2011年3月2日水曜日

အင်းစိန်ဗုံး မသင်္ကာသူကို ရဲ ရှာနေ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။         ။ လူ ၈ ဦး ဒဏ်ရာရသွားခဲ့သော အင်းစိန်မြို့နယ် အောင်ဇေယျအိမ်ယာအတွင်း တနင်္ဂနွေနေ့ ဗုံးပေါက်မှုနှင့် ပတ်သက်ပြီး မသင်္ကာသည့် 'စောမြင့်အောင်' ဆိုသူကို ရဲက စုံစမ်းရှာဖွေနေသည်။

မဇ္ဈိမ ရရှိထားသော ရဲလျှို့ဝှက် ထုတ်ပြန်ချက်အရ ဗုံးကိုသယ်ဆောင်သူဟု စွပ်စွဲခံထားရသော အဖမ်းခံရသူ ကိုဇော်မင်းသန်းနှင့်အတူ ဧည့်စာရင်းတိုင် နေထိုင်သည့် 'စောမြင့်အောင်' ၏ မှတ်တမ်းဓာတ်ပုံများကို ရပ်ကွက်၊ မြို့နယ်၊ ရဲစခန်းများသို့ ဖြန့်ဝေ၍ ရှာဖွေနေခြင်း ဖြစ်သည်။ မှတ်တမ်းများအရ 'စောမြင့်အောင်' သည် ကာယအလှ အားကစားသမားဟု ယူဆရသည်။

"အခုရက်ပိုင်း ဧည့်စာရင်းတွေ ကြပ်ကြပ်မတ်မတ်
zmt
မဇ္ဈိမက ရရှိထားသော ရဲလျှို့ဝှက် ထုတ်ပြန်ချက်
စစ်ဆေးနေပါတယ်။ ဧည့်စာရင်းတိုင်တဲ့ အထဲမှာ ဒီလူ ပါတယ်၊ မပါဘူးဆိုတာ စစ်တယ်။ ဒီလူဟာလည်း ဖောက်ခွဲရေးသမားတဦး ဖြစ်နိုင်တယ်လို့ သံသယရှိသူ ဖြစ်နေပါတယ်။ ဒီအတိုင်းပဲ အထက်က ညွှန်ကြားလာတာပါ။ ဓာတ်ပုံမှတ်တမ်းတွေကို ရပ်ကွက်ရုံးတွေကိုလည်း ဝေငှထားပါတယ်။ ဒါပေမဲ့ ဒီကိစ္စက လျှို့ဝှက်အဆင့် ဖြစ်ပါတယ်" ဟု လှိုင်သာယာမြို့နယ် တာဝန်ကျ ရဲအရာရှိက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့်လ ၂၇ ရက်နေ့၊ ည ၇ နာရီကျော်တွင် အင်းစိန်မြို့ အောင်ဇေယျ အိမ်ယာဝင်းရှိ တိုက်အမှတ် ၁ နှင့် ၂ ကြား၊ အိရွှေစင်စတိုးဆိုင်ဘေး ဗုံးကွဲကြောင်း ယခုလ ၁ ရက်နေ့ထုတ် အစိုးရသတင်းစာ၌ ပါရှိခဲ့ပြီး၊ မသင်္ကာသူနှင့်အတူ ၈ ဦး ဒဏ်ရာရရှိသည်ဟု ဆိုထားသည်။

ဒဏ်ရာရသူ ကိုဇော်မင်းသန်း နေထိုင်ရာ တိုက် ၄ အခန်း ၅ဝ၂ တွင် ဝင်ရှာရာ ဖော့ဘူးနှင့်ထည့်လျက် တပ်ဆင်ထားသော ဒီတိုနေတာ တခု၊ ဓာတ်ခဲ ၄ လုံး၊ နာရီတလုံး၊ စက္ကူအဝါပတ်ထားသည့် အလျား ၂ လက်မခွဲ၊ အနံ တလက်မခွဲခန့်ရှိ TNT ယမ်းတထုပ် ပါရှိသော လက်လုပ်ဗုံးတလုံးနှင့် (အလျား ၅ လက်မ x အနံ ၃ လက်မ X အမြင့် ၃ လက်မ) ရှိ စက္ကူဘူးအတွင်း ဒီတိုနေတာ ၆ ခု၊ ဝိုင်ယာ အဟောင်း ၂ ခွေ၊ ဓာတ်ခဲ ၄ လုံး သိမ်းဆည်းရမိကြောင်း သတင်းစာတွင် ဖော်ပြထားသည်။

0 件のコメント:

コメントを投稿