
DK ၊ ၊မြန်မာနိုင်ငံသားများသည် တရားမျှတမှုနှင့် နိုင်ငံတိုးတက်မှုအား အလွန်ပင်လိုလားတောင့်
တနေကြပြီး မြန်မာနိုင်ငံသည် ဘာမှမအောင်မြင်ပဲကျဆုံးနေသည့်နိုင်ငံတနိုင်ငံ မဖြစ်သင့်ပဲ၊
နိုင်ငံတကာအနေနှင့်လည်း မြန်မာနိုင်ငံအား ဖွံ့ဖြိုးတိုးတက်မှုကင်းမဲ့ပြီး ကျဆုံးနေသည့်နိုင်ငံ တနိုင်ငံအဖြစ်သို့ ရောက်ရှိမသွားအောင်ဝိုင်းဝန်းကြိုးပမ်းကြရန်လို
အပ်ကြောင်း ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ
ကုလသမဂ္ဂ ၏ လုပ်သားရေးရာညီလာခံတခုသို့ပေးပို့ခဲ့သည့် ဗီဒီယိုသတင်းလွှာတွင် တိုက်တွန်းပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာနိုင်ငံသည်တချိန်က အောင်မြင်မှုသို့ဦးတည်နေခဲ့သည်ဟု
ယူဆခံခဲ့ရသော်လည်း ယနေ့မြန်မာနိုင်ငံ၏ဖွံဖြိုးတိုးတက်မှုသည် ဒေသတွင်းအခြားနိုင်ငံများ
အားလုံးနီးပါး၏နောက်တွင်ကျန်ခဲ့ပြီဖြစ်ကြောင်း၊ အဓမ္မလုပ်အားပေးပပျောက်ရန်၊ ကလေးစစ်
သားပပျောက်ရန်နှင့် ယုံကြည်ချက်ကြောင့်အကျဉ်းချခံရသူများပပျောက်ရန် အစိုးရမှလုပ်ဆောင်ခြင်းမရှိသော်လည်း မြန်မာပြည်သူများ၏အတတ်နိုင်ဆုံးကြိုးပမ်းမှုများအရ
မြန်မာပြည်သူများသည် လက်ခံနိုင်သည့်စံနှုန်းများဖြင့် လူမှုရေးမျှတညီညွတ်မှရှိသော နိုင်ငံရေးနှင့်
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများအား အလွန်လိုလားတောင့်တနေကြကြောင်း သူမမှ ညီလာခံသို့ပေး
ပို့ခဲ့သည့် ဗီဒီယိုသတင်းလွှာတွင်ပြောကြားခဲ့သည်။
Burmese hungry for justice: Suu Kyi (June 13)
0 件のコメント:
コメントを投稿