successgirl
2011年7月18日月曜日
အာဇာနည်နေ့ တို့မမေ့ပါ
၁၉၊၇၊၂၀၁၁ ယနေ့သည် (၆၄)နှစ်မြောက် အာဇာနည်နေ့ ဖြစ်ပါတယ်။ဒီဘလော့ခ် ကနေ အာဇာနည်ခေါင်းဆောင်ကြီးများကို ဦးညွှတ်ဂါရဝပြုပါတယ်။ကောင်းရာ ဘုံဘဝရောက်ပါစေကြောင်း ဆုမွန်ကောင်း ပို့သပါတယ်။နိုင်ငံတိုင်းမှာ လေးစားဂုဏ်ပြုထိုက်သော အာဇာနည်ကြီးများ ရှိပါတယ်။တလေးတစား အလေးထားနေကြတာ မြင်တွေ့နေရတာ ဂုဏ်ယူမိပါတယ်။မိမိတို့ နိုင်ငံတွင်တော့ အာဇာနည်ကြီးများအား မှေးမှိန်အောင် လုပ်ဆောင်နေတာ ရှက်စရာအလွန်ကောင်းပါတယ်။သမိုင်းကြောင်းတွေလည်း ဖျောက်ဖျက်နေကြပါတယ်။ယခုခေတ်တွင် အာဇာနည်ဆိုလျှင် အဆိုတော်Rဇာနည်ကိုသာ လူငယ်များ သိရှိကြတော့တာ ဝမ်းနည်းစရာ ကောင်းလွန်းလှပါတယ်။အစိုးရက ထိုသို့ဖြစ်အောင် နှစ်နဲ့ချီ စနစ်ကျကျ လုပ်ဆောင်ခဲ့တာပါ။သမိုင်းကြောင်းကို ဘယ်လိုပင်ဖျောက်ဖျောက် ပြောက်ပျက်မသွား နိုင်ပါဘူး။လက်ရှိအစိုးရသည် မကောင်းမှုပေါင်း သရဖူဆောင်းထားသူများ ဖြစ်နေတော့ ကောင်းတာတွေပြည်သူ့အတွက်တွေဘဲ လုပ်ဆောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးတွေကို မကြားချင်၊မသိချင်တော့ မနာလိုမှုတွေနဲ့ အာဇာနည်ကြီးတွေကို မှေးမှိန်သွားအောင် ဆက်လက်လုပ်ဆောင်နေမှာပါ။သူတို့ဘယ်လိုလုပ်လုပ် အာဇာနည်နေ့ဆိုတာ ကမ္ဘာတည်သရွေ့ ရှိနေမှာပါ။အာဇာနည်ကြီးများကိုလည်း ရင်ထဲနုလုံးသားထဲမှာ အစဉ်ထာဝရ ဦးညွှတ်အလေးပြုနေလျှက်ပါ။ TSO
နိုင်ငံရေး ဘာကြောင့် ခိုလှုံကြလဲ
၁၈၊၇၊၂၀၁၁ အမေရိကန်ရှိ မြန်မာသံရုံးမှ ဝန်ထမ်းတွေ ဆက်တိုက် ခိုလှုံလာတာ ကြားရနေပါတယ်။သံမှုးကြီးဦးကျော်ဝင်း၊ပထမအတွင်းဝန်ဦးစိုးအောင် တို့နိုင်ငံရေးခိုလှုံလာခဲ့ပါတယ်။ဒါကိုကြည့်ရင် လက်ရှိအစိုးရအုပ်ချုပ်နေတာ မမျှတတဲ့ သဘောတွေ ဥပဒေမဲ့ လုပ်နေတာဆိုတာ အတိုင်းသား မြင်တွေ့နိုင်ပါတယ်။သံဝန်ထမ်းမှာ အရပ်သားအနည်းငယ်နဲ့ တပ်ပြောင်းအများစု ရှိနေပါတယ်။အရပ်သားကို မယုံတာ အာဏာရှင်အစိုးရအဆက်ဆက်ပါဘဲ။မဟုတ်တာတွေ လုပ်နေသမျှ အရပ်သားကို ဘယ်တော့မှ ယုံမှာ မဟုတ်ပါဘူး။သူတို့အလိုကျ ကမယ့် တပ်ပြောင်းတွေသာ မျက်နှာသာပေးမှာပါ။လက်ရှိဆိုရင် ခိုလှုံလာသူတွေဟာ အရပ်သားဝန်ထမ်းတွေ ဖြစ်ပါတယ်။တပ်ပြောင်းနဲ့ အရပ်သား ခွဲခြားအုပ်ချုပ်နေသရွေ့ နိုင်ငံရေးခိုလှုံသူ ဆက်လက်ပေါ်ရှိနေမှာပါ။တစ်ဖက်ဇောင်းနှင်း အုပ်ချုပ်နေသရွေ့ ဝန်ထမ်းတွေမှာ မိမိအစိုးရကို ယုံကြည်အားထားမှု မရှိတဲ့အပြင် နည်းအမျိုးမျိုးနဲ့ ပုန်ကန်မှုရလဒ်သာ ရနိုင်မယ်ဆိုတာ ရေးသားဖော်ပြလိုက်ပါတယ်။ TSO
2011年7月12日火曜日
ယနေ့ အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်မယ့် သမ္မတ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးမြင့်ရဲ့ စာတမ်းဖတ်ပွဲ အခမ်းအနား အစီအစဉ် ဖျက်သိမ်း...
ကိုကျော်ရင်လှိုင် ခြေရာနင်းတဲ့ ဦးမြင့်
ရေးသားသူ (ကိုအောင်မျိုးထွန်း)
ဓာတ်ပုံ မဇ္ဈိမ12/7/2011
ဖြစ်ပြီးမှ ပျက်တာဘဲ ကြားဖူးပါတယ်။ မဖြစ်ခင် ပျက်ပျက်နေတဲ့ ကိစ္စတွေထဲမှာ သမ္မတအကြံပေးကြီး ဦးမြင့်လည်း မှတ်တမ်းဝင်ခဲ့ပါပြီ။ ဟောင်ကောင်က နိုင်ငံရေးပါမောက္ခ ကိုကျော်ရင်လှိုင်ရဲ့ NLD မှာ ပို့ချမယ့် သင်တန်းလည်း အနီးကပ်မှအဖတ်ဆယ်မရ ဖြစ်ခဲ့ဖူးတယ်။ ကိုယ်ဝန်ဆောင်တွေ အဘောရှင်းဖြစ်သလို ကျွန်တော်တို့ ဆီမှာလည်း ပညာပေးသင်တန်းတွေ အသေတောင် မမွေးနိုင်တော့တာ စိတ်မကောင်းစရာပါ။ အခု ဦးမြင့်ရဲ့ ရွှေဂုံတိုင်ကပွဲကို NLD နဲ့မပတ်သက်သူတွေ၊ တခြား နိုင်ငံ့ဖွံ့ဖြိုးရေး စိတ်ဝင်စားသူတွေ သွားရောက်နားထောင်ဖို့  ဟန်တပြင်ပြင် ဖြစ်နေကြတုန်း အခုလို ပွဲပျက်သွားတဲ့အပေါ် မချိတင်ကဲ ဖြစ်ကြ ရပါတယ်။ ဘာ့ကြောင့် ပျက်ရတယ်၊ ဘယ်သူ့ကြောင့် ပျက်ရတယ်ဆိုတာ ဟိုလူ့ပုံချ၊ ဒီလူ့ပုံချ လုပ်မနေကြဘဲ ၀ိုင်းဝန်း အဖြေထုတ်ကြဖို့ လိုပါတယ်။ ဦးမြင့်ဘက်ကတော့ “မအားတော့လို့ပါလို့” အကြောင်းပြချက် ပေးတယ်လို့ ကြားသိရပါတယ်။ ဒါပေမယ့် ဒီဟောပြောပွဲသတင်းကို အတတ်နိုင်ဆုံး ဖုံးဖိထားဖို့ သဘောတူခဲ့ကြပေမယ့် ပါတီတာဝန်ရှိသူတချို့ရဲ့ မီဒီယာတချို့ထံ ပြောပြချက်တွေကို စီးပွားရေးပညာရှင် ဦးမြင့်အနေနဲ့ အစာမကြေခဲ့ဟန် တူတယ်လို့ ပွဲဖြစ်မြောက်လိုသူတို့က ဝေဖန်ကြပါတယ်။
