှောင် အဖွဲ့တွင်ပါဝင်မည့် ဗိုလ်ချုပ်မှူးကြီးနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး
ဗိုလ်ချုပ်ကြီးဟောင်း သမ္မတသစ် ဦးသိန်းစိန် ဦးဆောင်သောအစိုးရသစ် အဖွဲ့အား နအဖ စစ်အစိုးရ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အမိန့်ဖြင့် နိုင်ငံတော် အာဏာ အရပ်ရပ်ကို လွှဲပြောင်းလိုက်ကြောင်း၊ အာဏာလွှဲပြောင်းလိုက်ချိန်မှစ၍ နအဖ အစိုးရအဖွဲ့သည် ဗဟို၊ ပြည်နယ်၊ တိုင်းဒေသကြီးအဆင့်မှ ရပ်ကွက်၊ ကျေးရွာ အဆင့်အထိ ဖျက်သိမ်းပြီး ဖြစ်ကြောင်း ကြေ ညာသွားသည်။
အစိုးရသစ်အဖွဲ့တွင် ဗိုလ်ချုပ်လှမင်း ကို ကာကွယ်ရေးဝန်ကြီး၊ ဒု ဗိုလ်ချုပ်ကြီး ဦးကိုကိုအား ပြည်ထဲရေးဝန်ကြီး၊ ဗိုလ်ချုပ် သိန်းဌေး ကို နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနနှင့် အမျိုးသားစက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ဦးဝဏ္ဏမောင်လွင်အား နိုင်ငံခြားရေးဝန်ကြီး စသည်တို့ကို သမ္မတသစ် ဦးသိန်းစိန်၏ အမိန့်ဖြင့် ခန့်အပ်ကြောင်း
ကြေညာချက်၌ ပါရှိသည်။
ဝန်ကြီးချုပ်ဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ် အဖွဲ့တွင် တာဝန်ထမ်းဆောင်ကြမည့် ၀န်ကြီးများ အားလုံးနီးပါးသည် ယခင်ဌာန၌ပင် ၀န်ကြီးနေရာကို ပြန်လည် ခန့်ထားသည်ကိုတွေ့ရပြီး ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းအား ယာဉ်ကျေးမှု ၀န်ကြီးဌာနကိုပါ ပူးတွဲခန့်ထားသည်။
ပြည်ထောင်စု ရှေ့နေချုပ်အဖြစ် ဒေါက်တာထွန်းရှင်နှင့် ပြည်ထောင်စု တရားသူကြီးချုပ် အဖြစ် ဦးထွန်းထွန်းဦး တို့ကိုခန့်ထား သည်။
နအဖ အစိုးရ၏ အကြီးအကဲနေရာအား စွန့်လွှတ်ကာ သမ္မတသစ်ကို အာဏာလွှဲပေးလိုက်ပြီး ကာကွယ်ရေးစီးချုပ်ရာထူးကို လည်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား လွှဲပြောင်းပေးသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေဖြင့် သမ္မတ အစိုးရသစ် လက်ထက်တွင် မည်သည့် အခန်းကဏ္ဍမှ ပါဝင်မည်ဟူသည်ကို စိတ်ဝင်စားမှုများ ရှိနေကြသည်။
သို့သော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံတော်၏ အဆင့်အမြင့်ဆုံးအဖွဲ့ နိုင်ငံ့ဥသျှောင် အဖွဲ့ကို ဖေဖော်ဝါရီလ အတွင်း ကပင် ဖွဲ့ထားပြီးဖြစ်ကြောင်း၊ ယင်းအဖွဲ့မှ တပ်မတော်ကို တိုက်ရိုက်ကွပ်ကဲ အုပ်ချုပ်မည်ဖြစ်ကြောင်း၊ အဓိကကျသော ဆုံးဖြတ်ချက်၊ အမိန့်များကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကသာ ချမှတ်မည်ဖြစ်ကြောင်း နေပြည်တော် စစ်တပ် အသိုင်းအဝန်း၏ ပြော ဆိုချက်အရ သိရသည်။
နိုင်ငံ့ဥသျှောင်အဖွဲ့တွင် အဖွဲ့ဝင် ၈ ဦး ပါဝင်မည်ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး ဟောင်းနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ သမ္မတ ဦးသိန်းစိန်၊ ဒု သမ္မတ သီဟ သူရ ဦးတင်အောင်မြင့်ဦး၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးနှင့်အတူ တခြားအဆင့်မြင့် စစ်အရာရှိဟောင်း ၂ ဦး ပါဝင်ကြောင်းလည်း စစ်တပ်အသိုင်းအ၀ိုင်းက ပြောသည်။
တနင်္သာရီ ကမ်းလွန် ပင်လယ်ပြင် တွင် မုန်တိုင်းငယ် တစ်ခု ဖြစ်ပေါ်
တနင်္သာရီ ကမ်းရိုးတန်း ကမ်းလွန် ပင်လယ် ပြင်မှာ အားကောင်းတဲ့ မုန်တိုင်းငယ် တစ်ခု ဖြစ်ပေါ်ဖို့ 
အတွက် လိုအပ် တဲ့ အခြေအနေ တွေ ဖြစ်ထွန်းနေပြီ နောက် ၂၄ နာရီ အတွင်း မှာ မုန်တိုင်း ငယ်
ကဏ္ဍ က သတိပေး ကြေငြာချက် ထုတ် ပြန်ထားပါတယ်။
မတ်လ ၂၉ ရက်နေ့ လည် ၁၁ နာရီ နောက် ဆုံး တိုင်းထွာချက် များ အရ မုန်တိုင်း အဖြစ် အားကောင်း
လာခဲ့ရင် လေတိုက် နှုန်းက ရေပြင် မှာ တစ်နာ ရီ မိုင် ၁၁၀ ရှိမှာ ဖြစ်ပြီး ၊ မြေမြင် မှာ တစ်နာ ရီ မိုင် ၁၀၀
နီးပါး ရှိမှာ ဖြစ်ပါတယ်။
2011年3月27日日曜日
အကျိုးပေးခြင်းတော့ မတူပါသလေ ...
ဟန်လေး Monday, 21 March 2011 19:33 ကာတွန်း
စစ်တပ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်ရန် HRW ပြော
E-mail Print
နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများနှင့် လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေများကို လေးစားရန် တိုက်တွန်း တောင်းဆို ထားသည့် စာတစောင်ကို အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ (HRW) က မြန်မာ စစ် အစိုးရသို့ ယမန်နေ့က ပေးပို့လိုက်သည်။
Karan_refugee01
တိုက်ပွဲကြောင့် ၂၀၁၀ နိုဝင်ဘာ လကုန်ပိုင်းက ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာရသော စစ်ပြေး ဒုက္ခသည်များ (ဓာတ်ပုံ - ဧရာဝတီ)
အဆိုပါ စာကို လာမည့် မတ်လ ၂၇ ရက်တွင် ကျရောက်မည့် ၆၆ နှစ်မြောက် တပ်မတော်နေ့ အတွက် ရည်ရွယ်ပြီး ဗိုလ်ချုပ်ရာပြည့် ၊ စစ်ဥပဒေချုပ် ၊ ကာကွယ်ရေး ၀န်ကြီးဌာန (နေပြည်တော်) ပြည်ထောင်စု မြန်မာနိုင်ငံတော် ဟု လိပ်မူတပ်ကာ ပေးပို့ ခဲ့ခြင်းဖြစ်သည်။
HRW သည် အစိုးရမဟုတ်သည့် အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံပေါင်း ၈၀ ကျော်တွင် အစိုးရနှင့် အစိုးရမဟုတ်သည့် လက်နက်ကိုင် အဖွဲ့များမှ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများအား ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး စောင့်ကြည့် လေ့လာနေသော အဖွဲ့ဖြစ်သည်။
HRW က စစ်အစိုးရသို့ ပေးပို့သည့် စာ နှင့် တချိန်တည်း မြန်မာစစ်ခေါင်းဆောင်များက လူ့အခွင့်အရေး ချိုးဖောက်နေမှုများနှင့် လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေ(စစ်ဥပဒေ)ချိုးဖောက်နေမှုများကို ရပ်တန့်ရန်၊ ယင်း ချိုးဖောက်မှုများနှင့်ပတ်သက်ပြီး တာ ၀န် ရှိသူများကို တရားမျှတစွာ အပြစ်ပေး ဆောင်ရွက်ရန် အစီရင်ခံစာ အကျဉ်းတစောင်ကိုလည်း အားချင်း ထုတ်ပြန်ထား သည်။
မြန်မာစစ်အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အပေါ် စစ်ဆင်ရာတွင် အဓမ္မ လုပ်အားပေးခိုင်းစေမှု၊ မုဒိန်းကျင့်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ဥပဒေမဲ့ သတ်ဖြတ်မှု စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ကျုးလွန်နေသည်ဟုလည်း HRW က ပြောဆိုသည်။ 
“အစိုးရ အနေနဲ့ မဟုတ်ရင်တောင် စစ်တပ်ကနေ ဒီကိစ္စနဲ့ ပတ်သက်ပြီး တိုးတက်ရာ တိုးတက်ကြောင်းကို ဟန်ဆောင် ပန်ဆောင် လုပ်တာမျိုးတောင် မရှိဘူး။ ဒီလို အချက်တွေကပဲ စစ်တပ်ရဲ့ဆိုးရွားတဲ့ အခြေအနေကို ပြနေတာပဲ”ဟု HRW ၏ ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။
HRW မှ ဥပဒေရေးရာနှင့် ပေါ်လစီ ဒါရိုက်တာ James Ross က“စစ်တပ်ခေါင်းဆောင်တွေ ဒီလို ဥပဒေချိုးဖောက်နေတာကို ရပ် အောင် အသိပေးအကြောင်းကြားဖို့ လိုပြီ။ ဒီလို အသိပေးတာကို ထပ်ချိုးဖောက်သူတွေကိုလည်း ဥပဒေအရ အရေးယူခြင်း နဲ့ အတည်ပြု အကောင်အထည် ဖော်ရမယ်”ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) က အမတ် နေရာအများဆုံး ရရှိခဲ့ပြီး လွှတ်တော်တွင်းအရေးကြီးသည့် နေရာများတွင် စစ်တပ် အရာရှိများကရယူထားကြောင်း၊ ဥပဒေပြုလွှတ်တော်၏ ၄ ပုံ ၁ ပုံခန့်မှာ စစ်တပ်က ရရှိထားပြီး ကျန်ရှိသည့် စစ်မှန်သော အတိုက်အခံ သို့ လွတ်လပ်သည့် ပါလီမန် အဖွဲ့ဝင် လူနည်းစု မှာ ဘေးဖယ်ခံထားရကြောင်းလည်း HRWက ရေးသားထားသည်။
“ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံမှာရှိတဲ့ စစ်အာဏာရှင်စနစ်တွေကို မပြောင်းလဲသွားစေသလို ၊ စစ်တပ်ကနေ စစ်မက်ဆိုင်ရာ အရ ချိုးဖောက် နေတာတွေကိုလည်း မပြောင်းလဲသွားစေပါဘူး”ဟု James Ross က ပြောသည်။
၎င်းက“ မြန်မာစစ်တပ်က ပြည်သူတွေအပေါ်မှာ နေ့စဉ်ချိုးဖောက်နေမှုတွေကို ရပ်စေမယ့် လုပ်ဆောင်မှုတွေလုပ်ပြီး လုံးဝ ပြောင်းလဲရမယ်”ဟုလည်း ဆက်လက် ပြောဆိုထားသည်။
ယင်းကဲ့သို့ စစ်အစိုးရအရာရှိများနှင့် စစ်သည်များ လူ့အခွင့်အရေး ချိုးဖောက်နေမှုများ ရပ်တန့်ရန် မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ  စုံစမ်း စစ်ဆေးရေးကော်မရှင် ထားရှိရန်နှင့် အဆိုပါ ကော်မရှင်က တရားမျှတမှုနှင့် တာဝန်ယူဖြေရှင်းမှုများ ဆိုင်ရာ လေး နက် သော ဆွေးနွေး ဖလှယ်မှုများအတွက်လည်း တံခါးဖွင့်သွားစေမှာဖြစ်သည်ဟု James Rossက ပြောသည်။
တပ်မတော်၏ ဥပဒေအရာရှိ တဦးအနေဖြင့်  ဗိုလ်ချုပ် ရာပြည့် သည် ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်နှင့် ပူးတွဲလုပ်ဆောင် သွားရန် လိုလားမှုကို ဖော်ထုတ်မည်ဆိုပါက စစ်ဥပဒေများချိုးဖောက်နေမှုများကို ရပ်ဆိုင်းသွားရန်နှင့် လုပ်ဆောင်ရန် ရည်ရွယ်ချက်ရှိသည်ကို ပြသရာ ရောက်မည်။ မြန်မာ နိုင်ငံ၏ လူ့အခွင့်အရေးများနှင့် ဆက်စပ်နေသည့် အရာများကို ၎င်းနှင့် အတူ ဆက်သွယ်လုပ်ကိုင်သွားရန် အဆင်သင့်ရှိကြောင်း HRWက ရေးသားထားသည်။
မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တာနာ ၏ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရန်တိုက်တွန်းချက်နှင့် ပတ်သက်ပြီး ဖော်ပြရာတွင် လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်နေ သူများအား ရပ်တန့်စေရန်တာဝန်ရှိပြီး ယင်းကဲ့သို့လုပ်ဆောင်ရာတွင် နိုင်ငံအရဖြစ်စေ၊ အုပ်စုအရဖြစ်စေ၊ ကျုးလွန်သူတဦးချင်း ဖြစ်စေ ၊ စစ်တပ် အဖွဲ့ သို့မဟုတ် အစိုးရ အပေါ်တွင်ဖြစ်စေ ပိတ်ဆို့မှုများ ပြုလုပ်နိုင်သည်ဟု HRW က ဆိုထားသည်။
ထိုင်းနယ်စပ်မှ မြန်မာဘက်သို့ ဓာတ်ဆီတင်ပို့မှု ၂ ဆ မြင့်တက်
E-mail Print
မြန်မာနိုင်ငံတွင် ဓာတ်ဆီဈေးနှုန်းများ အဆမတန် မြင့်တက်မှုကြောင့် ထိုင်းနယ်စပ်မှတဆင့် တရားမ၀င် ဓာတ်ဆီတင်ပို့မှုမှာ ယခင်ကထက် ၂ ဆ တိုးလာကြောင်း သိရသည်။
Gas_Inpot
မြ၀တီဘက်သို့ ပို့မည့် ဓာတ်ဆီများ တင်ဆောင်လာသည့်ကားများကို ယနေ့မွန်းလွဲပိုင်းက ထိုင်းဘက်အခြမ်း နယ်စပ်တွင် တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
ဓာတ်ဆီကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှတဆင့် တင်ပို့ခြင်းဖြစ်ပြီး မြန်မာဘက်ခြမ်း မြ၀တီမြို့သို့ တရက်ခြား ဓာတ်ဆီလီတာ ၄ သိန်းကျော်ကို ဒေသခံအာဏာပိုင်များနှင့် နားလည်မှုယူကာ တင်သွင်းနေကြသည်ဟု မြန်မာကုန်သည်များက ပြောသည်။
မြန်မာကုန်သည်ကြီးတဦးက “မဲဆောက်ကနေတဆင့် မြ၀တီဘက်ကို အရင်က ဓာတ်ဆီသွင်းတာ တရက်ခြား လီတာ ၂ သိန်းကျော်ကနေ ဒီလဆန်းကစပြီး တရက်ခြား လီတာ ၄ သိန်းကျော် သွင်းနေရတယ်။ ဒီလိုအချိန်က ဆီကုန်သည်တွေ အလုပ်ဖြစ်သလို ဆီတင်သွင်းခွင့်ရထားတဲ့ မြန်မာဘက်က အဖွဲ့အစည်းတွေလည်း အရင်ထက်ကို အလုပ်ပိုဖြစ်ကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာဘက်မှ ဓာတ်ဆီအပါအ၀င် စက်သုံးဆီများကို နားလည်မှုဖြင့် တင်သွင်းခွင့်ရရှိသည့်အဖွဲ့များမှာ ကရင်နယ်ခြားစောင့်တပ်ဖွဲ့၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ၉၉၉ တပ်မှ ဗိုလ်ချစ်သူအဖွဲ့၊ မြန်မာစစ်တပ် အပါအ၀င် တခြားအာဏာပိုင် အဖွဲ့အစည်းများ၏ သက်သာချောင်ချိရေး ရံပုံငွေအတွက် အမည်ခံ ဆောင်ရွက်ပေးသည့် လုပ်ငန်းရှင်များနှင့် ကုန်သည်ကြီးများဖြစ်သည်ဟု သိရသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတဆင့် တစီးလျှင် ဓာတ်ဆီလီတာ ၄ သောင်း ပါရှိသည့် ၂၂ ဘီးတပ် ဆီတင်ကားများဖြင့် မဲဆောက်-မြ၀တီနယ်စပ်မျဉ်းအထိ ထိုင်းလောင်စာဆီ ကုမ္ပဏီများက လာရောက် ပို့ဆောင်ပေးခြင်းဖြစ်သည်ဟု ကုန်သည်တဦးက ပြောသည်။
ထိုင်းဘက်အခြမ်း နယ်စပ်မျဉ်းအနီး ရောက်ရှိလာသည့် ဓာတ်ဆီများကို နှစ်နိုင်ငံချစ်ကြည်ရေး တံတား မြောက်ဘက် ထာ့အာရွာရှိ လှေဆိပ်ကြီး ၃ ခုမှတဆင့် နယ်ခြားသောင်ရင်းမြစ်ကို ဖြတ်ကျော်ကာ ယာယီသွယ်တန်းထားသည့် ဆီပိုက်များကို အသုံးပြု၍ မြန်မာဘက်ခြမ်းရှိ ဆီလှောင်ကန်များသို့ တင်ပို့ကြခြင်းဖြစ်သည်။
ဘန်ကောက်မှတဆင့် မြ၀တီဘက်သို့ ဓာတ်ဆီလာရောက်ပို့ဆောင်သည့် ဆီလီတာ ၄ သောင်းဆံ့ ဆီတင်ကားများမှာ တရက်ခြားပုံမှန် အစီးရေ ၁၀ စီးမှ ၁၂ စီးအထိရှိကြောင်း၊ ချစ်ကြည်ရေးတံတား တောင်ဘက်ရှိ အမှတ် ၆ လှေဆိပ်မှတဆင့် မြန်မာဘက်သို့ တင်ပို့မှုများလည်း ရှိကြောင်း သိရသည်။
လက်ရှိ မဲဆောက်နယ်စပ်မှတဆင့် မြ၀တီသို့တင်ပို့နေသည့် ဓာတ်ဆီများမှာ ထိုင်းကုမ္ပဏီများက ပြည်ပမှတဆင့် တင်သွင်းလာသည့် အဆင့်မြင့်ဓာတ်ဆီများဖြစ်ပြီး ၎င်းဆီများကို မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်အတွင်း တလီတာလျှင် ယနေ့ပေါက်ဈေး ၄၂.၉၅ ဘတ်ဖြင့် ရောင်းချလျှက်ရှိသည်။ ယမန်နေ့က မဲဆောက်နယ်စပ်ရှိ မြန်မာငွေ ပေါက်ဈေးမှာ ကျပ် ၁၀၀ လျှင် ထိုင်း ငွေ ၃.၄၂ ဘတ် ဖြစ်သည်။
မဲဆောက်တွင် ဓာတ်ဆီဆိုင်ဖွင့်ထားသည့် ကိုမင်းမင်းက ဓာတ်ဆီ ၁ ဂါလံလျှင် ၅  လီတာ ရှိပြီး ယနေ့ ရန်ကုန်မြို့၏ ပြင်ပဓာတ်ဆီဈေးနှုန်းမှာ တဂါလံလျှင် ကျပ် ၄၆၀၀ ရှိပြီး ယခင်လဆန်းက ပြင်ပပေါက်ဈေးမှာ ကျပ် ၄၀၀၀ ခန့်သာရှိသည်ဟု ပြောသည်။
မြ၀တီဘက်သို့ တင်သွင်းရန် ဘန်ကောက်ရှိ ဓာတ်ဆီကုမ္ပဏီများမှ နယ်စပ်အထိ လာရောက် ပို့ဆောင်ပေးသည့် ဓာတ်ဆီဈေးနှုန်းများမှာ ထိုင်းနိုင်ငံအတွင်း တရားဝင်ရောင်းချနေသည့် ဈေးနှုန်းထက် သက်သာကြောင်းလည်း မြန်မာဆီကုန်သည်များက ပြောသည်။
ထိုင်း-မြန်မာနယ်စပ်၏ အကြီးဆုံး ကုန်သွယ်ရေးစခန်းဖြစ်သည့် မဲဆောက်-မြ၀တီ နယ်စပ်ကုန်သွယ်ရေးကို မြန်မာဘက်က လုံခြုံရေးအကြောင်းပြချက်ဖြင့် ယမန်နှစ် ဇူလိုင်လမှစတင်၍ ပိတ်ထားခဲ့သည်။
ထိုသို့ ပိတ်ပင်ထားသော်လည်း ဒေသခံအာဏာပိုင်များနှင့် နားလည်မှုယူကာ ကုန်သည်များက ထိုင်းကုန်ပစ္စည်းများကို ညဘက်တွင် မြ၀တီဘက်သို့ တင်ပို့လျှက်ရှိရာ ထိုင်းနိုင်ငံမှ တရားမ၀င် တင်သွင်းသည့် ဓာတ်ဆီနှင့် ဂျပန်နိုင်ငံမှတဆင့် တင်သွင်းသည့် တပတ်ရစ်ကားများမှာ အရေအတွက် အများဆုံး ဖြစ်သည်။
မြန်မာငလျင်ဘေးအတွက် ၀မ်းနည်းကြေကွဲကြောင်း အမေရိကန်ထုတ်ပြန်
စနေ, 26 မတ် 2011
ထိုင်းနဲ့ လာအိုနယ်ချင်းစပ် မြန်မာနိုင်ငံဖက်ခြမ်းမှာ လှုပ်ခတ်သွားတဲ့ ငလျှင်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေနဲ့ ထိခိုက်နစ်နာ အသက်ဆုံးရှုံးမှုတွေအတွက် အမေရိကန်သမ္မတ ဘရက် အိုဘားမားနဲ့ အမေရိကန်ပြည်သူတွေ ကိုယ်စား ၀မ်းနည်းကြေကွဲကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရင် ကလင်တန်က သောကြာနေ့ တုန်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်နဲ့ မိုင်းဖြတ်အကြား ပြင်းအား ၇ နီးပါးရှိတဲ့ ငလျင်တွေ ဆက်တိုက် လှုပ်ခတ် ခဲ့တာကြောင့် သေဆုံးပျက်စီးမှု အတိုင်းအတာကို အသေအချာသိနိုင်ဖို့ ကယ်ဆယ်ရေးလုပ်သားတွေက ကြိုးစားနေကြပါတယ်။
ကြာသပတေးနေ့ညက လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၆.၈ အဆင့်ရှိတဲ့ ငလျင်ကြောင့် ၇၃ ဦး သေဆုံးခဲ့တယ်လို့ မြန်မာအစိုးရသတင်းတွေက ဖော်ပြပါတယ်။ ဒါပေမဲ့လည်း လက်တွေ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက် လုပ်ကိုင်နေသူတွေကတော့ သေဆုံးသူအရေအတွက်ဟာ အနည်းဆုံး ၁၃၀ ရှိသွားပြီလို့ ဗွီအိုအေ မြန်မာပိုင်းကို ပြောခဲ့ကြပါတယ်။ စနေနေ့ မနက်ကနေ မွန်းလွဲချိန်အထိ နောက်ဆက်တွဲ ငလျင်ငယ်တွေ ရံဖန်ရံခါ ထပ်မံ လှုပ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တာချီလိတ် မိုင်းဖြတ်နဲ့ တာလေးမြို့တွေကြားမှာ မြေအောက် အနက် ၆ မိုင်အကွာလောက်ကနေ ပြင်းအား ၆.၈ အဆင့်နဲ့ ကြာသပတေးနေ့က လှုပ်ခတ်သွားခဲ့တာပါ။ ဒီနောက် နောက်ဆက်တွဲငလျင်တွေအဖြစ် ပြင်းအား ၅ ၀န်းကျင်ရှိတဲ့ ငလျင် သုံးခု ထပ်မံ လှုပ်ခတ်ခဲ့တယ်လို့ ကုလသမဂ္ဂ MIMU မြန်မာ့သတင်းအဖွဲ့က ထုတ်ပြန်ခဲ့ ပါတယ်။
တော်လှန်ရေးနေ့သမိုင်းမှန် မျိုးဆက်သစ်စစ်အရာရှိတွေ အကြား အသိအမြင်နည်း
မြန်မာမြေပေါ်က ဖက်ဆစ်စနစ်ကို တပ်မတော်၊ ပြည်သူ၊ နိုင်ငံရေးအင်အားစုတွေ တစုတစည်းတည်း တော်လှန်ခဲ့တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ အခုနောက်ပိုင်းအခေါ် တပ်မတော်နေ့ရဲ့ သမိုင်းနောက်ခံကို လက်ရှိတပ်တွင်း အရာရှိအရာခံတွေအကြားမှာ သိရှိနားလည်သူ အလွန်နည်းသွားတယ်လို့ တပ်မတော် အရာရှိဟောင်းတဦးက ပြောပါတယ်။ ဒီနေ့ကျရောက်တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ဟာ တပ်မတော်အတွက် ဘယ်လောက်အရေးကြီးတယ် ဆိုတာနဲ့ လက်ရှိတပ်တွင်းမှာရော ဒါကို သဘောပေါက်နားလည်သူ ရှိသေးရဲ့လား ဆိုတာတွေကိုတော့ တပ်မတော် အရာရှိဟောင်းတွေနဲ့ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်း ထားပါတယ်။
ဒီနေ့ကျရောက်တဲ့ မတ်လ ၂၇ ရက်နေ့ ဖက်ဆစ်တော်လှန်ရေးနေ့ကို ၁၉၆၂ ဗိုလ်ချုပ်ကြီးနေ၀င်း အစိုးရတက်ပြီးနောက်ပိုင်းမှာတော့ တပ်မတော်နေ့ဆိုပြီး အမည်ပြောင်းလိုက်ပါတယ်။ ဒီအပေါ်မှာတော့ တပ်မတော်အရာရှိဟောင်းတွေ နိုင်ငံရေးအင်အားစုတွေက သဘောမတူပါဘူး။ မတ်လ ၂၇ ရက်နေ့ ဖက်ဆစ်တော်လှန်ရေးနေ့ဟာ တပ်မတော်ရဲ့ အခန်းကဏ္ဍတခုတည်းရှိတာမဟုတ်ဘဲ နိုင်ငံရေးအင်အားစုတွေ ပြည်သူတွေနဲ့ တပ်မတော်တို့ တစုတစည်းတည်း ဖက်ဆစ်စနစ်ကို တွန်းလှန်ခဲ့တဲ့နေ့ဖြစ်တယ်လို့ ယူဆကြပါတယ်။ တကယ်တော့ ဒီနေ့ဟာ လူထုက လက်မခံတဲ့စနစ်တခုကို တပ်မတော်က ပြည်သူနဲ့တွဲပြီး တွန်းလှန်ခဲ့တဲ့ သမိုင်းဝင်နေ့ဖြစ်တယ်လို့ မြန်မာနိုင်ငံ မျိုးချစ်စစ်သည်ဟောင်းများ အစည်းအရုံး ဥက္ကဌ ဦးခင်မောင်ညွန့်က ပြောပါတယ်။
“စနစ်တခုဟာ တိုင်းပြည်နဲ့လူမျိုးကို အကျိုးမပြုနိုင်တော့ဘူး၊ ဒီစနစ်တခု ဆက်လက်တည်တံ့နေခြင်းအားဖြင့် တိုင်းပြည်နဲ့လူမျိုးအတွက် တနေ့ထက်တနေ့ ဒုက္ခတွေ ပိုကြီးမယ်။ အဲဒီလိုအချိန်မျိုးမှာ တမျိုးသားလုံးအရေး ဆိုတဲ့ တပ်မတော်သားတွေကလည်း ပြည်သူတွေနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ တခါတည်းစုပေါင်းပြီးတော့ စနစ်ဆိုးကိုတော်လှန်တယ် ဆိုတဲ့အစဉ်အလာတခုပေါ့နော်။”
ဒါပေမဲ့ အခုနောက်ပိုင်း တပ်တွင်းမှာတော့ အဲဒီသမိုင်းကြောင်းကို သိသူအလွန်နည်းလာသလို တပ်မတော်ရဲ့ သမိုင်းမှန်ကိုတောင် ပြင်ပကနေ ရှာဖွေဖတ်ရှုရတဲ့ အခြေအနေစိုက်လာတယ်လို့ မကြာခင်ကမှ ပြည်ပရောက်လာတဲ့ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းက ပြောပါတယ်။
“အမှန်တော့ ဒါက ပြည်သူ့ပြောက်ကျားတပ်ပဲပေါ့။ တပ်မတော်ရယ်လို့ မဖြစ်ခင်ကတည်းက ပြည်သူတွေကစပြီး တော်လှန်ခဲ့တယ်ဆိုတဲ့ဟာကို သူတို့က ဖျောက်ချင်တာကိုးဗျ။ အဲဒီအခါကျတော့ တော်လှန်ရေးနေ့ဖြစ်ပေါ်လာပုံ ဆိုတဲ့ဟာကိုလည်း သေသေချာချာ ဂဃနဏ မပြောရဲမဆိုရဲကြဘူးဖြစ်နေတဲ့ အခါကျတော့ ကျနော်တို့ မြန်မာ့တပ်မတော်နေ့ရဲ့ အခန်းကဏ္ဍဆိုတာကလည်း ဒါ စစ်ရေးပြလောက်ပဲရှိတယ်၊ မှေးမှိန်သွားတယ်။”
တပ်မတော်နေ့နဲ့ပတ်သက်လို့ ဇစ်မြစ်ပေါ့နော်၊ တပ်မတော်နေ့ဘယ်လိုဖြစ်လာလဲ။ တပ်မတော်နေ့ဆိုတာ ဘာလဲ။ သမိုင်းကြောင်းဆိုင်ရာအရရော ဇစ်မြစ်အရရော တပ်ထဲမှာ ဘယ်လောက်ထိ သဘောပေါက်ကြမယ်ထင်လဲ။ -
“ကျနော်တို့ထက် မျိုးဆက်တဆက်စောတဲ့လူတွေ လောက်ကတော့ တပ်မတော်နေ့ ဖြစ်ပေါ်လာပုံဆိုတာကို သူတို့ကတော့ ကောင်းကောင်းနားလည်မယ်၊ သမိုင်းကို ပိုပြီးတော့ နားလည်လိမ့်မယ်။ ကျနော်တို့ လက်ထက်မှာကတော့ တကယ်လို့ သိချင်တယ်ဆိုလို့ရှိရင်တော့ စာတွေကိုလိုက်ရှာဖတ်မယ်ဆိုရင် လက်တကမ်းမှာ တော်တော်နဲ့ရှာမတွေ့နိုင်တဲ့ စာပေအမျိုးအစားမျိုးထဲမှာတောင် ပါနေပါတယ်။ မြန်မာပြည် ကွန်မြူနစ်ပါတီရဲ့ ဖက်ဆစ်အပေါ်မှာ ဘယ်လိုတော်လှန်ခဲ့တယ်ဆိုတာ အခန်းကဏ္ဍတွေ ဆိုတာကလည်း အများကြီးဖျောက်ဖျက်ထားတာကိုး။ အဲဒါတွေကို ကိုယ်ကပြန်ပြီးတော့ လိုက်ရှာဖွေဖတ်မယ်ဆိုရင် ကွန်မြူနစ်စာပေကို လိုက်ရှာဖတ်ရမလို ဖြစ်တယ်။ လက်ထဲကိုင်ထားဖို့ဆိုတာကလည်း တော်ယုံတန်ယုံ သတ္တိမရှိဘူးလေဗျာ။ ဆိုတော့ အဲဒီသမိုင်းအရင်းအမြစ်ကိုတော့ ကျနော်တို့နောက်ပိုင်း အရာရှိတွေက သိနိုင်ဖို့ကတော့ တော်တော်ကိုမလွယ်တဲ့ကိစ္စပါ။”
စစ်တက္ကသိုလ် အပတ်စဉ် (၁) ဆင်း ဗိုလ်ကြီးဟောင်း ဦးခင်မောင်ညွန့်ကတော့ ဖက်ဆစ်တော်လှန်ရေးနေ့ကို တပ်မတော်နေ့အဖြစ် ပြောင်းလဲသတ်မှတ်မှုကို လက်မခံပါဘူး။
“ဒီဖက်ဆစ်စနစ်ကိုကျင့်သုံးတဲ့ အဖွဲ့အစည်း ဂျပန်ရယ်လို့မဟုတ်ဘူးပေါ့ဗျာ။ ကိုယ့်အမျိုးသားထဲကပဲဖြစ်ဖြစ်၊ တိုင်းတပါးကပဲဖြစ်ဖြစ် ကျနော်တို့မြန်မာပြည်မှာ ဒီစနစ်ကိုလာပြီးတော့ ကျင့်သုံးမယ်ဆိုရင် တော်လှန်ရမှာပဲ ဆိုတဲ့ တို့အစဉ်အလာကတော့ ဒီလိုရှိပါလား။ ဒီနေ့တပ်ထဲမှာဖြစ်နေတာက ဒီလိုဖြစ်နေပါလား၊ ပြည်သူတွေအတွင်းမှာ ဖြစ်နေတဲ့အဖြစ်အပျက်တွေက ဒုက္ခသုခတွေက သူတို့ရဲ့တရားခံဘာလဲဆိုတာကို မြင်လို့ရှိရင်တော့ ကျနော်တို့တပ်အနေနဲ့ တပ်စကားပြောရမယ်ဆိုရင် သေနတ်ပြောင်းက ကိုယ့်ဘက်လှည့် လာမယ်ပေါ့ဗျာ။ အဲဒါကလည်း အင်မတန်မှ ဗိုလ်နေ၀င်းက ကြောက်တယ်။ ကြောက်တယ်ဆိုတော့ ဖက်ဆစ်တော်လှန်ရေး ဆိုတဲ့အမည်ထက် သူက တပ်မတော်နေ့ဆိုပြီးတော့ ပြောင်းတယ်။ အမှန်ကတော့ တပ်မတော်နေ့ဆိုတာ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်ဖြစ်ပါလိမ့်မယ်။ ထိုင်းနိုင်ငံမှာ Burma Independent Army (BIA) ကို အဲဒီမှာ တည်ထောင်တဲ့နေ့သာလျင် တပ်မတော်နေ့ ဖြစ်ပါတယ်ခင်ဗျ။”
၁၉၆၂ စစ်တပ်အာဏာသိမ်းအစိုးရက ဖက်ဆစ်တော်လှန်ရေးနေ့ကို တပ်မတော်နေ့ ပြောင်းလိုက်ပေမဲ့ တပ်မတော်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းဆိုတာကိုတော့ အဲဒီတုန်းက အသိအမှတ်ပြု လက်ခံပါသေးတယ်။ တပ်မတော်နေ့နီးရင် ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံနဲ့ အဆိုအမိန့်တွေကို အစိုးရမီဒီယာတွေမှာ ဖော်ပြလေ့ ရှိပါတယ်။ ဒါပေမဲ့ ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ တပ်မတော်နေ့ နီးလာတဲ့အခါ အစိုးရမီဒီယာတွေမှာ လက်ရှိ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ အဆိုအမိန့်တွေနဲ့ အစားထိုး ဖော်ပြရေးသားလာတာ တွေ့ရပါတယ်။
ရွှေတြိဂံ ငလျင်ကယ်ဆယ်ရေး စတင်
လူ ၁၃၀ ကျော် သေဆုံးခဲ့ရတဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း လွိုင်မွေမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်နောက်ပိုင်း အခုဆိုရင် နိုင်ငံတကာအဖွဲ့တွေနဲ့ ပြည်တွင်း NGO အဖွဲ့တွေက ငလျင်ဒဏ်သင့်ရာ ဒေသတွေဆီ သွားရောက်ပြီး ကူညီကယ်ဆယ်ရေးတွေကို လုပ်ဆောင်နေပြီဖြစ်ပါတယ်။ နောက်ထပ် သေဆုံးဒဏ်ရာရရှိမှုနဲ့ပတ်သက်လို့တော့ မကြားတော့ပါဘူး။ လတ်တလော ကူညီကယ်ဆယ်ရေး အခြေအနေတွေနဲ့ပတ်သက်ပြီး သိရအောင်လို့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြထားပါတယ်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်း လွိုင်မွေမြို့အနီးကို ဗဟိုပြုပြီး ပြင်းအား ရစ်ခ်ျတာစကေး ၇ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာအဖွဲ့အစည်းကြီးတွေဖြစ်ကြတဲ့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF၊ ပြီးတော့ World Vision နဲ့ နယ်စည်းမခြား ဆရာဝန်များအသင်း MSF တို့အပါအ၀င် ပြည်တွင်းမှာရှိတဲ့ မြန်မာ NGOs တွေက ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေကို စတင်လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်ကနေ ငလျင်ဒုက္ခသည်တွေအတွက် လိုအပ်မယ့် ဆေးဝါးပစ္စည်းရိက္ခာတွေကို ၀ယ်ယူပြီး ငလျင်ဒဏ် အဓိကခံခဲ့ရတဲ့ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့နယ်တွင်းက တာလေမြို့နဲ့ မိုင်းလင်းဘက်ကို မော်တော်ယာဉ်တန်းတွေနဲ့ ဒီကနေ့ ထွက်ခွာသွားကြပြီ ဖြစ်တယ်လို့ ဒေသခံတဦးက အခုလို ပြောပြပါတယ်။
“ယူအန်အဖွဲ့ကတော့ ဒီမှာရှိတယ်။ UNICEF အဖွဲ့လည်း ဒီမှာရှိတာကိုး။ နောက်ပြီးတော့ World Vision အဖွဲ့လည်းရှိတယ်။ အဲဒါ သူတို့အဖွဲ့တွေကတော့ ကိုယ့်အဖွဲ့နဲ့ကိုယ် သွားကြလေရဲ့။ နိုင်ငံခြား အဖွဲ့အစည်းတွေက သုံးလေးငါးဖွဲ့ရှိတယ်။ ပြည်တွင်းက တနိုင်တပိုင်လုပ်တဲ့အဖွဲ့တွေလည်း လေးငါးခြောက်ဖွဲ့လောက် ရှိပါတယ်။ သူတို့လည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားကြတာပါပဲ။ သူတို့တွေကတော့ ထိုင်းကပစ္စည်းတွေ ၀ယ်သွားတယ်။ ခေါက်ဆွဲခြောက်တို့၊ သောက်ရေသန့်ဗူးတို့၊ လတ်တလောစားနိုင်တဲ့  အစားအစာတွေပေါ့။ အဲဒီ တာလေနဲ့ မိုင်းလေးကို သူတို့သွားကြတာပဲ။ တာလေနဲ့ မိုင်းလေးက အဓိကဖြစ်တာကိုး။”
