2011年4月26日火曜日

မြန်မာဒုက္ခသည် ပြန်ပို့ရေး အချိန်မတန်သေး

မစ္စတာ အဲရစ် ရွှာ့ဇ်။
ဓာတ်ပုံ state.gov
မစ္စတာ အဲရစ် ရွှာ့ဇ်။

ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရမယ့်အချိန် မရောက်သေးဘူးလို့ အမေရိကန်ပြည်ထောင်စုက ယူဆထားတဲ့အတွက် ဒီဒုက္ခသည်တွေကို အကူအညီပေးရေး ထိုင်းအစိုးရနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။ ဒီဒုက္ခသည်တွေ နေရပ်ကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေး အခြေအနေ အချိန်အခါ လိုအပ်ချက်တွေကိုလည်း သူက ထောက်ပြပါတယ်။ အပြည့်အစုံကို တွေ့ဆုံ မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ မြန်မာဒုက္ခသည်တွေကို ပြန်ပို့ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာချိန်မှာပဲ အခုအချိန်ဟာ မြန်မာနိုင်ငံက ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရမယ့်အချိန် မတိုင်သေးဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ရွှေ့ပြောင်းနေထိုင်သူများနဲ့ ဒုက္ခသည်များဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အဲရစ် ရွှာ့ဇ် (Eric Schwartz) က ဗွီအိုအေနဲ့ သီးခြား တွေ့ဆုံမေးမြန်းစဉ်မှာ ပြောသွားတာပါ။
ထိုင်းနိုင်ငံအနေနဲ့ မြန်မာဒုက္ခသည်တွေကို ပြန်ပို့ဖို့ စီစဉ်နေတယ်ဆိုပြီး တလောကပဲ ထိုင်း အမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲက ပြောသွားတာမို့ အခြေအနေက ဒုက္ခသည်တွေအတွက် စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီကိစ္စကို အမေရိကန်ပြည်ထောင်စု အနေနဲ့ ထိုင်းအာဏာပိုင်တွေနဲ့ နီးနီးကပ်ကပ် ညှိနှိုင်းတိုင်ပင်မှုတွေ လုပ်နေတယ်လို့ မစ္စတာ အဲရစ် ရွှာ့ဇ်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။
“မြန်မာဒုက္ခသည်တွေကို မြန်မာပြည်ကို ပြန်ပို့ရမယ့် အချိန်ကာလ မရောက်သေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့လည်း ထိုင်းအစိုးရနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ဆက်လုပ်နေပါတယ်။ ထိုင်းနိုင်ငံရဲ့ အရပ်ဘက်နဲ့ စစ်ဘက် အာဏာပိုင် နှစ်ရပ်စလုံးကလည်း မြန်မာပြည်မှာ အခု ပြောင်းလဲပါတယ်ဆိုတဲ့ အခြေအနေကနေ ဒီထက် ထင်ရှားသိသာတဲ့ ပြောင်းလဲမှုမျိုးတွေ မဖြစ်မချင်းတော့ ဒီလူတွေကို အတင်းအကျပ် ပြန်ပို့တာမျိုး မလုပ်သင့်ဘူးဆိုတာ နားလည်လိမ့်မယ် ထင်ပါတယ်။ ဒါကြောင့် မြန်မာဒုက္ခသည်တွေ ကိစ္စအတွက် အမေရိကန်ပြည်ထောင်စု အနေနဲ့ ထိုင်းအစိုးရ အပါအ၀င် အခြားအစိုးရတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေပါတယ်။”
၂၀၁၀ ရွေးကောက်ပွဲ ရလဒ်နဲ့အညီ မြန်မာအစိုးရသစ် ဖွဲ့စည်းပြီးတဲ့နောက် အိမ်နီးချင်းနိုင်ငံတွေ အကြားမှာ မြန်မာနိုင်ငံဟာ အပြောင်းအလဲဘက်ကို တာစူနေပြီ၊ အချို့ကလည်း အပြောင်းအလဲ စတင်နေပြီလို့ မြင်ကြပါတယ်။ ဒါကြောင့်လည်း အခုလို ဒုက္ခသည်တွေ ပြန်ပို့ရေး ထိုင်းဘက်က စဉ်းစားလာတာလို့ ယူဆရပါတယ်။ မစ္စတာ အဲရစ် ရွှာ့ဇ်ကတော့ အပြောင်းအလဲ ဆိုတာကို ရွေးကောက်ပွဲကို ကြည့်ပြီး သတ်မှတ်လို့ မရဘူးလို့ ပြောပါတယ်။
“ရွေးကောက်ပွဲနဲ့ အစိုးရသစ် ဖြစ်လာတာတွေကြောင့် မြန်မာနိုင်ငံထဲမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ ရှိတယ်လို့ မပြောနိုင်ပါဘူး။ ပြောင်းလဲတယ် ဆိုတာအတွက် သိသာထင်ရှားတဲ့ အထောက်အထား၊ အချက်အလက်တွေ အခြေအနေတွေ ရှိဖို့လိုပါတယ်။
