2011年7月18日月曜日

အာဇာနည်နေ့ တို့မမေ့ပါ

၁၉၊၇၊၂၀၁၁                                       ယနေ့သည် (၆၄)နှစ်မြောက် အာဇာနည်နေ့ ဖြစ်ပါတယ်။ဒီဘလော့ခ် ကနေ အာဇာနည်ခေါင်းဆောင်ကြီးများကို ဦးညွှတ်ဂါရဝပြုပါတယ်။ကောင်းရာ ဘုံဘဝရောက်ပါစေကြောင်း ဆုမွန်ကောင်း ပို့သပါတယ်။နိုင်ငံတိုင်းမှာ လေးစားဂုဏ်ပြုထိုက်သော အာဇာနည်ကြီးများ ရှိပါတယ်။တလေးတစား အလေးထားနေကြတာ မြင်တွေ့နေရတာ ဂုဏ်ယူမိပါတယ်။မိမိတို့ နိုင်ငံတွင်တော့ အာဇာနည်ကြီးများအား မှေးမှိန်အောင် လုပ်ဆောင်နေတာ ရှက်စရာအလွန်ကောင်းပါတယ်။သမိုင်းကြောင်းတွေလည်း ဖျောက်ဖျက်နေကြပါတယ်။ယခုခေတ်တွင် အာဇာနည်ဆိုလျှင် အဆိုတော်Rဇာနည်ကိုသာ လူငယ်များ သိရှိကြတော့တာ ဝမ်းနည်းစရာ ကောင်းလွန်းလှပါတယ်။အစိုးရက ထိုသို့ဖြစ်အောင် နှစ်နဲ့ချီ စနစ်ကျကျ လုပ်ဆောင်ခဲ့တာပါ။သမိုင်းကြောင်းကို ဘယ်လိုပင်ဖျောက်ဖျောက် ပြောက်ပျက်မသွား နိုင်ပါဘူး။လက်ရှိအစိုးရသည် မကောင်းမှုပေါင်း သရဖူဆောင်းထားသူများ ဖြစ်နေတော့ ကောင်းတာတွေပြည်သူ့အတွက်တွေဘဲ လုပ်ဆောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးတွေကို မကြားချင်၊မသိချင်တော့ မနာလိုမှုတွေနဲ့ အာဇာနည်ကြီးတွေကို မှေးမှိန်သွားအောင် ဆက်လက်လုပ်ဆောင်နေမှာပါ။သူတို့ဘယ်လိုလုပ်လုပ် အာဇာနည်နေ့ဆိုတာ ကမ္ဘာတည်သရွေ့ ရှိနေမှာပါ။အာဇာနည်ကြီးများကိုလည်း ရင်ထဲနုလုံးသားထဲမှာ အစဉ်ထာဝရ ဦးညွှတ်အလေးပြုနေလျှက်ပါ။        TSO    

0 件のコメント:

コメントを投稿