ဒါ့အပြင် ဒီငလျင်ဒဏ်ခံရသူတွေကို ကူညီဖို့အတွက် တာလီချိတ်မြို့ပေါ်မှာလည်း လူငယ်တချို့ကနေ ဒီကနေ့ အလှူငွေကောက်ခံပြီး တတ်နိုင်တဲ့ဘက်က လုပ်ဆောင်နေတာတွေအပေါ် ကျေနပ်အားရမှုရှိပေမဲ့ အစိုးရ တာဝန်ရှိသူတွေကိုယ်တိုင်က ဦးစီးပြီး ဆောင်ရွက်နေတာမျိုး သိပ်မတွေ့ရဘူးလို့ အဲ့ဒီဒေသခံက ဆက်ပြောခဲ့ပါတယ်။
ဂျပန်နျူကလီးယားပြဿနာ ဆုံးခန်းတိုင်ရေး မမြင်သေး
စနေ, 26 မတ် 2011
ဂျပန်နိုင်ငံမှာ ဓါတ်ရောင်ခြည်စိမ့်ထွက်မှုဖြစ်နေတဲ့ ဖူကူရှီးမား နျူကလီးယားစွမ်းအင် စက်ရုံကနေ ရေဒီယို သတ္တိကြွမှု မြင့်မားတဲ့ရေတွေကို ဖယ်ထုတ်ဖို့ ၀န်ထမ်းတွေကြိုးစားနေကြပါတယ်။ ဖူးကူးရှီးမားစက်ရုံရဲ့ အခြေအနေဟာ မတည်ငြိမ်သေးဘူးလို့ ဂျပန်နိုင်ငံ ၀န်ကြီးချုပ် နာအိုးတိုးခန် သောကြာနေ့က ပြောလိုက်ပါတယ်။
စက်ရုံကို အပူချိန်လျော့ချနိုင်ရေး လုပ်ငန်းတွေကို အသက်နဲ့ရင်းပြီးဆောင်ရွက်နေတဲ့ ၀န်ထမ်းတွေကို ကျေးဇူးတင်ပါကြောင်း ၀န်ကြီးချုပ် ခန်က ပြောဆိုလိုက်ပါတယ်။
ဖူကူရှီးမားခရိုင် စက်ရုံကနေ မီတာ ၃၀၀ အကွာမှာရှိတဲ့ပင်လယ်ရေထဲမှာ ရှိသင့်တဲ့ပမာဏထက် ရေဒီယို ဓါတ်သတ္တိကြွမှု ပမာဏဟာ အဆပေါင်း ၁,၂၀၀ ကျော် မြင့်နေတယ်လို့ ဂျပန်နိုင်ငံ နျူကလီးယားနဲ့ စက်မှုလုပ်ငန်း ဘေးအန္တရာယ် လုံခြုံရေးအေဂျင်စီက တာဝန်ရှိသူတွေက ပြောပါတယ်။
ဒါပေမဲ့ စက်ရုံကနေ ကီလိုမီတာ ၃၀ အကွာမှာ ရှိရမယ့် ပမာဏထက်တော့ မပိုသေးဘူးလို့ ဆိုပါတယ်။
ဒီနျူကလီးယားပြဿနာ ဘယ်တော့မှ အဆုံးသတ်မယ်ဆိုတာကို ခန့်မှန်းပြောဆိုဖို့ မလွယ်ဘူးလို့ ၀န်ကြီးအဖွဲ့ အတွင်းရေးမှူး ယူခိယို အဲဒနို (Yukio Edano) က စနေနေ့က ပြောပါတယ်။ ဂျပန်နိုင်ငံမှာဖြစ်ခဲ့တဲ့ငလျင်နဲ့ ဆူနာမီရေလှိုင်းဒဏ်ကြောင့် သေဆုံးသူ ၁၀,၀၀၀ ခန့်၊ ပျောက်ဆုံးသူ ၁၇,၅၀၀ နဲ့ ယာယီအဆောက်အဦးတွေမှာ နေထိုင်နေကြသူ ၃၀၀,၀၀၀ လောက်ရှိတယ်လို့ ဂျပန်အမျိုးသားရဲတပ်ဖွဲ့က သောကြာနေ့က ပြောဆိုလိုက် ပါတယ်။
ရွေကြိဂံငလျင် သေဆုံးသူ ၁၃၀ ရှိပြီ
နောက်ဆုံးရရှိတဲ့သတင်းတွေအရ ကြာသပတေးနေ့ ညဦးပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း လွယ်မွေမြို့အနီးမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူ ၁၃၀ ကျော်လောက် သေဆုံးခဲ့ပါတယ်။ ဒီသေဆုံးခဲ့သူတွေဟာ တာချီလိတ်မြို့အနီးပတ်ဝန်းကျင်က တာလေမြို့၊ မိုင်းလင်းနဲ့ ကျကူညီရွာတွေက ဖြစ်ပါတယ်။ မနေ့ည ၈ နာရီခွဲလောက်မှာ ပြင်းအား အဆင့် ၇ ရစ်ခ်ျတာစကေးရှိတဲ့ ငလျင်ကြီး လှုပ်ပြီးတဲ့နောက်မှာ နောက်ဆက်တွဲ ငလျင်ငယ်လေးတွေဟာ ဒီနေ့ တနေ့လုံးနီးပါး ဆက်လက် လှုပ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေဟာ အထိတ်ထိတ်အလန့်လန့်နဲ့ နေနေကြရပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
မနေ့ညက လှုပ်ခဲ့တဲ့ငလျင်ဟာ လွယ်မွေမြို့အနီးမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပြီး အထိအခိုက်အများဆုံး ဖြစ်ခဲ့တာကတော့ တာချီလိတ်မြို့ အရှေ့မြောက်ဘက် မိုင် ၃၀ လောက် အကွာမှာရှိတဲ့ တာလေမြို့နဲ့ မိုင်းလင်း ကျေးရွာတွေမှာ ဖြစ်ပါတယ်။
ဒီကနေ့ နေ့ခင်းပိုင်းက တာလေမြို့နဲ့ မိုင်းလင်းကျေးရွာကိုရောက်ရှိခဲ့တဲ့ တာချီလိတ်မြို့ခံတယောက်က အသေအပျောက် အပျက်အစီး အခြေအနေကို အခုလို ပြောပါတယ်။
“တာလေ၊ မိုင်းလင်းတော့ တော်တော်သေတယ်။ အိမ်တွေလည်း အတော်ပြိုတယ်။ ခုနလေးတင် ကျနော် အဲဒီကိုသွားလိုက်တယ်။ ကျနော်တို့ အမျိုးသေလို့လေ။ တာလေ၊ မိုင်းလင်းကိုသွားတာ။ မိုင်းလင်းမှာက ၆၀ ကျော်သေတယ်။ တာလေမှာက ၅၀ ကျော်လောက် သေတယ်။ အားလုံးပေါင်းလို့ရှိရင် လောလောဆယ် ၁၁၁ ယောက်သေတယ်။ တာချီလိတ်ဆေးရုံကိုလည်း လူပေါင်း ၆၀ ကျော် ၇၀ ကျော်လောက် တက်လာတယ်။ အိမ်ခြေက တာလေမှာ ၉၀ ကျော်၊ မိုင်းလင်းမှာ ၁၀၀ ကျော် အားလုံး ၂၀၀ နီးပါးလောက်ပြိုတယ်။”
တာချီလိတ်မြို့ မြောက်ဖက် ၁၅ မိုင်အကွာလောက်မှာရှိတဲ့ ကျကူညီခေါ် လားဟူကျေးရွာမှာလည်း အနည်းဆုံး လူ ၂၀ လောက်ဟာ ဘုရားကျောင်းပြိုကျခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံ လားဟူ အမျိုးသားတယောက်က ပြောပါတယ်။
“လောလောဆယ်ကြားတာက ၂၀ ကျော်လောက် သေသွားပြီ။ ၃၀ ကျော်လောက် ဒဏ်ရာရတယ်တဲ့။ မနေ့က သူတို့ အဲဒီမှာ နွေရာသီ လူငယ်သင်တန်းလုပ်ရင်းနဲ့ မနေ့က နောက်ဆုံးပိတ်ပွဲ၊ နှုတ်ဆက်ပွဲ လုပ်နေတဲ့ အချိန်မှာ အဲဒီမှာ ငလျင်လာတော့။ အလောင်းတွေက ဘုရားကျောင်း အပြိုအပျက်အောက်မှာ ထုတ်နေ တုန်းပဲတဲ့။”
ဒေသခံတွေရဲ့အပြောအရ လောလောဆယ်မှာ သေဆုံးသူ ၁၃၀ ကျော် ရှိပြီဖြစ်ပါတယ်။ မြန်မာ့ရုပ်သံဌာနကတော့  တာချီလိတ်နဲ့ တာလေမြို့တွေမှာ သေဆုံးသူ ၇၄ ယောက်ရှိပြီး ၁၁၁ ဦး ဒဏ်ရာရရှိကြောင်း၊ နေအိမ် ၂၄၄ လုံး၊ ဘုန်းကြီးကျောင်း ၁၄ ကျောင်းနဲ့ အစိုးရရုံးအဆောက်အဦး ၉ လုံး ပျက်စီးကြောင်း ဒီနေ့ မွန်းလွဲပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
တာချီလိတ်မြို့က အာဏာပိုင်တွေနဲ့ နီးစပ်သူတယောက်ကတော့ တာလေမြို့ ဆေးရုံဟာ လုံးဝပြိုကျ ပျက်စီး သွားတယ်၊ မြို့အတွင်းက အပျက်အစီးပုံတွေကိုလည်း ရှင်းလင်းလို့မပြီးဆုံးသေးတာကြောင့် သေဆုံးသူ အရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့ ခန့်မှန်းပါတယ်။
တာလေမြို့ဘက်မှာ အထိအခိုက် အပျက်အစီးများတဲ့နေရာတွေဟာ အစိုးရစစ်တပ်တွေ အခြေစိုက်တဲ့ နေရာ ဖြစ်တာကြောင့် သေဆုံးသူဟာ အရပ်သားထက် စစ်သားတွေက ပိုများနိုင်တယ်လို့လည်း သူက ခန့်မှန်း ပါတယ်။
ကျိုင်းတုံ-တာချီလိတ်ကားလမ်း တာလေမြို့အနီးက တံတားအစွန်းတဘက်ဟာ ၅ ပေလောက် နိမ့်ဆင်း သွားတာကြောင့် အခုအခါ ကားကြီးတွေ ဖြတ်သန်းသွားလာလို့ မရဖြစ်နေတယ်၊ ကားငယ်နဲ့ ဆိုင်ကယ်တွေ လောက်ပဲ ဖြတ်ကူးနိုင်ပြီး  တံတားပြန်လည် ပြင်ဆင်တာကို အားချင်းလုပ်ဆောင်နေတယ် လို့လည်း အာဏာပိုင်တွေနဲ့နီးစပ်တဲ့ တာချီလိတ်မြို့ခံက ပြောပါတယ်။
မနေ့ည ၈ နာရီခွဲလောက်က ငလျင်ကြီး ၂ ကြိမ်လှုပ်ခတ်ခဲ့ပြီးတဲ့နောက် အခုချိန်ထိ ငလျင်ငယ်လေးတွေဟာ နာရီပိုင်း၊ မိနစ်ပိုင်းခြားပြီး ဆက်တိုက်ဆိုသလို လှုပ်ခတ်နေဆဲဖြစ်ပါတယ်။ ဒေသခံအာဏာပိုင်တွေက ငလျင်ကြီး ထပ်မံလှုပ်ခတ်နိုင်တာကြောင့် လူတွေကို အိမ်ထဲမှာမနေဖို့ ဆော်သြထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ငလျင်လှုပ်ပြီးနောက် မနေ့ည ၁၁ နာရီလောက်ကစတင်ပြီး ဒေသခံအာဏာပိုင်တွေက ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ ဒီကနေ့မှာတော့ တာချီလိတ်မြို့ခံတွေဟာ ထမင်းထုပ်၊ သောက်ရေသန့်နဲ့ အ၀တ်အစားတွေကို ငလျင်ဒဏ်ခံရတဲ့ တာလေမြို့ဘက်ကို ပေးပို့နေပါတယ်။
2011年3月22日火曜日
မင်းတြားကြီးသန်းရွှေနှင့် နေပြည်တော် ခိုးသားများ အပိုင်း (၅)
မြန်မာ့ လွတ်လပ်ရေး ဗိသုကာ၊ တပ်မတော် ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေးရပြီးလို့ နိုင်ငံရေးက အနားယူရင် စိုက်ပျိုးရေးလုပ်ရင်း အေးအေးဆေးဆေး စာရေးမယ်လို့ အပါးတော်မြဲ ဗိုလ်ထွန်းလှကို ပြောခဲ့တယ် လို့ ကြားဖူးတယ်။ အခုလည်း မြန်မာ့ တပ်မတော်ရဲ့ အဆင်မြင့်ဆုံး ထိပ်ပိုင်းခေါင်းဆောင် တယောက်ဖြစ်တဲ့ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတယောက်လည်း ဗိုလ်ချုပ် အောင်ဆန်းကိုပဲ အားကျသလား၊ ဒါမှမဟုတ် ရာထူးက အနားယူတဲ့အခါ ကိုယ်မြို့ ကိုယ်ရွာမှာပဲ အေးဆေးတည်ငြိမ်စွာနဲ့ ဘ၀ နေ၀င်ချိန်ကို ဖြတ်သန်းကြတဲ့ အမေရိကန် သမ္မတတွေကိုပဲ အားကျလေသလားမသိ၊ နေပြည်တော်ဆိုတဲ့ သူတို့ရဲ့ ၀ပ်ကျင်းမှာ ဘ၀ရှေ့ရေးကို အသေအချာရည်ရွယ်ပြီး အနားယူဖို့ စီစဉ်နေပါပြီ။
အနားယူမယ်၊ အနားယူမယ်ဆိုတဲ့ လေသံတွေကို ပစ်နေတာတော့ ကြာပြီ။ ဒါပေမယ့် အခုချိန်အထိ အနားမယူသေးတာက တိုင်းပြည်တာဝန်တွေ တကယ်ပဲ လုပ်စရာကျန်သေးလို့လား၊ ကိုယ့်အတွက်ပဲ ကိုယ်မပြည့်သေးလို့ အနားမယူတာလား ဆိုတာတော့ စဉ်းစားစရာ ကိစ္စတခုပါ။ အခုလည်း အနားယူမယ်သာဆိုတယ် ဘယ်နေရာကနေပြီး အသုံးတော်ခံဦးမှာလဲ၊ ရုပ်ရှင်တွေထဲမှာလို လူကြီးခန်းက ပါဦးမှာလားဆိုတာတော့ ပိတ်ကားပေါ်မှာ ဆက်လက် စောင့်ကြည့်ရဦးမှာပါ။
ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး
gen-maung-aye-march-10-11-2
ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး
လက်ရှိ စစ်ကောင်စီရဲ့ ထိပ်တန်းအဆင့်အမြင့်ဆုံး ခေါင်းဆောင်ထဲမှာ ပါဝင်တဲ့ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးဟာ ၁၉၅၅ ခုနှစ်က  ပထမဆုံးဖွင့်လှစ်တဲ့ ကာကွယ်ရေးစစ်တက္ကသိုလ် (Defence Services Academy – DSA) အပတ်စဉ် (၁) ကျောင်းဆင်းတဦး ဖြစ်ပြီး တပ်မှာ နောက်ဆုံးလက်ကျန် DSA အပတ်စဉ် (၁) ကျောင်းဆင်းလို့ ဆိုနိုင်ပါတယ်။
လာဘ်စားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖြုတ်ခံလိုက်ရတဲ့ ကုန်သွယ်ရေး ဝန်ကြီးဟောင်း ဒု ဗိုလ်ချုပ်ကြီး ထွန်းကြည်၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ် ဉာဏ်လင်း၊ စစ်ဥပဒချုပ်ဟောင်း ဗိုလ်ချုပ် သန်းဦး၊ မြောက်ကိုရီးယား ဗုံးဖောက်ခွဲမှုကြောင့် ပြုတ်သွားခဲ့တဲ့ ထောက်လှမ်းရေး ညွန်ကြားရေးမှူးဟောင်း ဗိုလ်မှူးကြီး အောင်ကိုး၊ နိုင်ငံတော် ကောင်စီရုံး ညွှန်ကြားရေးမှူးဟောင်း ဗိုလ်မှူးကြီး တင်လှိုင်၊ နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှူးဟောင်း ဗိုလ်မှူးကြီး အောင်မြင့်ဘော်တို့နဲ့ တပတ်စဉ်ထဲပါ။ စစ်တက္ကသိုလ် ကျောင်းသားဘ၀မှာရော တပ်ထဲမှာပါ ထူးချွန်သူ  တယောက်တော့ မဟုတ်ဘူးလို့ ရင်းနှီးသူတွေက ဆိုကြတယ်။
တပ်ထဲမှာ အရာရှိငယ်ဘ၀နဲ့ တာဝန်ထမ်းဆောင်ခဲ့အပြီး ၁၉၇၀ ပြည့်နှစ်ဝန်းကျင်မှာ ဗိုလ်မှူးဘ၀နဲ့ စစ်တက္ကသိုလ်မှာ ပြန်ပြီး နည်းပြဖြစ်လာတယ်။ ဒါပေမယ့် အစ်ကိုဖြစ်သူ အမြောက်တပ်ရင်းမှူးဟောင်း ဒု ဗိုလ်မှူးကြီး ကျော်ဇော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီမှာ ရာထူးကြီးကြီး ရခဲ့ပြီးတဲ့နောက် ဗိုလ်မှူး မောင်အေးလည်း အရှင်မွေး နေ့ချင်းကြီး ဖြစ်လာခဲ့တယ်။ ကာကွယ်ရေးနဲ့ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး အပိုင်းမှာ ညွန်ကြားရေးမှူးအဖြစ် ပြောင်းလဲတာဝန်ယူခဲ့ရပြီး နောက်မှာတော့ ပဲခူးအခြေစိုက် တပ်မ ၇၇ တပ်မမှူး တာဝန်ယူရတယ်။
တပ်မမှူးဘ၀မှာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေထဲမှာရှိတဲ့ ဗကပ၊ ရှမ်းနဲ့ ပအိုးဝ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို နှိမ်နင်းရေးတာဝန် ယူခဲ့တဲ့အတွက် ၁၉၈၅ ခုနှစ်မှာ ဗိုလ်မှူးချုပ်ရာထူး တိုးမြှင့်ခံရပြီး တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်လာခဲ့တယ်။
တိုင်းမှူးဖြစ်ပြီး မကြာပါဘူး၊ ၁၉၈၈ ခုနှစ် မဆလ တပါတီ အာဏာရှင်အုပ်ချုပ်ရေး ပြိုပျက်ပြီး စစ်တပ်အာဏာသိမ်းချိန်မှာတော့ ၁၉ ဦးပါ စစ်ကောင်စီမှာ နေရာရလာခဲ့တယ်။ စစ်သွေးစစ်မာန်အပြည့်နဲ့ အဖျက်သမားဆို ကျူပင်ခုတ် ကျူငုတ်ပါ မကျန်စေနဲ့၊ ငါတို့ကသာ တိုင်းပြည်ချစ်တာ၊ ကယ်တင်ခဲ့တာဆိုပြီး လက်နက်အားကိုး ခပ်ကြမ်းကြမ်း လုပ်တတ်တဲ့ စစ်ဝါဒီတွေ ထုံးစံအတိုင်း   ဗိုလ်မှူးချုပ် မောင်အေး တယောက် အရှေ့ပိုင်း ရှမ်းပြည်နယ်တခွင်မှာ စစ်ဘုရင်ဖြစ်လာတော့တာပေါ့။ အရင်ကတော့ အထက်ဆရာ့ဆရာ ဗိုလ်ချုပ်ဟောင်းကြီးတွေကြောင့် ငြိမ်နေခဲ့ရတဲ့ ဗိုလ်မှူးချုပ် မောင်အေး တယောက် မရဲတရဲနဲ့ ကျွဲပြဲ စီးနေ ရတဲ့ဘ၀ကနေ င့ါခြေငါ့လက် လုပ်ရဲကိုင်ရဲ ဖြစ်လာခဲ့တယ်။
၁၉၉၀ ပြည့်နှစ်မှာ ဗိုလ်ချုပ်အဆင့်ကို တိုးမြှင့်ခံခဲ့ရပြီး ၁၉၉၂ ခုနှစ် ဗိုလ်ချုပ်ကြီး စောမောင် လက်ထဲကနေ ဗိုလ်သန်းရွှေက ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို လွှဲယူလိုက်ချိန်မှာတော့ စစ်ဘုရင်တွေဖြစ်တဲ့ ဗိုလ်ချုပ် ထွန်းကြည်၊ ဗိုလ်ချုပ် ကျော်ဘ၊ ဗိုလ်ချုပ် စိန်အောင်၊ ဗိုလ်ချုပ် မြင့်အောင်တို့လို စစ်သားကြမ်းကြီးတွေကို ဖြတ်တက်ပြီး  ဒု ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ရရှိခဲ့တယ်။
