2011年6月25日土曜日
မငြိမ်းချမ်းသော တို့တိုင်းပြည်
၂၅၊၆၊၂၀၁၁ အထက်ပါပုံမြင်ကွင်းကို တွေ့ရတော့ တိုင်းပြည်က အာဖဂန်၊အီရတ်၊ပါကစ္စတန်လိုဖြစ်နေပြီလား????????အဖက်ဖက်အရာရာ မှာလည်းယိုယွင်းနေသော တိုင်းပြည်၊တိုင်းရင်းသားပေါင်းစုံနဲ့ လည်းစစ်ခင်းနေသောတိုင်းပြည်၊စီးပွားရေးလည်း ချွှတ်ချုံကျနေသောတိုင်းပြည် ဖြစ်နေပါပြီ။အရပ်သားအစိုးရ(အတုအယောင်)တက်မှ ပိုပြီးဆိုးဝါးနေပါတယ်။ဒေါ်အောင်ဆန်းစုကြည်က မွေးနေ့မှာ လိုချင်တဲ့ဆန္ဒက ငြိမ်းချမ်းမှုလို့ ပြောသွားခဲ့တယ်။တန်ဖိုးရှိတဲ့ စကားပါ။တိုင်းပြည်က တကယ်လိုအပ်နေတာ ငြိမ်းချမ်းရေးပါ။သို့သော်လည်းဘဲ ဒီအစိုးရ အုပ်ချုပ်နေသရွေ့ ငြိမ်းချမ်းရေးဆိုတာ အလှမ်းဝေးနေအုန်းမှာပါ။တိုင်းပြည်တွင်းက ပြည်သူတွေလည်း မငြိမ်းချမ်းတော့ ပြည်ပထွက်ပြီး ငြိမ်းချမ်းစွာနေထိုင်ဖို့ ကြိုးပန်းကျတော့တယ်။လက်ခံရတဲ့ နိုင်ငံတွေလည်း ဝန်တခုဖြစ်နေပါတယ်။ဒီပုံစံ ဆက်သွားရင်တော့ တိုင်းပြည်လည်း ရစရာမရှိအောင် ဆုတ်ပျက်သွားမှာပါ။ထို့အပြင် နိုင်ငံတကာအတွက်လည်း မြန်မာဒုက္ခသည်တွေဟာ ကြီးမားတဲ့ ဝန်တခု ဖြစ်နေမှာပါ။လက်ရှိအစိုးရကို ဖယ်ရှားနိုင်မှ တိုင်ပြည်းငြိမ်းချမ်းမှုလည်းရ၊နိုင်ငံတကာအတွက်လည်း ဝန်ထုပ်ဝန်ပိုး တခု သက်သာသွားမှာပါ။ဘက်ပေါင်းစုံကနေ လက်ရှိအစိုးရကို တွန်းလှန်သွားကြပါစို့။ TSO
登録:
コメントの投稿 (Atom)
0 件のコメント:
コメントを投稿