2011年6月20日月曜日

မြန်မာ့အလင်းရဲ့  KIA ဒေသ တိုက်ပွဲသတင်း

သတင်းစာ စောင့်ဖတ်သူတွေ ဒီနေ့တော့ စောင့်ရကျိုးနပ်ပါပြီကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်တာ ၁၀ ရက်လောက်အကြာမှာ သတင်းထည့်ပါတယ် ပြည့်ပြည့်စုံစုံနီးပါးပါပဲ
KIA စစ်သားတယောက် အဖမ်းခံနေရတုန်း မလွှဲမရှောင်သာ သေဆုံးသွားတယ် ဆိုတဲ့ အချက်တော့ မပါပါဘူး။ အဲဒီဒေသအထိ သွားပြီး သတင်းမယူနိုင်တာကြောင့် ဒီအချက် မထည့်လိုက်မိတာ ဖြစ်နိုင်ပါတယ်။

မန်စီရဲကင်းက ၂ ယောက်ကို KIA က ဖမ်းသွားတဲ့အကြောင်းလည်း ဖတ်ရမှာပါ။ ဒီအချက်ကို ပြည်ပအခြေစိုက် သတင်းဌာနတွေမှာ မတွေ့ရပါဘူး။ မြန်မာ့အလင်းက ဒီနေရာမှာတော့ အသာရပါတယ်။ အဲဒီ ၂ယောက်ကို ရဲအဖွဲ့က သွားတောင်းတာ မရဘူး စစ်တပ်ကတောင်းမှ ရတယ် တဲ့။ စစ်တပ်က အရေးကြီးတယ်ကွ ဆိုတာကို ပြောချင်ဟန် တူပါတယ်။

အစိုးရကို အသိအမှတ်ပြုပါ ဘာမလုပ်နဲ့ ညာမလုပ်နဲ့ ဆိုတာတွေလည်း သတင်းထဲမှာ ပေါ်တင် ဆုံးမထားပါတယ်။

ဖေ့စ်ဘုတ်မှာ ဒါမျိုးသတင်းတွေ ဖတ်လိုကြောင်း ဆန္ဒပြုသူများနေလို့ ပြန်ကြားရေးဝံကြီးက ဒီသတင်း ချက်ချင်း ရေးလိုက်တာ ဖြစ်နိုင်ပါတယ်း)

0 件のコメント:

コメントを投稿