စစ်တက္ကသိုလ် ပထမဆုံးအသုတ် ကျောင်းဆင်းဆိုပြီး သွေးနားထင်ရောက်နေတဲ့ ဗိုလ်ချုပ် မောင်အေးတယောက် ဒု ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ရခဲ့ပြီး အာဏာအသေအချာ ဆုပ်ကိုင်နိုင်ချိန်မှာတော့ “ငါတို့သာ စစ်တက္ကသိုလ်ကျောင်းဆင်း” ဆိုတဲ့ ဘိန်းစားချင်း အတူတူ တမူးပိုရှုချင်တဲ့ စိတ်ဓာတ်တွေကို တပ်ထဲကို ရိုက်သွင်းလာပါတော့တယ်။
“DSA မဟုတ်တဲ့ကောင်တွေ ရာထူးတိုးမပေးနဲ့၊ သင်တန်းမတက်စေနဲ့၊ အမှုဖြစ်လာရင် ငယ်တဲ့အမှုကို ကြီးစေ၊ ကြီးတဲ့အမှုကို ပိုကြီးအောင် ငါ့ဆီကိုတင်ပြ” ဆိုတဲ့ သူ့ရဲ့ သွေးခွဲစကားကြောင့် တပ်ထဲက အရာရှိတွေအကြား သွေးကွဲပြီး လုပ်ဖော်ကိုင်ဖက် အချင်းချင်း လည်ပင်းလှီးကြ၊ DSA ကျောင်းဆင်းတွေက အလုပ်သင်တွေကို ပြဿနာရှာ၊ သတိပေးဆုံးမလောက်နဲ့ ပြီးရမယ့်ကိစ္စလည်း အထက်လူကြီးဆီ တင်ပြ၊ လည်ပင်း ကြိုးကွင်းစွပ်ဖို့ ကြိုးစား စတဲ့ ဇာတ်တူသားစား ဟင်္သာကိုးသောင်းပျက်မယ့် ဇာတ်တွေ တပ်ထဲမှာ ဒုနဲဒေးပေါ်ပေါက်လာပါတယ်။
တကယ်တော့ တပ်ဆိုတာ စစ်တက္ကသိုလ် ကျောင်းဆင်းတွေနဲ့ချည်း ဖွဲ့စည်းထားတာ မဟုတ်ပါဘူး၊ အခြားအခြားသော အရာရှိတွေနဲ့ပါ ဖွဲ့စည်းထားတာပါ၊ ဘယ်စစ်သင်တန်းကျောင်း၊ ဘယ်စစ်တက္ကသိုလ်ကပဲဆင်းဆင်း အရာရှိခြင်း အတူတူ၊ ထမ်းဆောင်ရတဲ့ ၀တ္တရားချင်းလည်း အတူတူ၊ နှာခေါင်းနှစ်ပေါက်နဲ့ အသက်ရှုတာခြင်း အတူတူ၊ တိုက်ပွဲမှာ အသက်ပေးရတာခြင်းလဲ အတူတူပါပဲ။
ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ DSA ပေါ်လစီ ကောင်းမှုကြောင့် ရာထူးမတက်တော့တဲ့ အလုပ်သင်ကျောင်းဆင်း၊ OTS ကျောင်း ဆင်းတွေခမျာ ရာထူးလည်းမတက်၊ ထွက်ခွင့်လည်းမပေး၊ စိတ်ဓာတ်ညဉ်းဆဲ ခံရတာတွေကြောင့်  စိတ်ညစ်ပြီး ပြင်ပလောကမှာ ဆိုက်ကားပဲ နင်းရနင်းရဆိုပြီး အရူးလက်မှတ်ရော ဘာသော နားမလည်ဘူး၊ ဆေးလက်မှတ်မျိုးစုံနဲ့ တပ်ကထွက်ပြီး စီးပွားရေး လုပ်နေသူ၊ တက္ကစီ ဆွဲနေသူ စတဲ့ အရာရှိကြီးငယ်တွေ မနည်းပါဘူး။
အခုလည်း တပ်ထဲက နောက်ဆုံးလက်ကျန် အလုပ်သင်ဗိုလ်သင်တန်းဆင်း ဗိုလ်မှူးကြီးတွေ၊ ဗျူဟာမှူးကြီးတွေကို အဝေးသင် စာပေးစာယူနဲ့ ဘွဲ့ရတဲ့အတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ မကြာသေးမီရက်ပိုင်းက ဖွင့်ခဲ့တဲ့ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် (NDC) ကို တက်ရောက်ခွင့် မပေးဘူးလို့ သိရပါတယ်။ တကယ်တော့ အဝေးသင်တက္ကသိုလ် ဆိုတာလည်း နိုင်ငံတော်က တရားဝင် ဖွင့်ထားခဲ့တာပါ။
အရက်ကို နေ့ညမပြတ် အမြဲတမ်းသောက်တတ်တဲ့ ဒုချုပ် မောင်အေးဟာ ဘလူးလေဘယ်လ် တပုလင်းလောက်ဝင်မှ နေသာထိုင်သာရှိသတဲ့။ မူးလာရင်လည်း  အောက်လက်ငယ်သားတွေကို မေးခွန်းတွေ ထပ်ခါတလဲလဲမေးပြီး အရမ်းရစ်တတ်လို့ ဒုချုပ်နဲ့တော့ မတွေ့ချင်ဘူး၊ ကျားမြီးသာ ဆွဲလိုက်ချင်တယ် ဆိုတဲ့သူတွေလည်း တပ်ထဲနဲ့ လက်ရှိ စစ်အစိုးရထဲမှာ ဒုနဲဒေးပါ။
အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ ဘန်ကောက်မြို့မှာတောင် ဆိုင်ကယ်တွေ စီးလို့ရပေမယ့် ရန်ကုန်မြို့ကြီးမှာတော့ စစ်အာဏာရှင် ဘိုးအေကြီး ဦးနေ၀င်းရဲ့ မြေးတွေက မော်တော်ဆိုင်ကယ်တွေ အုပ်စုလိုက်နဲ့ လူကြီးခရီးစဉ် ကားတန်းတွေကို နှောက်ယှက်တဲ့အတွက် ဒုချုပ် မောင်အေးက ရန်ကုန်မှာ ဆိုင်ကယ်မစီးရဆိုတဲ့ အမိန်ထုတ်ခဲ့တယ်။ တကယ်တော့ စစ်အာဏာရှင်ဟောင်းနဲ့ အသစ်ကြားက အားပြိုင်မှုမှာ ပြည်သူတွေပဲ ဒုက္ခရောက်ကြတယ်၊ သွားရေးလာရေး ခက်ခဲကြရတယ်လို့ ဆိုရမှာပေါ့။
ဒုချုပ် မောင်အေးဟာ စစ်ဝါဒီပီပီ ဘယ်လောက်တောင် ရိုင်းစိုင်းသလဲဆိုတော့ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၁၆) တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စောသမူဟဲ လက်နက်ချ အခမ်းအနားမှာ မူးမူးနဲ့ ကရင်အလံတော်ကို စစ်ဘိနပ်နဲ့ တက်နင်းခဲ့သလို ကချင်ပြည်နယ် မြစ်ကြီးနားက ကချင်ရိုးရာ မနောတိုင်ကိုလည်း ဘူဒိုဇာနဲ့ထိုးပြီး ဖျက်ဆီးပစ်ဖို့ အမိန့်ပေးခဲ့တယ်လို့ သိရတယ်။
လက်ရုံးအားကိုးနဲ့ ပြည်သူတွေနဲ့ တိုင်းရင်းသားတွေအပေါ်မှာ ရက်စက် အနိုင်ကျင့်တတ်တဲ့ ဒုချုပ် မောင်အေးတယောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ရင်တော့ ရေမြွေလိုပဲ နာမည်နဲ့လိုက်အောင် အေးဆေး ငြိမ်နေတတ်တယ်လို့ အတွင်းသိတွေက ဆိုကြတယ်၊၊
ဒီအချက်ကိုသိနေတဲ့ ဗိုလ်ချုပ်မှူးကြီးကလည်း သူနာမည်ပျက်ရမယ့်ကိစ္စ၊ လူမုန်းများမယ့် ကိစ္စတွေဆို ကိုယ်တိုင်မလုပ်ဘဲ ဒုချုပ် မောင်အေးကိုပဲ ခိုင်းတယ်။ ဗိုလ်ချုပ်ခင်ညွှန်နဲ့ ထောက်လှမ်းရေး တဖွဲ့လုံးကို တီးတုန်းကလည်း ဒုချုပ် မောင်အေးပဲ လက်ရဲဇက်ရဲနဲ့  ထောက်လှမ်းရေးတဖွဲ့လုံးကို ဖမ်း၊ ထောင်ထဲထည့်၊ အရေခွံ ဆုတ်ခဲ့လို့ ထောက်လှမ်းရေးတွေလည်း ကော့နေအောင် ခံလိုက်ရသေးတယ်။
အမိုက်ခံရမယ့် ကိစ္စတွေမှာသာ ဗိုလ်ချုပ်မှူးကြီးက ဒုချုပ် မောင်အေးကို ခိုင်းတာပါ၊ အရေးကြီးတဲ့ ကိစ္စတွေမှာတော့ ဒုချုပ် မောင်အေးကို လူစာရင်းတောင် မသွင်းပါဘူး။ ပြီးခဲ့တဲ့နှစ် သြဂုတ်လက လုပ်ခဲ့တဲ့ စစ်တပ်ရာထူး အပြောင်းအရွှေ့မှာ တပ်ချုပ်ကြီး သန်းရွှေက ဒုချုပ်မောင်အေးကို ဒု ကာကွယ်ရေး ဦးစီးချုပ်တယောက် အနေနဲ့ ခေါ်ယူ အသိပေးခဲ့ပေမယ့် ပြောတဲ့လူစာရင်းကတမျိုး၊ ထုတ်ပြန်လိုက်တဲ့ စာရင်းက တမျိုးဖြစ်နေလို့ ဒုချုပ် မောင်အေး တယောက် မျောက်မီးခဲ ကိုင်မိသလို ရှုးရှုးရှားရှားနဲ့ အရက် ကိုးမောင်းသောက်ပြီး  ဒေါသအလိပ်လိုက် ထွက်သွားတယ်လို့ အတွင်းသိတွေကဆိုတယ်။ ဒါဟာ ဗိုလ်ချုပ်မှူးကြီးက ဒုချုပ် မောင်အေးကို အဆိပ်မရှိတဲ့ ရေမြွေလို့ သဘောထားတယ်ဆိုတာကို ပြလိုက်တာပဲ။
ရာထူးအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီးတော့ မိုက်ရူးရဲ ဒုချုပ် မောင်အေး တယောက် ဉာဏ်သမား ဗိုလ်ချုပ်မှူးကြီးရဲ့ နှပ်ပစ်တာ ခံလိုက်ရပြီးတဲ့နောက်ပိုင်း သင်ခန်းစာတော့ ကောင်းကောင်း ရလိုက်ပုံရတယ်။ မကြာခင်က လုပ်ခဲ့တဲ့ အစိုးရသစ်အတွက် သမ္မတ ခန့်ထားရေးမှာတော့ ဗိုလ်ချုပ်မှူးကြီး တင်တဲ့ သီဟသူရ ဦးတင်အောင်မြင့်ဦးကို တပ်မှူး၊ တိုင်းမှူး အများစု အားကိုးနဲ့ ရဲရဲဝံ့ဝံ့ ပယ်ချခဲ့ပြီး အဆိပ်မရှိတဲ့ ရေမြွေမဟုတ်ကြောင်း အတိအလင်း ပြခဲ့တယ်လို့ နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းက သိရတယ်။
ရာဇ၀င်မှာ သဘောထားချင်း မတိုက်ဆိုင်တဲ့သူ၊ ထိပ်တိုက်ရင်ဆိုင်မယ့် သူဆိုရင် ဆရာအရင်း ဗိုလ်နေ၀င်းတို့၊ ပုခုံးထမ်းတင်ပေးခဲ့တဲ့ ဗိုလ်ခင်ညွှန့်ကိုတောင် ချမ်းသာမပေးတဲ့ ဗိုလ်ချုပ်မှူးကြီးတယောက် တပ်တော်ပါ ဗိုလ်ထု အင်အားကြောင့်သာ မချိသွားဖြဲလုပ်၊ နောက်တလှမ်းဆုတ်ပြီး ဗိုလ်မောင်အေးကို အလျှော့ပေးလိုက်ရပေမယ့် ကျေတော့ ဘယ်ကျေနပ်ပါမလဲ။ ဒါပေမယ့်လည်း ဒင်းက ဉာဏ်သမားဆိုတော့ ဘာမှ မဖြစ်သလို ဟီးဟီးဟဲဟဲပဲ နေပစ်လိုက်တာပေါ့။ ဒုချုပ် မောင်အေးလည်း သူတောင် ဘာမှမဖြစ်သေးရင် ငါလည်း ဘာမှမဖြစ်ဘူးဆိုတဲ့ ဂိုက်ဖမ်းပြီး ဇနီးမယား၊ သမီးနဲ့ သားမက်၊ တပည့်ကျော် အောင်ကိုဝင်းတို့ စုံတွဲကိုပါခေါ်ပြီး ခရီးတော် ထွက်ပြလိုက်ရသေးတယ်။
စစ်တပ်ဆိုတာက ထောင်လိုပဲလေ၊ တယောက်အရည်အသွေး တယောက် အကဲခတ် ဆုံးဖြတ်ရင် ဘယ်လောက်မိုက်ခဲ့သလဲ၊ လူဘယ်လောက် သတ်ခဲ့သလဲဆိုတဲ့ မိုက်ဂုဏ်နဲ့သာ တိုင်းတာကြတာမဟုတ်လား။ ဗိုလ်ချုပ်မှူးကြီးက ဆင်ကြံသာ ကြံတတ်တာ တိုက်ပွဲမှာ သတ္တိပြဖူးတယ်ဆိုတဲ့ သမိုင်းမရှိတော့ တချို့တိုင်းမှူး၊ တပ်မမှူးတွေက အထင်မကြီးဘူးပေါ့။ ဒုချုပ် မောင်အေးကတော့ အရက်သာ သောက်တတ်တာ၊ ဒါပေမယ့်  မိုက်ဂုဏ်ရှိတယ်ဆိုပြီး ဒုချုပ် မောင်အေးဘက်က မားမားရပ်ကြတယ်လို့လည်း တချို့က ဆိုကြတယ်။
သူတို့ နှစ်ဦး ဘယ်တော့ စီးချင်းထိုးမလဲ၊ ဒါမှမဟုတ် ဘယ်သူက ဘယ်သူကို ကန်ချမလဲ၊ အာဏာရှင်ကြီး ဦးနေ၀င်းတုန်းကလိုပဲ ထွက်ရင် နှစ်ယောက်အတူတူ ထွက်ကြမယ်ဆိုတာမျိုးများ လုပ်မလားဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရမယ့် ပုံပဲ။
စီးပွားရေးနဲ့ ပတ်သက်ရင်တော့ ဒုချုပ် မောင်အေး မိသားစုက ဗိုလ်ချုပ်မှူးကြီး မိသားစုထက် လည်ပုံရတယ်။ သမီး နန္ဒာအေးကလည်း နာမည်မထွက်အောင် နေတတ်သလို တပည့်ကျော် အောင်ကိုဝင်းကလည်း လိမ္မာတော့ ဆရာ အာပတ်လွတ်တာပေါ့။ သားသမီးတွေကို စီးပွားရေးလုပ်ခိုင်းတဲ့ နိုင်ငံတော်ခိုးသား သူရ ဦးရွှေမန်းတို့၊ သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ထက် ဒုချုပ် မောင်အေးက ပိုလည်တယ်လို့ ဆိုရမှာပေါ့။
တိုင်းမှူးဘ၀မှာ ဘယ်သူမှ မတို့မထိရသေးတဲ့ မိုင်းရှူးဆိုတဲ့ ပတ္တမြား၊ နီလာ ထွက်ရာ ရတနာမြေကို မထင်မှတ်ဘဲ ဖင်ခုထိုင်လိုက်ရတော့ “တိုင်း၍ ရက်သည့် ပက္ကလာ မိုးရွာသည်နှင့် အခန့်သင့်” ဆိုသလိုပဲပေါ့။ ကျောက်တွင်း တာဝန်ခံကိုလည်း လူရင်းလည်းဖြစ် စိတ်လည်းချရတဲ့ တောင်ကြီး ရှမ်းရိုးမကုန်တိုက် အ၀ယ်တော်၊ ကျောင်းဆရာလူထွက် အောင်ကိုဝင်းကို ခန့်လိုက်တယ်။ အဲဒီမှာ ဇတ်လမ်းက စပါတော့တယ်။ အောင်ကိုဝင်း (ခ) ဆရာကျောင်း လည်း ချမ်းသာလာသလို ဒုချုပ် မောင်အေးလည်း ကျွဲကူးရေပါ ချမ်းသာလာတယ်လို့ နီးစပ်သူတွေက ဆိုတယ်။
၁၉၉၂ ခုနှစ်မှာ ဗိုလ်သန်းရွှေက ဗိုလ်ချုပ်ကြီး စောမောင်ကို ဖြုတ်ချပြီး ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာချိန်မှာတော့ ဒုချုပ် မောင်အေးက ဒု ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပါတော့တယ်။ အဲဒီနောက်ပိုင်းတော့ ထွင်ထားတဲ့ ဒု ဗိုလ်ချုပ်မှူးကြီး ရာထူးကို ရရှိခဲ့ပြီး အာဏာ ပိုရလာခဲ့တယ်။ Trade Council လို့ခေါ်တဲ့ ကုန်သွယ်ရေးကောင်စီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လိုက်ရတော့ စီးပွားရေးသမားတွေ အပေါ်မှာလည်း ပိုအာဏာရှိလာတယ်။ လုပ်ပိုင်ခွင့်တွေ ပိုရလာတော့ တခြားဗိုလ်ချုပ်တွေလိုပဲ မွေးထားတဲ့ တပည့်တွေအပေါ်မှာ ပြန်ကြည့်လာတယ်။ နာမည်ကသာ မောင်အေး ဆိုပေမယ့် လူကတော့ စီးပွားရေးနဲ့ ပတ်သက်လို့ကတော့ လျင်ပြီးသားပါ။ စုဆောင်းပြီးသား ပိုင်ဆိုင်မှုတွေကို တိုးပွားလာအောင် တပည့်ကျော် အောင်ကိုဝင်းကို ကမ္ဘောဇဘဏ်ကို ဖွင့်စေပြီး  ငွေမည်းကို ငွေဖြူလုပ်စေခဲ့တယ်။
ခွင်ချပြီး စီးပွားရေးလုပ်တဲ့ နေရာမှာတော့ ရှဥ့်လည်းလျှောက်သာ ပျားလည်း စွဲသာလုပ်တတ်သလို တခြား ဗိုလ်ချုပ်တွေလို နာမည်ပျက် မရှိအောင်လည်း လုပ်နိုင်ခဲ့တယ်။ MAI လို့ လူသိများတဲ့ နိုင်ငံပိုင်လေကြောင်းလိုင်းကို တဘက်လှည့်နဲ့ အောင်ကိုဝင်းကို ၀ယ်စေခဲ့တယ်။
ဒုချုပ် မောင်အေးနဲ့ တပည့်ကျော် အောင်ကိုဝင်းတို့ ဆရာတပည့်နှစ်ယောက် ဆက်ဆံရေးက ဘယ်လောက်အထိ ရင်းနှီးမှု ဖြစ်လာသလဲဆိုတော့ ဗိုလ်မောင်အေးရဲ့ မွေးစားသမီး နန္ဒာအေးနဲ့  အောင်ကိုဝင်းရဲ့တူ၊ သားကြီး ခေါ် ဇော်ဝင်းနိုင်နဲ့ ပေးစားဖို့အထိ ကတိ က၀တ်ထားခဲ့ကြတယ်။ ဒါပေမယ့် ဇော်ဝင်းနိုင်က ဗိုလ်ချုပ်ဟောင်း ၀င်းလှိုင်ရဲ့သမီးကို သုတ်ပြေးပြီး အောင်ကိုဝင်း မျက်နှာကို အိုးမည်းသုတ်လိုက်တဲ့ အခါမှာတော့ ဒုချုပ် မောင်အေးနဲ့ အောင်ကိုဝင်းတို့ ဆက်ဆံရေး ခပ်တန်းတန်း ဖြစ်သွားကြပေမယ့် နန္ဒာအေး စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်းရဲ့သား ဗိုလ်မှူး ပြည်အောင်နဲ့ ယူပြီး နောက်ပိုင်းမှာ အရင်လို အ၀င်အထွက်လုပ် ပြန်ဆက်ဆံခဲ့တာလို့ အတွင်းသိတွေက ဆိုတယ်။
ဒါ့အပြင် သမီးဖြစ်တဲ့ နန္ဒာအေးကလည်း အဖေဖြစ်တဲ့ ဒုချုပ် မောင်အေး အရှိန်နဲ့ ယူနိုက်တက် အမရာဆိုတဲ့ နာမည်နဲ့ ဘဏ်ထောင်ခွင့်တို့၊ ဓာတ်ငွေ့ပိုက်လိုင်းတွေ သယ်ခွင့်တို့၊ ဟိုတယ်လုပ်ငန်းတွေကို ယောက်ျားရဲ့ အစ်ကိုဖြစ်တဲ့ IGE ကုမ္ပဏီပိုင်ရှင် ကိုနေအောင် လုပ်ခွင့်ရအောင် လုပ်ပေးခဲ့တယ်။