“မြန်မာနိုင်ငံသားတွေ အနေနဲ့ သူတို့အမြင် သဘောထားတွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောဆိုနိုင်ခွင့် ရှိပြီလား၊ လွတ်လွတ်လပ်လပ် စုဝေးခွင့် ရှိရဲ့လား၊ သူတို့ရဲ့အမြင် အယူအဆတွေကို အာဏာပိုင်တွေသိအောင် ပြောနိုင်ဆိုနိုင်ရဲ့လား၊ ကြောက်ရွံ့မှုကင်းတဲ့ အခြေအနေအောက်မှာ လွတ်လွတ်လပ်လပ် နေထိုင်ခွင့် ရှိရဲ့လား၊ ရွေးကောက်ပွဲလုပ်လုပ် မလုပ်လုပ် မဆိုင်ပါဘူး။ အခု ပြန်သွားမယ်ဆိုတဲ့ ဒုက္ခသည်တွေဟာ သူတို့နိုင်ငံမှာ ဒီလို အခွင့်အရေးတွေနဲ့ နေထိုင်ခွင့် ရပါ့မလားဆိုတာ မေးခွန်းရှိပါတယ်။”
ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်းမှာပဲ ထောင်နဲ့ချီတဲ့ ထိုင်း၊ မြန်မာနယ်စပ်က မြန်မာတိုင်းရင်းသား ဒုက္ခသည်တွေဟာ တတိယနိုင်ငံတွေကို ပြောင်းရွှေ့ အခြေချခွင့် ရခဲ့ပါတယ်။ ဒါပေမဲ့လည်း အခုနောက်ပိုင်းမှာတော့ ထိုင်းအာဏာပိုင်တွေဘက်က တင်းကျပ်မှု အချို့ကြောင့် ဒီလို ပြောင်းရွှေ့ အခြေချနိုင်ဖို့ အခက်အခဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ ထိုင်းအာဏာပိုင်တွေဘက်က နောက်ပိုင်းရောက်တဲ့ ဒုက္ခသည် အများစုကို နိုင်ငံရေး ဒုက္ခသည်အဖြစ် သတ်မှတ်ဖို့ ငြင်းဆန်နေပါတယ်။ ဒါကြောင့်လည်း ဒုက္ခသည် အများစုဟာ နယ်စပ်က စခန်းတွေမှာပဲ ချို့ချို့တဲ့တဲ့ နေနေကြရပါတယ်။
မစ္စတာ အဲရစ် ရွှာ့ဇ်ကတော့ ဒုက္ခသည်တွေ တတိယနိုင်ငံ ပြောင်းရွှေ့ရေးထက် မြန်မာနိုင်ငံမှာ အပြောင်းအလဲ တကယ်ဖြစ်ပြီး ဒုက္ခသည်တွေ နေရပ်ကို လုံလုံခြုံခြုံ ပြန်နိုင်ဖို့က တကယ့်အဖြေမှန် ဖြစ်တယ်လို့ ပြောပါတယ်။
“ဒုက္ခသည် အများစုအတွက် တတိယနိုင်ငံတွေကို အခြေချ ပြောင်းရွှေ့ နေထိုင်ခွင့် ရဖို့ဆိုတာ ဒုက္ခသည် ပြဿနာ ဖြေရှင်းရေးအတွက် အဖြေမဟုတ်ပါဘူး။ မဖြစ်မနေ လိုအပ်ချက်ရှိတဲ့ လူအချို့အတွက်တော့ ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ ကမ္ဘာမှာပဲဖြစ်ဖြစ်၊ မြန်မာကိစ္စပဲဖြစ်ဖြစ် ဒုက္ခသည်တွေ တတိယနိုင်ငံကို အခြေချ ပြောင်းရွှေ့ဖို့ဆိုတာ ဒါ အဖြေမဟုတ်ပါဘူး။ ဒီဒုက္ခသည်တွေ အနေနဲ့ သူတို့နေရပ်ကို ဘေးကင်းလုံခြုံစွာ ပြန်နေရေး အခြေအနေ အချိန်အခါ ဖြစ်လာဖို့ ကိစ္စက အဓိကပါ။”
ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာဒုက္ခသည်တွေ အနေနဲ့ ထိုင်းမှာ ယာယီခိုလှုံနေတုန်း နေထိုင် စားသောက်ရေး ကိစ္စအ၀၀ အဆင်ပြေစေဖို့ အမေရိကန်ပြည်ထောင်စု အနေနဲ့ ထိုင်းအစိုးရနဲ့ အနီးကပ် ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။ ဒီအတွက် အမေရိကန်ပြည်ထောင်စု အနေနဲ့ ဒေါ်လာသန်းနဲ့ချီ သုံးစွဲသွားဖို့ ပြင်ဆင်ထားတယ်လို့လည်း ပြောပါတယ်။
တကယ်တော့ ထိုင်းနိုင်ငံက မြန်မာဒုက္ခသည်တွေကို လက်ခံခေါ်ယူတဲ့ အထဲမှာ အမေရိကန်နိုင်ငံက ဒုက္ခသည် အရေအတွက် အများဆုံး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ မြန်မာဒုက္ခသည်တွေကို ဒုက္ခသည်အဆင့် သတ်မှတ်ရေး ကိစ္စမှာ ကုလသမဂ္ဂက ခွင့်ပြုတာ မဟုတ်တော့ဘဲ၊ ကုလသမဂ္ဂကို ခွင့်မပေးတော့ဘဲ ထိုင်းအာဏာပိုင်တွေက တာဝန်ယူလာခဲ့တဲ့နောက် ဒုက္ခသည်တွေ တတိယနိုင်ငံ အခြေချ နေထိုင်ဖို့ အခွင့်အလမ်းတွေ နည်းသွားခဲ့ပါတယ်။
ထိုင်းနိုင်ငံ အနေနဲ့ကလည်း ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ အခွင့်အရေး စာချုပ်ကို လက်မှတ်ထိုးတဲ့နိုင်ငံ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း နားလည်မှု သဘောနဲ့ ကုလသမဂ္ဂနဲ့ အခြားနိုင်ငံတွေရဲ့ အကူအညီကိုယူပြီး ဒီဒုက္ခသည်တွေကို လက်ခံထားတာပါ။ တလောကပဲ ထိုင်းမှာရှိတဲ့ အမေရိကန် သံအမတ်ကြီး မစ္စ ခရစ္စတီး ကန်နီ (Kristie Kenney) ကလည်း မြန်မာဒုက္ခသည် စခန်းတွေအထိ သွားရောက်ကြည့်ရှုပြီး ဒုက္ခသည်တွေအတွက် အကူအညီ အထောက်အပံ့တွေ ဆက်ပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