ဦးမြင့်တို့ ကိုကျော်ရင်လှိုင်တို့ မေ့နေကြတာ တစ်ခုရှိပါတယ်။ ဒါဟာမြန်မာ့နည်း မြန်မာ့ဟန်ဒီမိုကရေစီနဲ့ ချီတက်နေတဲ့ ကြံ့ဖွံ့ အစိုးရ ဆိုတာပါဘဲ။ စစ်မှန်တဲ့ ဒီမိုကရေစီဆိုလား...။ လူထုအသံဆိုလား...။
အောင်မျိုးထွန်း
၁၁. ၇. ၂၀၁၁
ယနေ့နံနက်ပိုင်းက အဖွဲ့ချုပ်ရုံးကို လာရောက်ကြတဲ့ ပရိသတ်များအား တောင်းပန်ပြီး ပြန်လွှတ်နေရတယ်လို့ ဆိုပါတယ်...။ ရုံးမှ တာဝန်ရှိသူတချို့ ဒေါ်အောင်ဆန်းစုကြည်အား သွားရောက် ပြောဆိုနေကြတယ်လို့လည်း ကြားသိရပါတယ်..။ ဒီအဖြစ်အပျက်ရဲ့ နောက်ကွယ်မှာ တစုံတရာသော အကြောင်းအချက်တွေ ဖိအားပေးမှုတွေ ရှိနေမယ် ဆိုတာကတော့ လူတိုင်း သိပြီးဖြစ်ကြမှာပါပဲ...။ ခက်တာက ဆရာကြီးဦးမြင့်ဟာ သမ္မတကြီးဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေးအဖွဲ့ခေါင်းဆောင်ပါ...။ စီးပွားရေးဆိုင်ရာ စာတမ်းဖတ်ပွဲပါ..။ နိုင်ငံရေး တရားဟောပွဲ မဟုတ်ပါဘူး...။ မီဒီယာက သိလို့ဆိုတာထက် မသိအောင် ဖုံးဖိထားပြီး မသွားခဲ့ဘူး မဟောခဲ့ဘူးလို့ ပြောလို့ရတဲ့ အရာ မဟုတ်ပါဘူး။ ပွဲစီစဉ်ပြီးမှ ဖျက်လိုက်တာကတော့ အင်မတန်မှ အရုပ်ဆိုး အကျည်းတန်ပါတယ်...။
ဖိအားပေးခံရတယ် ဆိုတဲ့ အချက်ကို စဉ်းစားကြည့်ပြန်ရင်လည်း သမ္မတကြီးရဲ့ စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင်တောင် ဖိအားပေးခံရတယ် ဆိုတာလည်း လူကြားလို့ ကောင်းတဲ့ အရာမဟုတ်ပါဘူး...။ သမ္မတကြီးရဲ့ စီးပွားရေး အကြံပေး ဆရာကြီးဦးမြင့်ကိုယ်တိုင် စီးပွားရေးစာတမ်း အတွက် Sanction ပိတ်ဆို့မှု ခံဘဝ ရောက်မရောက်ဆိုတာ စဉ်းစား ချင့်ချိန်စရာပါပဲ..။ ဒီအတိုင်းဆို ဆရာကြီးဦးမြင့်ရဲ့ စီးပွားရေးဆိုင်ရာ အကြံပေးမှုတွေဟာလည်း ကန့်သတ်မှုတွေ ဘောင်တွေနဲ့ ထိန်းချုပ်ခံရမခံရ၊ အရာရောက် မရောက်၊ စောဒက တက်စရာ ဖြစ်မဖြစ်ဆိုတာပါပဲ..။ ဆရာကြီးဦးမြင့်ရဲ့ စီးပွားရေး အကြံပေးအဖွဲ့ဆိုတာ သမ္မတကြီးအတွက် အမှန်တကယ် လိုအပ်တဲ့အဖွဲလား ဒါမှမဟုတ် အမည်ခံ ရုပ်ပြကောင်းအောင် လုပ်ထားတဲ့ အဖွဲ့လားဆိုတာကတော့....???