ဒီလိုမျိုး မတောင့်မတ မကြောင့်မကြ ဖြစ်လာချိန်မှတော့ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး တယောက် နေပြည်တော် ရွှေတိဂုံ ပုံတူစေတီကြီးကို လှမ်းမြင်ရတဲ့ နေရာမှာ ဧက ၁၀၀၀ လောက် ကျယ်တဲ့ ခြံကြီးတည်ပြီး အ၀ါရည်လေးနဲ့ နှပ်ဖို့ကြံနေပါပြီ။ ခြံထဲမှာတော့ နိုင်ငံခြားက အိမ်ပုံစံထုတ်သူတွေဆီမှာ ကိုနေအောင်ကို အပ်ခိုင်းပြီးတော့ အိပ်ခန်းအပါအ၀င် အခန်း ၁၀ ခန်းလောက်ပါတဲ့ အိမ်ကြီးကို ကိုတေဇရဲ့ ထူးကုမ္ပဏီကို တာဝန်ယူ တည်ဆောက်စေခဲ့ပါတယ်။ လိုတရလို့ ဆိုနိုင်လောက်တဲ့ ငါးမွေးကန်တွေ၊ နွားခြံတွေ၊ စပါးခင်းတွေ၊ သီးနှံမျိုးစုံ စိုက်ခင်းတွေပါတဲ့ ခြံကြီးထဲမှာ ဒီဘ၀ ဘယ်တော့မှ နံပါတ် ၁ မဖြစ်ရတော့မယ့် အတူတူ ပေးတာယူ ကျွေးတာစားပြီး နာမည်နဲ့လိုက်အောင် အေးအေးလူလူနဲ့ အရိုးထုတ်တော့မှာတော့ သေချာသလောက် ဖြစ်နေပါပြီ။     ။
ရွှေတိဂုံရှိ ကျောင်းသားသပိတ် ကျောက်တိုင် ထာဝရပိတ်မည်
E-mail Print
ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီပေါ်၌ စိုက်ထူထားသော ကျောင်းသားသပိတ် အထိမ်းအမှတ် သမိုင်းဝင် ကျောက်စာတိုင်အား နိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ်မည်ကို စိုးရိမ်သည့်အတွက် ဆက်လက်ပိတ်ပင်ထားရန် အာဏာပိုင်များက ညွှန်ကြားထားသည်ဟု ရွှေတိဂုံစေတီ ဂေါပကအဖွဲ့တာဝန်ရှိသူ တဦးက ပြောဆိုလိုက်သည်။
for_Shwedagone_story_photo
သမိုင်းဝင် ကျောင်းသားသပိတ် ကျောက်စာတိုင်ကို ၂၀၀၃ ခုနှစ်က နိုင်ငံရေးသမားများ လာရောက် အလေးပြုစဉ် (ဓာတ်ပုံ - PEACE)
အစိုးရသစ် ပြောင်းလဲသွားမည် ဖြစ်သော်လည်း ရွှေတိဂုံစေတီ ဂေါပကအဖွဲ့ အနေနှင့် မူဝါဒပိုင်းအရသော် လည်းကောင်း၊ အုပ်ချုပ်ရေး ပိုင်းတွင် သော်လည်းကောင်း အပြောင်းအလဲ ရှိမည်မဟုတ်ဘဲ စေတီပေါ်၌ နိုင်ငံရေးလှုပ်ရှားမှုများ မဖြစ်ပေါ်စေရန် လုံခြုံရေး အရ တားဆီးမှုများကို သက်ဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဂေါပက တာဝန်ရှိသူက ပြောပြသည်။
“မူဝါဒပိုင်းကော၊ လုပ်ငန်းဆောင်ရွက်တဲ့ အပိုင်းကော ဘာမှမပြောင်းလဲပါဘူး။ စေတီတော်မှာ လုံခြုံရေးယူနေတဲ့ အဖွဲ့တွေကလည်း သူတို့လုပ်ငန်းစဉ်တွေ ဆက်လုပ်ကြမယ်။ အစိုးရသစ် ဆိုပေမယ့် အရင်က လူကြီးတွေဆိုတော့ သိပ်ထူးထူးထွေထွေ ပြောင်းစရာ မရှိဘူး။ စနေထောင့်က သမိုင်းဝင် ကျောက်စာတိုင်လည်း ဖွင့်ပေးဖို့ မရှိဘူး။ အစကတည်းက တသက်လုံး ပိတ်ထားဖို့ ညွှန်ကြားထားပြီး သား။ အဲဒီနေရာကို ကျောင်းသားတွေ လာစုပြီး ဆူပူဖို့ စုဝေးတာတွေ ဖြစ်မှာစိုးလို့”ဟု ဂေါပက တာဝန်ရှိသူက ဆိုသည်။
၂၀၀၉ ခု နှစ်ကုန်ပိုင်း ကတည်းက အထူးကန့်သတ် နယ်မြေအဖြစ် ပိတ်ပင်ထားသည့် ရွှေတိဂုံစေတီ စနေထောင့်အနီး နေ လ ဘုရား နှစ်ဆူဘေးတွင် စိုက်ထူထားသော ကျောက်စာတိုင်သည် မြန်မာနိုင်ငံ၏ ပထမဆုံး ကျောင်းသား သပိတ်ဟု ဆိုနိုင်သော ၁၉၂၀ ခုနှစ် ကျောင်းသား အရေးတော်ပုံကြီး စတင်ပေါက်ဖွားရန် ရန်ကုန်ကောလိပ် ကျောင်းသားကြီးများ လျှို့ဝှက်တိုင်ပင် စည်းရုံး သစ္စာပြုခဲ့သည့် နေရာတခုဖြစ်ပြီး ယင်းသမိုင်းဝင် ကျောင်းသားသပိတ် ကျောက်စာတိုင် ၀န်းကျင်တခုလုံးကို သံပန်းများဖြင့် ကာရံ၍ အနီးတွင် လုံခြုံရေး ၀န်ထမ်းများ စဉ်ဆက်မပြတ် ချထားခဲ့သည်မှာ ဆယ်နှစ်ကျော်ရှိနေပြီ ဖြစ်ကြောင်း ဘုရားဂေါပက အဖွဲ့ထံမှ သိရှိရသည်။
ယင်းကျောင်းသားသပိတ် ကျောက်စာတိုင်တွင် ၁၉၂၀ ကျောင်းသားသပိတ်ဆင်နွှဲမည့် ဆွေးနွေးသစ္စာပြုသည့် ကောလိပ်ကျောင်း သားကြီး ၁၁ ဦးဖြစ်သော ကိုဘရှင်-သံတွဲ ၊ ကိုညီပိတ်၊ ကိုဖိုးကွန်း၊ ကိုဧ၊ ကိုလှတင်၊ ကိုဘဦး၊ ကိုဖေသိန်း၊ ကိုထွန်းဝင်း၊ ကိုဘရှင်-ထားဝယ်၊ ကိုဘခင်၊ ကိုအောင်ဒင် တို့၏ အမည်များနှင့် ဤနေရာတွင် အင်္ဂလိပ်အစိုးရ၏ မတရားသော ရန်ကုန်တက္ကသိုလ် အက် ဥပဒကို သပိတ်မှောက်ရန် ကျောင်းသားများ လျှို့ဝှက်သစ္စာပြုခဲ့ကြသည်ဟု ကျောက်စာတိုင်တွင် ရေးထိုးထားသည်။
ထိုသို့ ကျောင်းသားများ စတင်သပိတ်မှောက်သော ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၅ ရက်၊ မြန်မာ သက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင် မုန်း လဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့ အဖြစ် သတ်မှတ်ခဲ့ကြသည်။
မြန်မာကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်တက်ရောက်နိုင်ရန် ခက်ခဲလွန်းသည့် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို အင်္ဂလိပ် အစိုးရက ၁၉၂၀ သြဂုတ်လ ၂၈ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်သည့်အတွက် ကောလိပ်ကျောင်းသားကြီးများက ထိုဥပဒေကို စတင် သပိတ်မှောက်ခဲ့ကြခြင်း ဖြစ်သည်။
ကိုလိုနီခေတ်စနစ်၏ ကျွန်ပညာရေးစနစ်ကို တော်လှန်သော သမိုင်းဝင်နေရာကို ပိတ်ပင်ထားခြင်းသည် သမိုင်းကိုဖျောက်ဖျက်ရန် ကြိုးစားခြင်းဖြစ်ပြီး နိုင်ငံအတွက် ရှေးဟောင်းသမိုင်းဝင် နေရာတခုဆုံးရှုံးလိုက်ရခြင်းဖြစ်ကြောင်း ဂျာမန် ဧည့်လမ်းညွှန်တဦးက ပြော သည်။
“ဧည့်သည်တွေက မေးတယ်။ အဲဒီ ကျောက်တိုင်ကြီးက ဘာလဲ။ ဘာလို့ပိတ်ထားတာလဲ မေးကြတယ်။ ကျနော်တို့ကတော့ မေးရင် ရှင်းပြတယ်။ ဒီနေရာက ကျောင်းသားတွေ အင်္ဂလိပ်ကိုလိုနီကိုတော်လှန်ဖို့ဆွေးနွေးကြတဲ့ အထိမ်းအမှတ်နေရာလို့ပြောတော့ သူတို့က သမိုင်းတန်ဖိုးအရမ်းကြီးတယ်လို့ ပြန်ပြောတယ်။ သမိုင်းဝင်နေရာကို ပိတ်ပင်တာ မိုက်မဲတဲ့လုပ်ရပ်ပဲလို့ ဝေဖန်ကြတယ်”ဟု ၎င်းက ဆိုသည်။
ရွှေတိဂုံစေတီသည် ဗုဒ္ဓဘာသာဝင်များအတွက် အထွဋ်အမြတ်နေရာတခုဖြစ်ရုံမျှမက မြန်မာ့နိုင်ငံရေးအတွက် အလွန်အရေးပါသော နေရာတခုဖြစ်ပြီး လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလ၊ လွတ်လပ်ရေးရပြီးနောက်ကာလ အပါအ၀င် နိုင်ငံရေးလှုပ်ရှားမှုများ စတင် မွေးဖွားသန္ဓေတည်ရာ သမိုင်းဝင်နေရာတခုဖြစ်သောကြောင့် အာဏာရှင်အစိုးရအဆက်အဆက် စိုးရိမ်ကြခြင်းဖြစ်နိုင်ကြောင်း ပြည်တွင်း သတင်းဂျာနယ်အယ် ဒီတာတဦးက ပြောဆိုသည်။
“အာဏာရှင်တွေကြောက်မယ်ဆိုရင်လည်း ကြောက်လောက်စရာပဲ။ ဒီစေတီတော်ကြီးကို သစ္စာပြုပြီး တော်လှန်ရေးလုပ်ခဲ့ကြတဲ့ သူရဲကောင်း ရဲဘော်တွေကလည်း သမိုင်းတလျှောက်မှာ နည်းမှ မနည်းပဲကိုး။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးလို သံဃာတော်   တွေ ဦးဆောင်တဲ့ တော်လှန်ရေးကြီးကလည်း ဒီစေတီတော်ကြီးကိုပဲ အခြေပြုပြီးဖြစ်ခဲ့တာဆိုတော့ အာဏာရှင်တွေ ချောက်ချားကြ တာ မဆန်းပါဘူး”ဟု ရန်ကုန်မြို့ခံတဦးကလည်း ပြောသည်။
ရွှေတိဂုံစေတီ ရင်ပြင်သို့ တက်ရောက်မည့် မုခ်များအားလုံးတွင် ရဲ၊ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့(စရဖ) နှင့် အရပ်ဝတ် ထောက် လှမ်းရေးများ ပါဝင်သော လုံခြုံရေးတပ်ဖွဲ့များကို ၂၄ နာရီမပြတ်ချထားပြီး ဘုရားဖူးလာသူများအား စစ်ဆေးလေ့ရှိကာ စေတီရင်ပြင် တခုလုံးတွင်“မိုင်း အသိ၊ မိုင်း သတိ” ဆိုသော ဆိုင်းဘုတ်တချို့ ထားရှိသည်ကိုလည်း တွေ့ရသည်။
စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂၀၀၅ ခုနှစ်တွင် ပျဉ်းမနား ကြပ်ပြေးဒေသကို နေပြည်တော်ဆိုသော အမည်နှင့် မြို့တော်အဖြစ် သတ်မှတ်ပြောင်းရွှေ့ပြီးနောက် အဆိုပါမြို့သစ်တွင် ရွှေတိဂုံစေတီ ပုံတူ ဥပ္ပါတသန္တိစေတီတဆူကို တည်ထား ကိုးကွယ်လျက်ရှိသည်။
အစိုးရသစ် ငြိမ်းချမ်းရေး အကောင်အထည် ဖော်နိုင်မယ့်အပေါ် သံသယရှိ
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ ပြည်တွင်းစစ်ပွဲတွေ ရပ်စဲပြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ရာဟာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ဘောင်ထဲကနေပဲ လုပ်သွားရမှာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းက ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း ၂၀၀၈ အခြေခံဥပဒေဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့သာ ဖြစ်တာမို့ ဒီအခြေခံဥပဒေကနေ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ဆိုတာကို အယုံအကြည် မရှိဘူးလို့ ကရင်အမျိုးသား အစည်းအရုံး (KNU) က တုံ့ပြန်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ စုံစမ်းထားတဲ့ ကိုကျော်ကျော်သိန်းက သတင်းပို့ထားပါတယ်။
မတ်လ ၂၁ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအတွင်း ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောသိန်းအောင်က ကရင်ပြည်နယ် ပြည်သူလူထုရဲ့ လိုလားတောင့်တချက်ဆိုပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ၊ ကရင်ပြည်နယ် အတွင်းက စစ်ပြေးဒုက္ခသည် ကိစ္စတွေနဲ့ ပတ်သက်လို့ မေးမြန်းခဲ့တဲ့အပေါ်မှာ လွှတ်တော်ဥက္ကဋ္ဌက ပြန်ပြီးတော့ မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။
ဒီမေးခွန်းကို မြန်မာစစ်အစိုးရ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ဟောင်း ဦးကျော်ဆန်းက ပြန်ဖြေကြားတာမှာ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးတံခါး ဖွင့်ထားပြီး အခြေခံဥပဒေနဲ့အညီ ဒီပြဿနာတွေကို ဖြေရှင်းပေးသွားမယ်လို့ ဆိုပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းရဲ့ မှတ်ချက်မှာလည်း ငြိမ်းချမ်းရေးကိစ္စဟာ ကရင်ပြည်နယ် တခုတည်းနဲ့သာ မဟုတ်ဘဲ နိုင်ငံတ၀န်းလုံးနဲ့ ဆိုင်တဲ့ကိစ္စ ဖြစ်တယ်လို့ ပြောသွားတဲ့အကြောင်း သင်္ဃန်းကျွန်းမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောပါတယ်။
“အဓိကတော့ ငြိမ်းချမ်းရေးကို နိုင်ငံတော်က လိုလားသလို ပြည်သူကလည်း လိုလားတာပေါ့။ အဲတော့ ပြည်သူ့ကိုယ်စားလှယ်ဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်များ အခန်းကဏ္ဍကလည်း ကြီးမားလာတာပေါ့။ အဲတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် အခြေခံဥပဒေ ဘောင်အတွင်းက တက်တက်ကြွကြွ ပါဝင်ဖို့ပေါ့ဗျာ။”
၂၀၀၈ ခုနှစ် အခြေခံဥပဒေထဲမှာ နိုင်ငံမှာ လက်နက်ကိုင်တပ်ဖွဲ့ တခုတည်း ရှိရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ အဲဒီနောက်မှာ အပစ်အခတ် ရပ်စဲရေး လုပ်ထားတဲ့ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းတွေကို မြန်မာစစ်တပ်ရဲ့ လက်အောက်ခံ နယ်ခြားစောင့် တပ်ဖွဲ့တွေအဖြစ် အသွင်ပြောင်းဖို့ မြန်မာစစ်အစိုးရက နည်းအမျိုးမျိုးနဲ့ ဖိအားပေး ကြိုးစားခဲ့ပါတယ်။ အခုအခါမှာတော့ လက်မခံနိုင်တဲ့ အဖွဲ့တွေနဲ့ တိုက်ပွဲတွေတောင်မှ ပြန်ဖြစ်နေပါပြီ။
လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကတော့ ကိုယ်က အပြောင်းအလဲ မလုပ်နိုင်ရင် ပေးထားတဲ့ ဘောင်ထဲကနေ အပြောင်းအလဲလုပ်ဖို့ စဉ်းစားရမယ်လို့ ပြောပါတယ်။
“ဘာပဲပြောပြောပေါ့ဗျာ တော်လှန်ရေးစိတ်ဓာတ် အနေနဲ့ကတော့ ကျနော်တို့က ဘာမှ ပြောစရာ မရှိပါဘူး။ သို့သော် ကျွမ်းကျင်လိမ္မာတဲ့ နိုင်ငံရေးခေါင်းဆောင် တယောက်ရဲ့ အမြင်မျိုးတော့ ထောက်ပြဖို့ လိုတာပေါ့။ အခုလက်ငင်း ပြဿနာရော၊ ရေရှည်ပြဿနာရော မမြင်ခဲ့တဲ့အတွက် ကျနော်တို့နိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာက နှစ်ပေါင်း ၆၀ တိုင်ခဲ့ပြီ။ ဒီမိုကရေစီအရေးလည်း ၂၃ နှစ် တိုင်ခဲ့ပြီ။ အဲဒီအခြေအနေကို အားလုံး ခြုံကြည့်ရင်တော့ ကိုယ်ကနေ အခြေအမြစ်ကျအောင် မပြောင်းလဲနိုင်ဘူးဆိုရင်၊ ကိုယ့်ကြောင့် မပြောင်းလဲနိုင်ဘူးဆိုရင် သူ့ပေးထားချက် ဘောင်တွင်းက ဘယ်လို အပြောင်းအလဲ လုပ်နိုင်မလဲ ဆိုတာကတော့ စဉ်းစားရမှာ သက်ဆိုင်သူများ တာဝန်ပေါ့ဗျာ။”
၂၀၀၈ ခုနှစ် အခြေခံဥပဒေ ဘောင်ထဲကနေ ငြိမ်းချမ်းရေး တည်ဆောက်နိုင်မယ် ဆိုတာကို ကရင်အမျိုးသား အစည်းအရုံး (KNU) အနေနဲ့ကတော့ မယုံကြည်ဘူးလို့ KNU ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စောလှငွေက ပြောပါတယ်။ ဒါ့အပြင် ပြည်ထောင်စုစနစ် တည်ဆောက်နိုင်ပြီး ပြည်ထောင်စု လက်နက်ကိုင်တပ်ဖွဲ့ ပေါ်ပေါက်လာမှသာလျှင် KNU က ပါဝင်မယ်လို့လည်း ဆိုပါတယ်။
“၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ လက်ရှိ အာဏာရှင် စစ်အစိုးရကို အရေခွံလဲပြီးတော့ အဲဒီလိုပဲ သူတို့အောက်မှာ ဒူးထောက်ပြီးတော့ လုပ်မယ့် ငြိမ်းချမ်းရေးမျိုးဖြစ်တော့ ဒီလိုငြိမ်းချမ်းရေးမျိုးကိုတော့ ကျနော်တို့က အရင်တုန်းကလည်း တခါမှ မလုပ်ခဲ့ဘူး၊ နောင်လည်း လုပ်မှာမဟုတ်တဲ့ အတွက်ကြောင့် အဲဒီနည်းနဲ့ သွားလို့ကတော့ မရပါဘူး။
“ကျနော်တို့ KNU က လိုလားတာကတော့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ်၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ အမျိုးသားများရဲ့ တန်းတူရေး အနေအထားပေါ်မှာ ကျနော်တို့ကတော့ ဖက်ဒရယ် စနစ်ပေါ်မှာပဲ Federal Army လိုဟာမျိုး တည်ဆောက်နိုင်မှသာလျှင် လက်ခံမှာ ဖြစ်တဲ့အတွက် ၂၀၀၈ မှာရှိတဲ့ ပြောခဲ့တဲ့ အခြေအနေတွေကတော့ ကျနော်တို့နဲ့ လုံးဝ မအပ်စပ်ပါဘူး။ ကျနော်တို့ လက်ခံနိုင်မှာလည်း မဟုတ်ဘူး၊ လုပ်မှာလည်း မဟုတ်ဘူး။”
မြန်မာနိုင်ငံ ပြည်တွင်းစစ်ဟာ လွတ်လပ်ရေး သက်တမ်းနဲ့အတူ ရှည်ကြာနေခဲ့ပြီ ဖြစ်ပါတယ်။ မြို့ကြီးတွေမှာ နေထိုင်ကြသူတွေ အနေနဲ့ ပြည်တွင်းစစ်ရဲ့ သက်ရောက်မှုဒဏ်ကို တိုက်ရိုက် မခံစားကြရပေမဲ့ နယ်စွန်နယ်ဖျား၊ အထူးသဖြင့် နယ်စပ်ဒေသမှာ နေထိုင်နေကြတဲ့ လူထုတွေကတော့ စစ်ပွဲတွေရဲ့ဒဏ်ကို အခုချိန်ထိ ခံစားနေကြရတုန်းပါ။ အဲဒီအကျိုးဆက်အဖြစ် ပြည်တွင်းကနေ ထွက်ပြေးကြရတဲ့ စစ်ပြေးဒုက္ခသည်တွေ၊ ပြည်တွင်းမှာပဲ အိုးပစ်အိမ်ပစ် ထွက်ပြေးနေကြရသူတွေဟာလည်း ထောင်ပေါင်းများစွာ ရှိနေတာဖြစ်ပြီး ဒီပြဿနာဟာ ဒေသတွင်းမှာထိ ရိုက်ခတ်မှုတွေ ရှိလာနေပြီဆိုတဲ့ သုံးသပ်ချက်တွေလည်း ထွက်ထားပါတယ်။
မြန်မာတချို့ ဂျပန်မှပြန်လာ
ထပ်ဆင့် ဖြန့်ဝေရန်
ဂျပန်နိုင်ငံမှာကျရောက်ခဲ့တဲ့ ငလျင်နဲ့ ဆူနာမီရေလှိုင်းကြီးတွေကြောင့် ပျက်စီးသွားခဲ့တဲ့ ဖူကူရှီးမားခရိုင် (Fukushima Prefecture) လျှပ်စစ်ဓါတ်အားပေးစက်ရုံ အနုမြူဓါတ်ပေါင်းဖိုကနေ ရေဒီယိုသတ္တိကြွရောင်ခြည်တွေ ပျံ့လွှင့်နိုင်မှု အန္တရာယ်ကြောင့် ဂျပန်နိုင်ငံထဲက ပြန်လည်ထွက်ခွာလာနေကြတဲ့ နိုင်ငံခြားသားတွေထဲမှာ မြန်မာနိုင်ငံသား တချို့လည်း ပါဝင်ပါတယ်။
ဘန်ကောက်မြို့ လေဆိပ်အရောက်မှာ ရေဒီယိုသတ္တိကြွမှု စမ်းသပ်ချက်နဲ့ ကြုံတွေ့ခဲ့ရပြီးတော့ ရန်ကုန်လေဆိပ်မှာတော့ ဘာအစစ်အဆေးမှ မရှိဘူးလို့ တိုကျို (Tokyo) ကနေ ရန်ကုန်မြို့ကို ပြန်ရောက်လာတဲ့သူတဦးက ဆိုပါတယ်။ အပြည့်စုံကို ဆက်သွယ်မေးမြန်းထားတဲ့ မမိုးဖြူက တင်ပြထားပါတယ်။
ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်ကစလို့ ကြီးမားပြင်းထန်တဲ့ သဘာဝအန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရပြီးတဲ့နောက် ဂျပန်နိုင်ငံထဲမှာ အလုပ်လုပ်ကိုင်နေထိုင်ကြတဲ့ နိုင်ငံခြားသားတွေ ဂျပန်ကနေပြောင်းရွှေ့ထွက်ခွာကြတာမှာ မြန်မာနိုင်ငံသားတချို့လည်း ပါဝင်ပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ၁၀ နှစ်လောက် နေထိုင်အလုပ်လုပ်ကိုင်ခဲ့တဲ့ မဖြိုးအိသိန်းက အခုလိုပြောပါတယ်။
“ဆူနာမီနဲ့ငလျင်ဖြစ်တဲ့နေရာကတော့ တိုကျိုနဲ့တော့ဝေးတယ်။ ဒါပေမဲ့ တိုကျိုမှာလည်း ငလျင်လှုပ်သွားတော့။ ကျမ ၁၀ နှစ်နေတဲ့ကာလမှာတော့ အကြီးဆုံးလှုပ်တာပဲပေါ့လေ။ အဲဒီတော့ အိမ်ထဲကနေလည်း ထွက်ပြေးတယ်ပေါ့နော်။ ကျန်တဲ့သူငယ်ချင်းတွေကတော့ ရထားထဲမှာ ပိတ်မိနေတာတို့၊ နောက်ပြီးတော့ အလုပ်ထဲမှာတို့၊ မြေအောက်ထဲမှာ ရောက်နေတာတို့ ထွက်ပြေးရတာမျိုးတွေ ရှိပါတယ်။ အပြင်က အပျက်အစီး အများကြီးမရှိပေမဲ့ ရထားတွေ အကုန်လုံးရပ်သွားတဲ့အတွက်ကြောင့်မိုလို့ လူတွေ သွားရလာရ ဒုက္ခရောက်တာပေါ့နော်။”
ဂျပန်နိုင်ငံမှာ မြန်မာလူမျိုးခန့်မှန်းချေ ၄ သောင်းလောက် ရှိတဲ့အထဲက တဝက်ကျော်လောက်ဟာ တိုကျိုမြို့မှာနေထိုင်ကြပြီးတော့ ကျန်တဲ့သူတွေကတော့ အိုဆာကာ (Osaka)၊ နာဂိုယာ (Nagoya) နဲ့ ကျူချူး (Kyushu) ဘက်မှာ နေထိုင်ကြတာများတယ်လို့ သိရပါတယ်။
“ကျမလည်း အရမ်းကြောက်ပြီးတော့ နောက်ထပ်လှုပ်မှာက ပထမလှုပ်တာထက်ကို ၇.၉ လောက် မှန်းတယ်ဆိုတာနဲ့ပဲ ကျမက လက်ထဲမှာလည်း လက်မှတ် အဆင်သင့်ရှိတယ်၊ နောက်ပြီး အခွန်ဆောင်ထားတာတွေလည်း ရှိတယ်ဆိုတော့ သံရုံးကိုတော့ သွားစရာမလိုခဲ့ဘူးပေါ့နော်။ ချက်ချင်း လေယာဉ်လက်မှတ်ကို booking လုပ်ပြီးတော့ နောက်ရက်မှာ ရတယ်ပေါ့လေ။ ဘန်ကောက်ရောက်တော့ ကျမတို့ကို လေယာဉ်ပေါ်ကနေအဆင်းမှာ radiation check လုပ်ပါတယ်။ body ကိုပေါ့နော်။ ပြီးတော့မှ လေဆိပ်ထဲကိုဆင်းရပါတယ်။ ဒီလောက်ပါပဲ။ ရန်ကုန်လေဆိပ်အဝင်ကတော့ ဘာမှမရှိပါဘူး။ အေးဆေးပါပဲ။”
တိုကျိုမြို့က မကြာသေးခင်ရက်ပိုင်းက ပြန်ရောက်လာခဲ့တဲ့ မဖြိုးအိသိန်း ပြောပြခဲ့တာပါ။
တရုတ်နိုင်ငံ ဆင်ဝှါ (Xinhua) သတင်းဌာနနဲ့ အပတ်စဉ်ထုတ် Voice သတင်းဂျာနယ်တွေမှာပါတဲ့ သတင်းတွေအရ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဂျပန်က ဝင်ရောက်လာသူတွေကို ရေဒီယိုသတ္တိကြွဓါတ် ကင်းစင်မှုရှိမရှိ စစ်ဆေးဖို့ မတ်လ ၁၈ ရက်နေ့ လေကြောင်းခရီးစဉ်က စတင်လို့ ကျန်းမာရေးနဲ့ သိပ္ပံနဲ့နည်းပညာ ဝန်ကြီးဌာနတို့က ပူးပေါင်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
pray for japan
I am really sorry that some of Japanese city are destroyed by tsunami  and earthquake.Every people at northen east and east area  are suffered from a lot of difficulties after earthquake.the nuclear plant also  cann't settle down. Food and gasoline are not enough and we should use them by saving to contribute to the suffering area.We should pray for the death people and victim . Besides, we shoud help them as possible we can do and  support them .
2011年3月2日水曜日
နေပြည်တော်ဒီဇိုင်း
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
တခါက ကျနော်တို့ နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်လို့ သင်တန်းတခုတက်ခဲ့တာ အမှတ်ရသေးတယ်။ ကျနော်တို့က မြန်မာတနိုင်ငံလုံးကို ကိုယ်စားပြုတာ၊ ကျနော်တို့က မြန်မာနိုင်ငံလုံးဆိုင်ရာတို့..ဘာတို့.. စသဖြင့် ပြောကြသလို၊ ကျနော်တို့က တိုင်းရင်းသားတွေကို ဘယ်လောက်အထိ ကိုယ်စားပြုပြောဆိုတယ်ဆိုတာတွေ ပြောကြပြီး၊ ကိုယ့်ပါတီမူဝါဒတွေကို ပြောပြကြတယ်။ သင်တန်းလာပေးတဲ့ တခြားနိုင်ငံတခုက ပါတီကိစ္စတွေ လုပ်ဆောင်နေသူကတော့ ရှင်းရှင်းပဲ ပြန်ပြောပြတယ်။ မူဝါဒတွေဆိုတာ စာရွက်ပေါ်ရှိရုံနဲ့ မပြီး၊ အလုပ်နဲ့ သက်သေပြဖို့ လိုပါတယ်တဲ့။ "အမျိုးသမီးအခွင့်အရေးကို ကျနော်တို့ ပါတီက လေးစားပါတယ်ဆိုပြီး ပြောမနေနဲ့တဲ့။ အလုပ်နဲ့ သက်သေပြတဲ့။ ခေါင်းဆောင်မှုမှာ အမျိုးသမီး ဘယ်နှယောက် ရှိသလဲတဲ့။ တိုင်းရင်းသားအရေးကို ကိုယ်စားပြုပါတယ်၊ ထောက်ခံပါတယ်၊ ပြောမနေနဲ့တဲ့။ အလုပ်နဲ့သက်သေပြ။ ခေါင်းဆောင်မှုထဲမှာ တိုင်းရင်းသား ဘယ်နှယောက်ပါသလဲ။ အဲသလို တကယ်ဖွဲ့စည်းထားတာ၊ အလုပ်နဲ့ သက်သေပြနိုင်တာက ပိုထိရောက်ပါတယ်တဲ့"
မြန်မာ့နိုင်ငံရေးတွင် ပျောက်ဆုံးနေသော ဝန်ကြီးများနှင့် လွှတ်တော်အမတ်များ
အဲဒီတော့ ဒီကနေ့ မြန်မာနိုင်ငံ အစိုးရအဖွဲ့သစ် ဝန်ကြီးအဖွဲ့ ကက်ဘိနက်ထဲမှာ အမျိုးသမီးတွေ ပါမလာတာက ပြောစရာ ဖြစ်လာပါတယ်။
နိုင်ငံတကာမှာ ဆွေးနွေးငြင်းခုန်လာကြတာ ကြာပါပြီ။ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေကလည်း ပြောဆိုလာကြတာ ကြာပါပြီ။ အမျိုးသမီးတွေဟာ အစိုးရရေးရာ မူဝါဒဆုံးဖြတ်ခွင့်တွေမှာ ပါဝင်သင့်တယ်။ နေရာရသင့်တယ်ဆိုတာ ပြောဆိုဆွေးနွေးလာခဲ့ကြတယ်။ ဒီလိုပြောဆိုရတာ အခြေခံအကြောင်းတွေ ရှိပါတယ်။ တကယ်ဆိုရင် အမျိုးသမီးတွေက လူဦးရေရဲ့၊ တနည်းပြောရင် မဲဆန္ဒရှင်တွေရဲ့ တဝက်နီးပါးကို ကိုယ်စားပြုထားကြသူတွေ ဖြစ်ပါတယ်။
အခုပြီးခဲ့တဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲတွေမှာလည်း အစိုးရရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ တရားဝင် စာရင်းဇယားတွေအရ မဲပေးပိုင်ခွင့်ရှိသူ ၂၉ သန်းအနက် ပြည်သူ့လွှတ်တော်အတွက်ဆိုရင် ၂၂.၄ သန်း၊ အမျိုးသားလွှတ်တော်အတွက် ၂၂.၂ သန်း မဲပေးခဲ့ကြတယ်လို့ ဒီဇင်ဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တယ်။ အမျိုးသမီး မဲပေးပိုင်ခွင့်ရှိသူ ဘယ်လောက် ရာခိုင်နှုန်းရှိပြီး၊ အမျိုးသမီး မဲဆန္ဒရှင် မည်မျှက မဲပေးခဲ့ကြတယ်လို့ ခွဲခြားဖော်ပြထားတာ မတွေ့ရဘူး။ သေချာတာကတော့ အမျိုးသမီးမဲဆန္ဒရှင်တွေဟာ မြန်မာနိုင်ငံ လူဦးရေ ဖွဲ့စည်းပုံအရ တဝက်နီးပါး၊ သို့မဟုတ် တဝက်ထက်များတာမျိုး ဖြစ်နိုင်ပါတယ်။
အလားတူပဲ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းတဲ့ နေရာမှာလည်း အမျိုးသမီး ကိုယ်စားလှယ် မည်ရွေ့မည်မျှဆိုတာ ထုတ်ပြန်ကြေညာခဲ့တာမျိုး မရှိဘူး။ ရွေးချယ်ခံမယ့် မဲဆန္ဒနေရာတွေအတွက် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၃, ဝ၆၉ ဦး ပြိုင်ဆိုင်တဲ့နေရာမှာ (ပြည်သူ့လွှတ်တော် ၉၆၉ + အမျိုးသားလွှတ်တော် ၄၇၉ + တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် ၁၆ဝ၁ ဦး) အမျိုးသမီး ကိုယ်စားလှယ်လောင်း အရေအတွက်က မည်ရွေ့မည်မျှဆိုတာ ဖော်ပြမထားဘူး။ အဲဒါအပြင် ကျနော်သိချင်နေတဲ့ အခု မဲနေရာအများစု အနိုင်ရရှိခဲ့သူ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်း ၁,၁၆၃ ဦး ပြိုင်ဆိုင်တဲ့နေရာမှာ မည်ရွေ့မည်မျှကို အမျိုးသမီးတွေကို တင်သွင်းတယ်ဆိုတာ မသိခဲ့ရဘူး။ မပြည့်စုံတဲ့ သတင်းတွေအရ အမျိုးသမီး ကိုယ်စားလှယ်လောင်းက ၁ဝ ဦးလောက်ပဲ ရှိမယ်လို့ထင်တယ်။
ဒါပေမဲ့ အခုကြေညာတဲ့ အနိုင်ရရှိသူ အမျိုးသမီး လွှတ်တော်အမတ်တွေအနေနဲ့ ပြည်သူ့လွှတ်တော်မှာ ၃၂၆ ဦးအနက် ၁၄ ဦး၊  အမျိုးသားလွှတ်တော်မှာ ၁၆၈ ဦးအနက် ၆ ဦးဆိုပြီး တွေ့ရတယ်။ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့ဘက်ကတော့ အမျိုးသမီးကိုယ်စားလှယ် တယောက်တလေမှ တက်လာတာ မတွေ့ရဘူး။ (တကယ်ဆိုရင် ဆေးတပ်က အမျိုးသမီး အရာရှိတွေကို ရွေးချယ်မယ်ဆိုရင်လည်း ဖြစ်နိုင်တယ်။) ခြုံပြီးတွက်ရမယ်ဆိုရင်တော့ ပြည်ထောင်စု လွှတ်တော် အမတ် ၆၅၆ ဦး (၆၆ဝ-၄) အနက် အမျိုးသမီးကိုယ်စားလှယ် ရာခိုင်နှုန်းက  ၃.ဝ၄ % ပဲ ရှိတာ တွေ့ရတယ်။ အခု အမျိုးသမီးအမတ် ၂ဝ ဦးမှာတောင်မှ အနိုင်ရပါတီက ဘယ်နှဦး၊ အနိုင်ရပါတီမဟုတ်တဲ့ နိုင်ငံရေးပါတီတွေကို ကိုယ်စားပြုသူ အမျိုးသမီးက ဘယ်နှဦးဆိုတာ အချိုးချကြည့်ရင် ပိုလို့စိတ်ဝင်စားစရာ ကောင်းတာတွေ တွေ့ရနိုင်သေးတယ်။ စစ်အစိုးရက အာဏာမလွှဲခဲ့တဲ့ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲမှာလည်း လွှတ်တော်ကိုယ်စားလှယ် ၄၈၅ မှာ အမျိုးသမီးအမတ်က ၁၅ ဦးပဲ နိုင်တယ်ဆိုတော့ ရာခိုင်နှုန်းအရ ၃.ဝ၉ % ပဲ ရှိတာ တွေ့ရတယ်။ အခု ရွေးကောက်ပွဲ၊ လွှတ်တော်နဲ့တော့ သိပ်မခြားနားလှပေဘူး။
လက်ရှိ သမ္မတက တင်သွင်းတဲ့ အစိုးရသစ်ရဲ့ ဝန်ကြီးအဖွဲ့ဝင်တွေကို တွေ့ရတဲ့ အခါကျတော့ အမျိုးသမီးကိုယ်စားပြုမှု သုည  (ဝ) ဖြစ်နေတာ တွေ့ရတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဦးဆောင်မှုမှာ အမျိုးသမီး ဘယ်လောက်ပါဝင်သလဲ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်မှုကို လူသိရှင်ကြား ထုတ်ပြန်ထားတာ မဟုတ်လေတော့ မသိရသေးဘူး။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အမျိုးသမီး ကိုယ်စားလှယ် မည်ရွေ့မည်မျှ ပြိုင်ခဲ့သလဲ.. မည်မျှ အနိုင်ရအမတ် ဖြစ်ခဲ့သလဲ ဆိုတာကလည်း စိတ်ဝင်စားစရာ တွက်ချက်ထုတ်ကြည့်ဖို့တော့ ကောင်းလှတယ်။ မြန်မာနိုင်ငံမှာ အမျိုးသမီး အခွင့်အရေးကို လေးစားပါတယ်ဆိုတာ အပြောမဟုတ်၊ အလုပ်နဲ့လည်း သက်သေပြဖို့ လိုသေးတယ်။ (စကားချပ်။ တိုင်းရင်းသားအရေးလည်း အလားတူပါပဲ။ သမ္မတက တင်သွင်းတဲ့ အစိုးရသစ် ဝန်ကြီးအဖွဲ့ ၃၃ ဦးကို လေ့လာကြည့်တော့ ဒုသမ္မတ စိုင်းမောက်ခမ်း (ရှမ်းပြည်နယ်၊ မဲဆန္ဒ နယ်အမှတ် ၃) နဲ့ ဦးအုန်းမြင့် (ဗခ ဟောင်း) ဖားကန့်၊ ဦးအေးမြင့် (ဗခ ဟောင်း) မော်လမြိုင် ၃ ဦးသာပဲ တိုင်းရင်းသား ပြည်နယ်တွေက ယှဉ်ပြိုင်ထားသူဆိုတာ တွေ့ရတယ်။ ကျန်တဲ့ ဝန်ကြီး ၃ဝ က ပြည်မမဲဆန္ဒနယ်တွေက စစ်တပ်ကို ကိုယ်စားပြုတင်တာ၊ (မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း.. စသဖြင့်) က တင်ထားသူတွေ ဖြစ်နေတာ တွေ့ရတယ်။)
အမျိုးသမီးတွေ ဆုံးဖြတ်ချက်ချနိုင်သလား၊ ခေါင်းဆောင်နိုင်သလား။
ယေဘုယျအားဖြင့်တော့ အမျိုးသမီးတွေကို နိုင်ငံခေါင်းဆောင်၊ ဒါမှမဟုတ် ဦးဆောင်တဲ့နေရာမှာ ထားဖို့ဆိုတဲ့ကိစ္စဟာ သီအိုရီ ၂ ခု အပေါ် အခြေခံ စဉ်းစားပြောဆိုကြတာ ဖြစ်တယ်။ ပထမစဉ်းစားချက် သီအိုရီကတော့ အမျိုးသမီးတွေကို နေရာသာပေးလိုက်၊ သူတို့က မုဆိုးစိုင်သင် လုပ်ရင်းနဲ့ သင်ယူသွားလိမ့်မယ်။ အမျိုးသမီးတွေလည်း ယောက်ျားတွေလိုပဲ စဉ်းစားဆုံးဖြတ်တတ်တယ်၊ အရည်အချင်းရှိတယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်။ ဒုတိယ စဉ်းစားချက်ကတော့ အမျိုးသမီးတွေကို သေချာ ခွန်အား အာဏာ အရည်အချင်း မြှင့်တင်ပေး။ empowerment လုပ်။ ပြီးမှသာ နေရာပေးဆိုတဲ့ စဉ်းစားချက် ဖြစ်ပါတယ်။ ဒါပေမဲ့ လေ့လာတွေ့ရှိချက်တွေအရ အမျိုးသမီးတွေရဲ့ အားကောင်းချက်က သူတို့က အစဉ်အလာအရ မိသားစုကို ပြုစုစောင့်ရှောက်လာခဲ့ရသူတွေ ဖြစ်လေတော့ လူမှုရေးဆိုင်ရာ မူဝါဒချမှတ်ရေးတွေမှာ အားကောင်းတယ်။ လူမှုရေးကဏ္ဍကို ပိုလို့အလေးထားကြတယ်ဆိုတာ တွေ့ရတယ်လို့ ပြောပါတယ်။
တကယ်တော့ အမျိုးသမီးတွေကို နိုင်ငံဦးဆောင်မှု အခန်းကဏ္ဍမှာ မြင့်မြင့်မားမား နေရာပေးရေးဆိုတာ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ အမြော်အမြင်နဲ့လည်း အများကြီးဆိုင်တယ်လို့ ထင်မိပါတယ်။ (အောက်မှာ အပြည်ပြည်ဆိုင်ရာ ပါလီမန် လွှတ်တော်အမတ်များ သမဂ္ဂရဲ့ စီမံချက်ဖြစ်တဲ့ "ပါလီမန်တွင်းရှိ အမျိုးသမီးများ" Women in Parliament ဆိုတဲ့ စီမံချက်က အချက်အလက်တွေကို နှိုင်းယှဉ်ဖော်ပြထားပါတယ်။ အချို့ လူမှုအဖွဲ့အစည်းတွေက ရှေးရိုးစွဲဆန်၊ မဟာဖိုဝါဒ ရှိကြပါတယ်။ ဂျပန်လိုနိုင်ငံမျိုးမှာ အမျိုးသမီးအမတ် နည်းတာကို တွေ့ရပါလိမ့်မယ်။ အမေရိကန်မှာကတော့ အရင်းရှင်စီးပွားရေးစနစ် သဘော၊ အရည်အချင်းရှိသူ ဦးစားပေးပြိုင်ဆိုင်တဲ့ သဘောကြောင့် အမျိုးသမီးတွေ နေရာရမှု အားနည်းတာကို တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ စိတ်ဝင်စားစရာက ကွန်မြူနစ်/ ဆိုရှယ်လစ် အယူအဆ ရှိကြတဲ့ နိုင်ငံတွေမှာတော့ အမျိုးသမီး လွတ်မြောက်ရေး အယူအဆကြောင့် အမျိုးသမီးတွေ နေရာကောင်းကောင်း ပေးထားတာ တွေ့ရပါလိမ့်မယ်။ တရုတ်၊ ဗီယက်နမ်၊ လာအိုနိုင်ငံ လွှတ်တော်တွေကို ကြည့်ရင် တွေ့ရပါလိမ့်မယ်။ နိုင်ငံတခုမှာ အမျိုးသမီးတွေ ခေါင်းဆောင်နေရာရတာ တိုင်းပြည် ချမ်းသာကြွယ်ဝမှု၊ စီးပွားရေး/လူမှုရေး ဖွံ့ဖြိုးမှုနဲ့လည်း မဆိုင်လှပါဘူး။ ဥပမာ အရှေ့တီမောလို နိုင်ငံမျိုးမှာ အမတ်စုစုပေါင်း ၈၇ မှာ အမျိုးသမီး ၂၂ ရှိတာ (၂ဝဝ၅ စာရင်း) တွေ့ရပါလိမ့်မယ်။ ဖွံ့ဖြိုးဆဲနိုင်ငံ လာအိုနိုင်ငံမှာလည်း အမတ်စုစုပေါင်း ၁ဝ၉ မှာ အမျိုးသမီး ၂၅ ဦး ရှိတာ တွေ့ရပါလိမ့်မယ်။
တခါ အသွင်ကူးပြောင်းရေးကာလ ဖြတ်သန်းခဲ့တဲ့ နိုင်ငံတွေမှာတော့ နိုင်ငံတကာ အဖွဲ့အစည်း၊ ကုလသမဂ္ဂ စတဲ့ အင်အားစုတွေရဲ့ ပံ့ပိုးမှုနဲ့အတူ နိုင်ငံသစ်ချင်တဲ့ အနေအထားမှာ အမျိုးသမီးတွေကို အထူးနေရာပေးခဲ့ကြတာ တွေ့ရပါလိမ့်မယ်။ ဥပမာ - မျိုးဖြုတ်သတ်စစ်ပွဲတွေ ကြုံခဲ့တဲ့နိုင်ငံ ရဝမ်ဒါဆိုရင် အမတ် ၈ဝ မှာ အမျိုးသမီး လွှတ်တော်အမတ်က တဝက်နီးပါး နေရာရထားပါတယ်။
တကယ်တော့ နိုင်ငံကို တည်ထောင်ကြသူ ခေါင်းဆောင်တွေရဲ့ အမြော်အမြင်အပေါ် အများကြီး မူတည်နေပါတယ်။ ထိုင်းနိုင်ငံက ယခင်ဝန်ကြီးချုပ်ဟောင်း တက်ဆင်လက်ထက်မှာတောင် ထောင်စုနှစ် ဖွံ့ဖြိုးရေးဆိုင်ရာ ရည်မှန်းချက် MDGs တွေ အကောင်အထည်ဖော်ရေး စဉ်းစားကြတော့ သူတို့က အတန်ဖွံ့ဖြိုးပြီးလို့၊ ထောင်စုနှစ် ရည်မှန်းချက် အတော်များများလည်း ပြည့်မီနေပြီး ဖြစ်တော့ကာ၊ သူတို့က MDG Plus (ထောင်စုနှစ် ရည်မှန်းချက်တွေထက် အပို) ရည်မှန်းချက်တွေအဖြစ် ၂ဝဝ၄ ခုနှစ်မှာ ရည်မှန်းအိမ်မက်ခဲ့ကြပါသေးတယ်။ လက်တွေ့အကောင်အထည်ဖော်ဖို့ အကန့်အသတ်တွေ ရှိနေသေးပေးမယ့် အဲဒီအိပ်မက်တွေထဲမှာ "နိုင်ငံလွှတ်တော်ထဲ ရှိနေတဲ့ အမျိုးသမီး အရေအတွက်ကို  ၂ဝဝ၂-၂ဝဝ၆ အတွင်း ၂ ဆ တိုးတက်လာစေရေး၊ ဒေသဆိုင်ရာ အစိုးရတွေ (မြို့ပိုင်၊ ခရိုင်ပိုင်) နေရာတွေနဲ့ ထိပ်တန်း အုပ်ချုပ်ရေး ရာထူးတွေမှာ အမျိုးသမီးအရေအတွက် ၂ ဆ တိုးလာစေရေး" ချမှတ် လုပ်ဆောင်ခဲ့ပါသေးတယ်။
မြန်မာနိုင်ငံမှာ ခဝတ၊ မဝတ ဥက္ကဋ္ဌတွေထဲမှာ အမျိုးသမီး ဘယ်နှဦး ရှိပါသလဲ။ အခု အသစ်ပေါ်ထွက်လာတဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး ကဏ္ဍတွေမှာလည်း အမျိုးသမီးမြို့ပိုင်၊ နယ်ပိုင်တွေ ဘယ်လောက်ရှိလာမှာလဲ။ ဒီပြဿနာရဲ့ ရေသောက်မြစ်ကတော့ မြန်မာနိုင်ငံကတော့ စစ်ရေး-လုံခြုံရေး အသားပေးဝါဒ၊ တို့ယောက်ျားတွေကသာ စွမ်းနိုင်တယ်ဆိုတဲ့ မဟာဖိုဝါဒထဲက မထွက်နိုင်ကြသေးဘူး ဆိုနိုင်သလို၊ တဖက်မှာလည်း အမျိုးသမီးတွေ အခန်းကဏ္ဍ မြှင့်တင်ပေးဖို့ ဘယ်လောက် ပျက်ကွက်နေတယ် ဆိုတာလည်း တွေ့ရပါလိမ့်မယ်။
စီဒေါနဲ့ ကျား-မတန်းတူမှု အကောင်အထည်ဖော်ရေး
မြန်မာနိုင်ငံက အမျိုးသမီးများအပေါ် နည်းပေါင်းစုံနဲ့ ခွဲခြားဖိနှိပ်ဆက်ဆံမှုများ အဆုံးသတ်စေရေး နိုင်ငံတကာ သဘောတူညီချက် CEDAW ကို ၁၉၉၇ ခုနှစ်ကတည်းက သဘောတူညီ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ယေဘုယျအားဖြင့် လူမှုအဖွဲ့အစည်းတွေမှာ အမျိုးသမီးတွေ ကြုံရလေ့ရှိတာ၊ နစ်နာနေကြတာဖြစ်တဲ့ ပြဿနာတွေက လုပ်သားနေရာချမှုမှာ ပါဝင်မှု ရာခိုင်နှုန်းနည်းပါတယ်။ အမျိုးသမီးတွေ လုပ်ငန်းခွင်မှာ နေရာမရနိုင်တာ၊ အလုပ်ရပြန်ရင်လည်း လုပ်ခနည်း၊ အချိန်ရှည် အလုပ်မျိုး ဖြစ်တတ်ပါတယ်။ အဆင့်မြင့် ရာထူးရာခံတွေအတွက်ဆိုရင် အမျိုးသမီးတွေ ပါဝင်မှုက ပိုနည်းနေတတ်ပါတယ်။ လိင်ကွဲပြားမှုအပေါ် ဖြစ်တဲ့ အကြမ်းဖက်မှုတွေ၊ အိမ်တွင်း အကြမ်းဖက်မှုတွေလည်း ကြုံရတတ်ပါတယ်။ အဲဒါအပြင် သူတို့ကိုယ်သူတို့ ကာကွယ်ခုခံမှု မလုပ်နိုင်အောင် ခွန်အား အာဏာလည်း နည်းနေတတ်ကြပါတယ်။
ဒီနေရာတွေမှာ ဖြစ်တတ်တာက ရာထူးခန့်ထားရေး ကော်မတီမှာ ဦးဆောင်နေတာ ယောက်ျားတွေချည်း ဖြစ်တတ်ပါတယ်။ မြန်မာနိုင်ငံ ရာထူးဝန်ချုပ်၊ ဝန်ထမ်းရွေးချယ် လေ့ကျင့်ပေးရေး အဖွဲ့ဆိုတာက စစ်ဗိုလ်ဟောင်းတွေ၊ ယောက်ျားတွေချည်း ဦးဆောင်တာ ဖြစ်ပါတယ်။ တခါ မြန်မာနိုင်ငံ အစိုးရဖွဲ့စည်းပုံမှာက အမျိုးသမီးတွေက နစ်နာတယ်ထင်လို့ရှိရင် တိုင်ကြားနိုင်တဲ့ အွန်ဘာ့မင့်ရုံး Ombudsman လို၊ ကျား-မ လိင်ကွဲပြားမှု တန်းတူရေးရုံး Gender Equality Office/ Balancing Committee လိုမျိုးလည်း မရှိပါဘူး။ အဲဒီတော့ လူမှုအသိုင်းအဝိုင်းက လက်ခံထားချက်၊ လက်တွေ့ အခက်အခဲတွေ အများကြီး ရှိနေပါတယ်။ ဒါမှမဟုတ်ရင်လည်း တချို့နိုင်ငံတွေမှာတော့ အစိုးရဝန်ထမ်းတွေက သမဂ္ဂတွေ ဖွဲ့ပိုင်ခွင့် ရှိကြပြီး၊ နစ်နာရင် စုပေါင်းအရေးဆိုတာမျိုး လုပ်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အလုပ်သမားသမဂ္ဂတွေလည်း မရှိပြန်ပါဘူး။
ဒါဆိုရင် အမျိုးသမီးတွေ အရည်အသွေး မြှင့်တင်ရေးအတွက် အစိုးရက အစီအစဉ်ချ လုပ်ဆောင်နေပါသလား။ အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေလည်း အစိုးရဆီမှာ မရှိနေပြန်ပါဘူး။ တကယ်တော့ အမျိုးသမီးတွေကို တကယ်နေရာ ပေးချင်တယ်ဆိုရင် တည်ရှိနေတဲ့ အကန့်အသတ်-အတားအဆီးတွေကို တဖက်က လျှော့ချပေးဖို့ လိုအပ်သလို၊ တဖက်ကလည်း သူတို့ စိတ်ဝင်စားမှုနဲ့ အရည်အသွေးကို မြှင့်တင်ပေးနေရမှာပါ။ ဒီနေရာမှာ CEDAW ကော်မတီက မြန်မာနိုင်ငံ တည်ဆဲဥပဒေတွေထဲမှာ CEDAW နဲ့ အညီ မြန်မာနိုင်ငံ ရာဇဝတ်ဥပဒေ၊ တရားမဥပဒေ၊ တည်ဆဲဥပဒေတွေကို စိစစ်ပြင်ဆင်ဖို့ အကြံပေးထားတာ ကြာပါပြီ။ ဦးထွန်းထွန်းဦးနဲ့ ကျန် အမျိုးသား ၆ ဦး ဦးဆောင်တဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဒီကိစ္စတွေကို စိစစ်ကြမှာလား၊ ရှေ့နေချုပ်တွေက ဒီကိစ္စတွေ ဆောင်ရွက်ကြမှာလား... ဆိုတာ စဉ်းစားကြည့်တော့ ဦးစားပေးအစီအစဉ်မှာ ရှိဟန်မတူပါဘူး။
ဒါတင်မကပါဘူး။ လူမှုအဖွဲ့အစည်းကို တကယ်ပြောင်းလဲချင်တယ်ဆိုရင် လုပ်ဆောင်စရာ ကိစ္စတွေက အများအပြား ရှိနေပါသေးတယ်။ ပညာရေးကဏ္ဍမှာ လိင်ကွဲပြားမှုအပေါ် အလေးထားတဲ့ ပညာရေးသင်ရိုးညွှန်းတန်းတွေ ဖြစ်လာစေရေး၊ အစိုးရဌာနတွေနဲ့ လုပ်ငန်းခွင်တွေမှာ လိင်ကွဲပြားမှုအပေါ် အလေးထားတတ်ဖို့ Gender sensitivity education သင်တန်းတွေပေးဖို့ လိုအပ်နေပါသေးတယ်။ အမျိုးသမီးတွေဘဝ တကယ်မြင့်တက်လာအောင်လည်း အပြုသဘော ဆောင်ရွက်ချက်တွေ affirmative actions တွေ လိုအပ်နေပါတယ်။ နေပြည်တော် ဒီဇိုင်းအသစ်က ဒီလိုစဉ်းစားချက်တွေ ရှိပါရဲ့လား။ မေးခွန်းထုတ်စရာပါ။
တကယ်တော့ နိုင်ငံရေးဆိုတာ အာဏာကို ပိုမိုတိုးတက်လာစေရေး ဆောင်ရွက်ကြတာချည်း မဟုတ်ပါဘူး။ အတူတကွ နိုင်ငံကို တည်ဆောက်ကြရတာပါ။ တိုင်းရင်းသားနဲ့ ဗမာတွေနဲ့မှ မဟုတ်။ ကျားနဲ့ မ တန်းတူရည်တူ လက်တွဲပြီး တည်ဆောက်ဖို့လည်း လိုအပ်နေကြောင်းပါ။
ကချင်ကို စစ်အင်အားသုံး ဖြေရှင်းမည်ဟု စရဖ ခြိမ်းခြောက်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ချင်းမိုင် (မဇ္စျိမ) ။        ။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကို စစ်အင်အားသုံး ဖြေရှင်းမည်ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဘက်ရေးရာ လုံခြုံရေးတပ် ဒုဗိုလ်မှူးကြီးသက်ပုံက အကြိမ်ကြိမ် ခြိမ်းခြောက်ပြောဆိုကြောင်း KIO သတင်းရပ်ကွက်က ပြောသည်။ 
ဒုဗိုလ်မှူးကြီးသက်ပုံက မြစ်ကြီးနားရှိ KIO ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးကြီး ဂျီးနောင်ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ ညနေပိုင်းတွင် မြစ်ကြီးနားမြို့ပြင်ရှိ စရဖ ရုံးတွင် တွေ့ဆုံကာ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့ အကောက်ခွန်ရုံးရှေ့တွင် အဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲနိုင်သော အပြင်းစား TNT ယမ်းမှုန့်ဖြင့် ပြုလုပ်ထားသော မိုင်းဗုံး ၁ဝ လုံးကို တွေ့ရှိပြီးနောက် KIO လက်ချက်ဟုလည်း ဒုဗိုလ်မှူးကြီးသက်ပုံက စွပ်စွဲလိုက်သည်။
“KIO က အခုလို လုပ်လာတဲ့အတွက် နိုင်ငံတော် အစိုးရအနေနဲ့ စစ်အင်အားသုံး ဖြေရှင်းမယ်ဆိုတာ အကြိမ်ကြိမ် ပြောတယ်။ ဒီဗုံးက KIO လုပ်ဗုံးဖြစ်တယ်၊ အစိုးရကို ရန်စတာဖြစ်တယ်၊ (KIO လက်အောက်ခံတပ်) KIA တပ်မဟာ ၃ ရဲ့ လက်ချက်ဖြစ်တယ်ဆိုပြီး စွပ်စွဲတာ” ဟု KIO အရာရှိတဦးက မဇ္ဈိမကို ပြောသည်။
အစိုးရအနေဖြင့် စိတ်ရှည်သည်းခံနိုင်သည့် အတိုင်းအတာ ကုန်လာပြီဟု ဒုဗိုလ်မှူးကြီးသက်ပုံက ပြောခဲ့သေးသည်။
စရဖ-KIO တွေ့ဆုံပွဲနှင့် ပတ်သက်ပြီး KIO ဗဟိုကော်မတီဝင်များ အရေးပေါ် အစည်းအဝေးကို အင်္ဂါနှင့် ဗုဒ္ဓဟူးတွင် လိုင်ဇာဌာနချုပ်၌ ပြုလုပ်ကြောင်း KIO အရာရှိတဦးက ပြောသည်။
မိုင်းဗုံးများ တွေ့ရှိရာ ဒေသသည် KIA တပ်မဟာ ၃ ထိန်းချုပ်နယ်မြေထဲတွင် ဖြစ်သည်။ သို့သော် KIO ဗုံးမဟုတ်သလို၊ စစ်အစိုးရ လုပ်ကြံမှုဟု KIO လိုင်ဇာမြို့ ဌာနချုပ်မှ အဆိုပါ အရာရှိက တုံ့ပြန်စွပ်စွဲလိုက်သည်။
“ကျနော်တို့ဗုံး မဟုတ်ဘူး၊ သိလည်း မသိဘူး။ ဒါက သူ့တို့ အကြံနဲ့ လုပ်တာပဲ။ တပ်မဟာ ၃ အောက် တပ်ရင်း ၁၅ ဆိုပြီး ရေးထားပြီးတော့ ကျနော်တို့ သွားထားသလို လုပ်တာ။ ကျနော်တို့က အဲဒီလို မညစ်ပတ်ဘူး။ ကျနော်တို့ကို နာမည်ပျက်အောင် လုပ်ချင်တာလေ” ဟု သူက ပြောသည်။