ဒီမိုဝေယံ
2011年7月3日日曜日
နိုင်ငံရေး အကျဉ်းသား
၃၊၇၊၂၀၁၁ မြန်မာနိုင်ငံကိုရောက်နေတဲ့ ၾသစေတ်းလ် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Kevin Rudd ဟာ အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးကို မြန်မာ အစိုးရအဖွဲနဲ့ တွေ့ဆုံစဉ် တိုက်တွန်းတောင်းဆိုခဲ့ပေမယ့် အစိုးရဆီက တိကျတဲ့ အဖြေမရခဲ့ဘူးလို့ သတင်းမှာ တွေ့ရပါတယ်။နိုင်ငံတကာက တောင်းဆိုနေတာ အားညောင်းနေပါပြီ။ပြည်တွင်းပြည်ပ အတိုက်ခံတွေကလည်း တောင်းဆိုမှုကို နည်းပေါင်းစုံနဲ့ တောင်းဆိုခဲ့ပေမယ့် လက်ရှိအစိုးရက လှုပ်တောင်မလှုပ်ပါဘူး။ဘာကြောင့်မလွှတ်တာလည်း လက်ရှိအစိုးရက အာဏာ(လက်နက်)ရှိပေမယ့် နိုင်ငံရေးအကျဉ်းသားတွေကို ကြောက်ပါတယ်။လွှတ်ပေးရင် လက်ရှိအာဏာပါပြုတ် လည်ပင်းကြိုးကွင်းစွပ်တဲ့ဘဝကိုအမြန်ရောက်မှာ သိနေတော့ အကြောင်းအမျိုးမျိုးပြပြီး မလွှတ်တာပါ။လက်ရှိအစိုးရ အုပ်ချုပ်နေသရွေ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မှာမဟုတ်ပါဘူး။နိုင်ငံရေးလုပ်တဲ့သူတွေပါ မထင်ရင်မထင်သလို ဆက်လက်ဖမ်းဆီးနေမှာပါ။နှိပ်ကွပ်နေမှာပါ။စစ်မှန်တဲ့ အရပ်သားအုပ်ချုပ်ရေးမပြောင်းသရွေ့ နိုင်ငံရေးအကျဉ်းသား ဆိုတာရှိနေအုန်းမှာပါ။အမြန်ဆုံး မြန်မာပြည် စစ်မှန်တဲ့ ကောင်းမွန်တဲ့ ပြောင်းလဲမှုရဖို့ အာဏာရှင်ကို တော်လှန်ဖြိုချကြရမှာ အားလုံးရဲ့ တာဝန်ဘဲဖြစ်ပါတယ်။ TSO
2011年6月25日土曜日
မငြိမ်းချမ်းသော တို့တိုင်းပြည်
၂၅၊၆၊၂၀၁၁ အထက်ပါပုံမြင်ကွင်းကို တွေ့ရတော့ တိုင်းပြည်က အာဖဂန်၊အီရတ်၊ပါကစ္စတန်လိုဖြစ်နေပြီလား????????အဖက်ဖက်အရာရာ မှာလည်းယိုယွင်းနေသော တိုင်းပြည်၊တိုင်းရင်းသားပေါင်းစုံနဲ့ လည်းစစ်ခင်းနေသောတိုင်းပြည်၊စီးပွားရေးလည်း ချွှတ်ချုံကျနေသောတိုင်းပြည် ဖြစ်နေပါပြီ။အရပ်သားအစိုးရ(အတုအယောင်)တက်မှ ပိုပြီးဆိုးဝါးနေပါတယ်။ဒေါ်အောင်ဆန်းစုကြည်က မွေးနေ့မှာ လိုချင်တဲ့ဆန္ဒက ငြိမ်းချမ်းမှုလို့ ပြောသွားခဲ့တယ်။တန်ဖိုးရှိတဲ့ စကားပါ။တိုင်းပြည်က တကယ်လိုအပ်နေတာ ငြိမ်းချမ်းရေးပါ။သို့သော်လည်းဘဲ ဒီအစိုးရ အုပ်ချုပ်နေသရွေ့ ငြိမ်းချမ်းရေးဆိုတာ အလှမ်းဝေးနေအုန်းမှာပါ။တိုင်းပြည်တွင်းက ပြည်သူတွေလည်း မငြိမ်းချမ်းတော့ ပြည်ပထွက်ပြီး ငြိမ်းချမ်းစွာနေထိုင်ဖို့ ကြိုးပန်းကျတော့တယ်။လက်ခံရတဲ့ နိုင်ငံတွေလည်း ဝန်တခုဖြစ်နေပါတယ်။ဒီပုံစံ ဆက်သွားရင်တော့ တိုင်းပြည်လည်း ရစရာမရှိအောင် ဆုတ်ပျက်သွားမှာပါ။ထို့အပြင် နိုင်ငံတကာအတွက်လည်း မြန်မာဒုက္ခသည်တွေဟာ ကြီးမားတဲ့ ဝန်တခု ဖြစ်နေမှာပါ။လက်ရှိအစိုးရကို ဖယ်ရှားနိုင်မှ တိုင်ပြည်းငြိမ်းချမ်းမှုလည်းရ၊နိုင်ငံတကာအတွက်လည်း ဝန်ထုပ်ဝန်ပိုး တခု သက်သာသွားမှာပါ။ဘက်ပေါင်းစုံကနေ လက်ရှိအစိုးရကို တွန်းလှန်သွားကြပါစို့။ TSO
2011年6月20日月曜日
သူတို့ကလွဲရင်အာလုံးဒုက္ခသည်ဘဲ
20/6/2011 မြန်မာပြည်မှာ ဗမာဘဲကြည့်ကြည့် တိုင်းရင်းသားဘဲကြည့်ကြည့် အားလုံးဒုက္ခကိုယ်စီနဲ့ သို့သော်လည်း စစ်အုပ်စု၊စစ်အုပ်စုနဲ့ပနာရနေတဲ့ ခေတ်ပျက်သူဌေးအုပ်စုကတော့ ချမ်းသာပြီးရင်းချမ်းသာ ကောင်းစားပြီးရင်းကောင်းစားနေတယ်။ပြည်သူမှာ ငတ်တဲ့သူကငတ် သေသူကသေနဲ့ ခေတ်ပျက်နေချိန်မှာ ခေတ်ပျက်သူဌေးတွေက သိန်းပေါင်းများစွာ အကုန်ခံ ပါတီတွေပေး မိန်းမတွေထည်လဲပေါင်း လုပ်ချင်တာတွေလုပ်နေတာ စိတ်မကောင်းစရာပါဘဲ။တိုင်းပြည်မြင့်မှ လူမျိုးလည်းမြင့်မှာပါ။ဆင်းရဲတဲ့တိုင်းပြည်ကခေတ်ပျက်သူဌေးတွေကို ဘယ်နိုင်ငံမှ နေရာမပေးပါဘူး။သူတို့တွေသာ နေရာလိုချင်နေတာပါ။ဦးတေဇ၊ဦးဇော်ဇော်၊ဦးနေအောင်.........စတာစတာတွေဘယ်လောက်ဘဲ ချမ်းသာချမ်းသာ နိုင်ငံနှိမ့်ပါးနေတော့ သူတို့တွေလည်း နှိမ့်ပါးတဲ့နိုင်ငံထဲက လူတွေပါဘဲ။တကယ်တော့ ဗမာကောတိုင်းရင်းသားပါ တိုက်ရိုက်ဒုက္ခသည်ဖြစ်ရင်ဖြင့် ဒါမှမဟုတ် သွယ်ဝိုက်ပြီးဒုက္ခသည်ဖြစ်နေတာပါ။အာလုံး ကျမအပါအဝင်ဒုက္ခသည်တွေပါဘဲ။ TSO
登録:
投稿 (Atom)