ဒုဗိုလ်မှူးကြီးသက်ပုံက သိမ်းဆည်းရမိသည့် ဗုံးများနှင့် ဆက်စပ်ပစ္စည်းများ၏ ဓာတ်ပုံများအား ပြသခဲ့ပြီး၊ ပြီးခဲ့သည့်နှစ် မိုးမောက်၊ မြစ်ဆုံ၊ မြစ်ကြီးနား-မန္တလေး မီးရထားလမ်းတွင် တွေ့ရှိသော မိုင်းများနှင့် အရွယ်အစား၊ အမျိုးအစား တူနေသည်ဟုလည်း ပြောဆိုခဲ့ကြောင်း KIO အရာရှိက ပြန်ပြောပြသည်။
ထို့ပြင် ပြီးခဲ့သည့်လ ၇ ရက်နေ့တွင် မန်စီမြို့နယ် KIA တပ်ရင်း ၁၇ နှင့် စစ်အစိုးရတပ်အကြား ပစ်ခတ်မှုကို KIO စတင်ပစ်ခတ်ခဲ့မှုအဖြစ် စရဖ က အစည်းအဝေးတွင် ပြောခဲ့သေးသည်။
စစ်အစိုးရ၏ ဖိအားပေးမှုကို စုပေါင်းကာကွယ်ရန်အတွက် အပစ်ရပ်နှင့် အပစ်မရပ် တိုင်းရင်းသားအဖွဲ့ ၁၂ ဖွဲ့ ပါသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီကို ပြီးခဲ့သည့်လ ၁၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့ရာ KIO ပါဝင်နေသဖြင့် စစ်တပ်ခေါင်းဆောင်များ အလိုမကျ ဖြစ်နေသည်ဟုလည်း ဆိုခဲ့သည်။
“သူ ပြောတယ်၊ အခု အစည်းအဝေး ဆုံးဖြတ်ချက်ပေါ် မူတည်တယ်တဲ့။ ဦးဂေါင်ရီဇော်ဆိုင်း သီးခြားအဖွဲ့တွေနဲ့ ပြန်ဖွဲ့တဲ့အတွက် နေပြည်တော်က လူကြီးတွေ စိတ်ကသိကအောင့် ဖြစ်နေတယ်။ သည်းခံစိတ် ကုန်လာပြီလို့ပဲ ပြောတယ်” ဟု KIO အရာရှိက ပြောဆိုသည်။
ဖက်ဒရယ်ကောင်စီတွင် ဒုဥက္ကဋ္ဌ ၁ အဖြစ် KIO ဒုဗိုလ်ချုပ်ကြီး ဂေါင်ရီဇော်ဆိုင်းက တာဝန်ယူထားသည်။
အင်းစိန်ဗုံး မသင်္ကာသူကို ရဲ ရှာနေ
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
နယူးဒေလီ (မဇ္ဈိမ) ။         ။ လူ ၈ ဦး ဒဏ်ရာရသွားခဲ့သော အင်းစိန်မြို့နယ် အောင်ဇေယျအိမ်ယာအတွင်း တနင်္ဂနွေနေ့ ဗုံးပေါက်မှုနှင့် ပတ်သက်ပြီး မသင်္ကာသည့် 'စောမြင့်အောင်' ဆိုသူကို ရဲက စုံစမ်းရှာဖွေနေသည်။
မဇ္ဈိမ ရရှိထားသော ရဲလျှို့ဝှက် ထုတ်ပြန်ချက်အရ ဗုံးကိုသယ်ဆောင်သူဟု စွပ်စွဲခံထားရသော အဖမ်းခံရသူ ကိုဇော်မင်းသန်းနှင့်အတူ ဧည့်စာရင်းတိုင် နေထိုင်သည့် 'စောမြင့်အောင်' ၏ မှတ်တမ်းဓာတ်ပုံများကို ရပ်ကွက်၊ မြို့နယ်၊ ရဲစခန်းများသို့ ဖြန့်ဝေ၍ ရှာဖွေနေခြင်း ဖြစ်သည်။ မှတ်တမ်းများအရ 'စောမြင့်အောင်' သည် ကာယအလှ အားကစားသမားဟု ယူဆရသည်။
"အခုရက်ပိုင်း ဧည့်စာရင်းတွေ ကြပ်ကြပ်မတ်မတ်
zmt
မဇ္ဈိမက ရရှိထားသော ရဲလျှို့ဝှက် ထုတ်ပြန်ချက်
စစ်ဆေးနေပါတယ်။ ဧည့်စာရင်းတိုင်တဲ့ အထဲမှာ ဒီလူ ပါတယ်၊ မပါဘူးဆိုတာ စစ်တယ်။ ဒီလူဟာလည်း ဖောက်ခွဲရေးသမားတဦး ဖြစ်နိုင်တယ်လို့ သံသယရှိသူ ဖြစ်နေပါတယ်။ ဒီအတိုင်းပဲ အထက်က ညွှန်ကြားလာတာပါ။ ဓာတ်ပုံမှတ်တမ်းတွေကို ရပ်ကွက်ရုံးတွေကိုလည်း ဝေငှထားပါတယ်။ ဒါပေမဲ့ ဒီကိစ္စက လျှို့ဝှက်အဆင့် ဖြစ်ပါတယ်" ဟု လှိုင်သာယာမြို့နယ် တာဝန်ကျ ရဲအရာရှိက မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့်လ ၂၇ ရက်နေ့၊ ည ၇ နာရီကျော်တွင် အင်းစိန်မြို့ အောင်ဇေယျ အိမ်ယာဝင်းရှိ တိုက်အမှတ် ၁ နှင့် ၂ ကြား၊ အိရွှေစင်စတိုးဆိုင်ဘေး ဗုံးကွဲကြောင်း ယခုလ ၁ ရက်နေ့ထုတ် အစိုးရသတင်းစာ၌ ပါရှိခဲ့ပြီး၊ မသင်္ကာသူနှင့်အတူ ၈ ဦး ဒဏ်ရာရရှိသည်ဟု ဆိုထားသည်။
ဒဏ်ရာရသူ ကိုဇော်မင်းသန်း နေထိုင်ရာ တိုက် ၄ အခန်း ၅ဝ၂ တွင် ဝင်ရှာရာ ဖော့ဘူးနှင့်ထည့်လျက် တပ်ဆင်ထားသော ဒီတိုနေတာ တခု၊ ဓာတ်ခဲ ၄ လုံး၊ နာရီတလုံး၊ စက္ကူအဝါပတ်ထားသည့် အလျား ၂ လက်မခွဲ၊ အနံ တလက်မခွဲခန့်ရှိ TNT ယမ်းတထုပ် ပါရှိသော လက်လုပ်ဗုံးတလုံးနှင့် (အလျား ၅ လက်မ x အနံ ၃ လက်မ X အမြင့် ၃ လက်မ) ရှိ စက္ကူဘူးအတွင်း ဒီတိုနေတာ ၆ ခု၊ ဝိုင်ယာ အဟောင်း ၂ ခွေ၊ ဓာတ်ခဲ ၄ လုံး သိမ်းဆည်းရမိကြောင်း သတင်းစာတွင် ဖော်ပြထားသည်။
မင်းသားကြီး မလုပ်ရ ရင် ပတ်မ ကြီးထိုးဖောက်မယ်
လွှတ်တော် တက်နေ တဲ့ အမတ်မင်းတွေ သတိသာထားကြ မင်းသားကြီး မလုပ်ရင် လွှတ်တော်
ထိုးဖောက် အဲလေ (ပတ်မကြီး ထိုးဖောက် မယ် လို့ ကြားတယ်) အမတ် တွေ လွှတ်တော်တက်
ရင် ရေလက်ကြားက လစ်ဗျား မှာ သတင်းယူသလို ကျဉ်ကာ အကျီတွေ ၊ဓာတ်ငွေ့ ကာ
မျက်နှာဖုံး တွေ ၀တ်သွား သင့်တယ်။
နေရွှေသွေးအောင် သည် အာဏာဆက်ခံ ရေး အတွက် အကြီးအကျယ် ကန့် ကွက် ခံရသည်မှာ ဦးလေးယောက် ဖ မောင်တေဇ စနက်ကြောင့် ဟု သူက ယုံမှတ် သည် ။တေဇ သည် လေရူးသုန်သုန် ထဲ က ဇာတ်ကောင် ဘတ်တလာ လို ယောက္ခမတွေ ဘာတွေ သိပ်ခေါင်းထဲ မသွင်း ဟု ဆိုသည်။ ငွေ သည် အာဏာကို ဖြစ်စေ၏ ဟု လည်း သူက ယုံမှတ်၏
အဖိုးဖြစ်သူ ၏ အရိုက်အရာကို လွယ်ကူ ချောမွေ့ စွာမဆက် ခံ နိုင်သဖြင့် ဒေါမာန် ဟုန် ထနေ သည့် နေရွှေသွေးအောင်
လိပ်ဖိုးဖိုး နဲ့ လိပ်မြေးလေး
မြန်မာ့ လူ့အခွင့်အရေး အခြေအနေ ကင်တားနား မကြာမီ အစီရင်ခံမည်
အင်္ဂါ, 01 မတ် 2011
ထပ်ဆင့် ဖြန့်ဝေရန်
၁၆ ကြိမ်မြောက် ကျင်းပတဲ့ လူ့အခွင့်အရေး ညီလာခံအတွင်း လာမယ့် မတ်လ ၁၄ ရက်နေ့မှာတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား (Mr. Thomas Ojea Quintana) က မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးကောင်စီကို အစီရင်ခံ တင်ပြဖို့ ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေ လုပ်ပါ့မယ်၊ နိုင်ငံရေး အကျဉ်းသားတွေကိုလည်း လွှတ်ပေးပါ့မယ်လို့ မြန်မာအာဏာပိုင်တွေက ကတိက၀တ် ပြုခဲ့ပေမဲ့ မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေး တိုးတက်မှုတွေ ဘာမှ မတွေ့ရသေးဘူးလို့ မစ္စတာ ကင်တားနားက သုံးသပ်ထားပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ လွှတ်တော်ခေါ်ယူပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်လို့ ဆိုပေမဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ တိုးတက်မှုကို အခုအချိန်အထိ မမြင်ရသေးဘူးလို့ မစ္စတာ ကင်တားနားက ပြောပါတယ်။ လာမယ့် အစိုးရသစ်၊ အာဏာပိုင်သစ် အနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အစိုးရ လုပ်ငန်းစဉ်တွေထဲမှာ အစီအစဉ်တခု အနေနဲ့ ထားသင့်သလို ကုလသမဂ္ဂနဲ့လည်း ပူးပေါင်း ဆောင်ရွက်သင့်တယ်လို့ သူက အကြံပြုပါတယ်။ ဒါပေမဲ့ အခုအချိန်အထိတော့ အားရစရာ မတွေ့သေးပါဘူးလို့ သူက အခုလို ပြောပါတယ်။
“မြန်မာအစိုးရ အနေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွေ လုပ်ပါ့မယ်လို့ ကတိပြုထားပေမဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်ပြောင်းလဲမှု မရှိပါဘူး။ မြန်မာနိုင်ငံတွင်း အကျဉ်းထောင် အသီးသီးမှာ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေတုန်းပါပဲ။ လွှတ်တော်ခေါ်ယူပြီ ဆိုတာနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပါ့မယ်လို့ မြန်မာအာဏာပိုင်တွေက ကတိပေးခဲ့တာ ရှိပါတယ်။
“ကျနော့်အနေနဲ့တော့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာတာ မတွေ့ရသေးပါဘူး။ ဒါပေမဲ့ အသစ်တက်လာမယ့် မြန်မာအာဏာပိုင်တွေ အနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ စဉ်းစားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့် အာဏာပိုင် အသစ်က လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ဘယ်လိုကိုင်တွယ်မလဲ ဆိုတာလည်း စောင့်ကြည့်ချင်ပါတယ်။”
မစ္စတာ ကင်တားနား အနေနဲ့ မြန်မာ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို သွားရောက်လေ့လာဖို့ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် အခု လူ့အခွင့်အရေးကောင်စီကို တင်ပြတဲ့အခါ လက်ရှိ မြန်မာနိုင်ငံတွင်း အခြေအနေတွေကို ထင်ဟပ်နိုင်ပါ့မလား စဉ်းစားစရာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံ မသွားနိုင်ပေမဲ့ အိမ်နီးချင်း ဒေသတွင်းအထိ သွားပြီး လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ လေ့လာစုံစမ်းတာတွေ၊ အချက်အလက် စုဆောင်းတာတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။
“အရှေ့တောင်အာရှ ဒေသကနေ ကျနော် မကြာခင်ကပဲ ပြန်လာတာပါ။ မလေးရှားနိုင်ငံကိုလည်း ရောက်ပါတယ်။ မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံ မေးမြန်းတာတွေ လုပ်ခဲ့ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကြောင့် ထွက်ပြေးလာသူတွေပါ။ အခု အစီရင်ခံစာ တင်သွင်းတဲ့အခါ ဒီကိစ္စတွေကလည်း တစိတ်တပိုင်း ပါဝင်ပါလိမ့်မယ်။ တခြား အကြောင်းရပ်တွေနဲ့လည်း သတင်းအချက်အလက်တွေ စုဆောင်း ရရှိခဲ့ပါတယ်။ ဒီ ရထားတဲ့ အချက်အလက်တွေနဲ့ လူ့အခွင့်အရေးကောင်စီကို အစီရင်ခံစာ တင်သွင်းမှာ ဖြစ်ပါတယ်။”
အခုတင်ပြမယ့် အချက်အလက်တွေကို မြန်မာအာဏာပိုင်တွေကို ပေးပို့ခဲ့တာကြောင့်လည်း မြန်မာအာဏာပိုင်တွေဘက်က ပြန်လည်ချေပနိုင်တဲ့ အခြေအနေ အခွင့်အလမ်း ရှိတာကြောင့် သူ့ဘက်ကတော့ အတတ်နိုင်ဆုံး မျှမျှတတဖြစ်အောင် လုပ်ခဲ့တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။
“အခု ကျနော်ရေးထားတဲ့ လူ့အခွင့်အရေးကောင်စီကို တင်ပြမယ့် အစီရင်ခံစာကို မြန်မာအာဏာပိုင်တွေကိုလည်း ပေးပို့ထားပါတယ်။ သူတို့ဘက်က တစုံတရာ တုံ့ပြန်မှု ရှိမရှိတော့ မသိရသေးပါဘူး။ ဒါပေမဲ့ ကျနော် တင်ပြ အစီရင်ခံမယ့် အကြောင်းအရာတွေကို သူတို့ဘက်က ပြန်လည် တုံ့ပြန်နိုင်တဲ့ အခွင့်အလမ်း ရှိပါတယ်။
“တကယ်တော့ အခု လူ့အခွင့်အရေးကောင်စီ အစည်းအဝေး မတိုင်ခင် မြန်မာနိုင်ငံကို သွားရောက်နိုင်ဖို့ မြန်မာအာဏာပိုင်တွေကို ခွင့်တောင်းခဲ့ပါတယ်။ အစိုးရသစ် ဖွဲ့ရေးနဲ့ အလုပ်ရှုပ်နေတာမို့ ကျနော့်ခရီးစဉ်ကို စီစဉ်မပေးနိုင်ဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းတော့ မြန်မာနိုင်ငံကို သွားခွင့်ရမယ်လို့ မျှော်လင့်ပါတယ်။”
မြန်မာနိုင်ငံတွင်း အခြေအနေတွေဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေကို ချိုးဖောက်မှု ရှိမရှိ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဖို့ မစ္စတာ ကင်တားနားက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို မနှစ်တုန်းက အကြံပြုခဲ့ပါတယ်။ ဒီအကြံပြုချက်ကို အခြေခံပြီး ကုလသမဂ္ဂ အတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုတွေ ရှိနေပြီး ဒီအပေါ် မြန်မာအာဏာပိုင်တွေဘက်က ဘယ်လို လိုက်ပါ ပူးပေါင်းဆောင်ရွက်မလဲ ဆိုတာ အရေးကြီးတယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။
“ဒီကိစ္စအပေါ် အရင်ဆုံး တာဝန်ရှိတာကတော့ အစိုးရ အာဏာပိုင်တွေ ကိုယ်တိုင် ဖြစ်ပါတယ်။ တပြိုင်တည်းမှာလည်း အစိုးရ အာဏာပိုင်တွေဘက်က အခုလို တာဝန်ယူနိုင်အောင် ကုလသမဂ္ဂဘက်က အကူအညီ၊ အထောက်အပံ့ ပေးဖို့လည်း ကုလသမဂ္ဂမှာ တာဝန်ရှိပါတယ်။ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းဖို့ ကိစ္စဟာ အခု ဂျီနီဗာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာတင် မဟုတ်ပါဘူး၊ နယူးယောက်ခ် ကုလသမဂ္ဂ အထွေထွေ ညီလာခံကိုပါ တင်ပြထားပါတယ်။ ဒါဟာ ဆွေးနွေးဆဲအဆင့်မှာ ရှိပါတယ်။ တနည်းမဟုတ်တနည်း ဘယ်လိုပုံစံနဲ့ လုပ်ဆောင်မလဲ ဆိုတာကို စောင့်ကြည့်ရမှာပါ။”
စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ ကိစ္စကိုတော့ ဥရောပ၊ အမေရိကန် အပါအ၀င် အနောက်နိုင်ငံ အတော်များများက ထောက်ခံထားပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို မဲခွဲဆုံးဖြတ်တာမျိုး၊ ဆုံးဖြတ်ချက်တွေမှာ ထည့်သွင်းတာမျိုးတွေကိုတော့ ပြီးခဲ့တဲ့ တနှစ်လုံး မတွေ့ရသေးပါဘူး။
အခု လစ်ဗျားကိစ္စ အပါအ၀င် အရှေ့အလယ်ပိုင်းက လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ လုံခြုံရေးကောင်စီ၊ အထွေထွေညီလာခံနဲ့ အခြား ကုလသမဂ္ဂ အေဂျင်စီတွေ အားလုံး ပူးပေါင်းစဉ်းစား ကိုင်တွယ်နေတာကြောင့် ကမ္ဘာအ၀န်းက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုပ်ငန်းစဉ်တွေ အတွင်းမှာ ထိရောက်တဲ့ စနစ်တွေ၊ ပူးပေါင်း ဆောင်ရွက်မှုမျိုးတွေ ပေါ်လာမလား ဆိုတာဟာလည်း စိတ်ဝင်စားစရာ ရှိနေတယ်လို့ မစ္စတာ ကင်တားနားက သုံးသပ်ပြောခဲ့ပါတယ်။