တရားဥပဒေ စိုးမိုးရေးအတွက် သမ္မတသစ်ကို NLD တိုက်တွန်း

E-mail Print
သမ္မတသစ်၏ မူဝါဒရေးရာ မိန့်ခွန်းပါအတိုင်း တရားဥပဒေ စိုးမိုးရေး အမှန်တကယ် ဖော်ဆောင်ရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တိုက်တွန်း တောင်းဆို လိုက်သည်။

သမ္မတ ဦးသိန်းစိန်ထံသို့ ဧပြီလ ၅ ရက်နေ့တွင် NLD က စာတစောင် ပေးပို့၍ တိုက်တွန်း တောင်းဆိုခြင်းဖြစ်သည်။

အဆိုပါပေးစာသည် ဧပြီလ ၄ ရက်နေ့က ကျင်းပခဲ့သော NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက် အရ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။

“အဲဒီစာက NLD ဥပဒေ အကျိုးဆောင်အဖွဲ့ရဲ့တာဝန်ခံ ဦးတင်ဦးကနေ သမ္မတဆီကို ပို့ခဲ့တာ။ တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးမှုမရှိဖြစ်နေတာကို ရှိလာအောင် နိုင်ငံတော်သမ္မတအနေနဲ့လိုအပ်သလို လမ်းညွှန်မှုပြုနိုင်ဖို့ အလေးအနက် ထောက်ပြ တဲ့စာပို့ခဲ့တာပေါ့။ စာပါအကြောင်းအရာကို မနေ့က အများပြည်သူသိအောင် ကြေညာချက်ထုတ်လိုက်တာ”ဟု ၄င်းကပြော ဆိုသည်။

ဧပြီ ၂၅ ရက်စွဲဖြင့် ထုတ်ပြန်သော NLDပါတီ၏ ကြေညာချက်တွင် “သမ္မတသစ် ဦးသိန်းစိန်သည် တိုင်းပြည် ဖွံ့ဖြိုး တိုး တက် ရန်နှင့် ဒီမိုကရေစီနိုင်ငံတည်ဆောက်ရန် တရားဥပဒေစိုးမိုးရေးသည် မဖြစ်မနေ လိုအပ်ပါသည်”ဟု မတ်လ ၃၁ ရက် နေ့က သမ္မတ ၏ မိန့်ခွန်းတွင် ပြောဆိုမှုအတိုင်း အမှန်တကယ် အကောင်အထည် ဖော်ဆောင်နိုင်ရန်အတွက် ထောက်ပြ ထားသည်။

“စစ်အစိုးရ လက်ထက် တရားစွဲတင်တဲ့ အမှုတွေမှာ အကျဉ်းထောင် ၀င်းတွေထဲမှာ အများသူငါ ရှေ့မှောက်မဟုတ်ဘဲ အကျဉ်း ရုံး တရားစီရင်ခဲ့တာတွေ ရှိခဲ့တယ်လေ၊ အခုလည်း ရှိနေဆဲဖြစ်တယ်။ ဒီမိုကရေစီ ဖော်ဆောင်မယ် ဆိုရင် ဒါတွေ နောက်ထပ် မဖြစ်ပေါ်အောင်လို့ တိုက်တွန်းထားတာပါ”ဟု ဦးဝင်းတင်က ဆက်လက်ပြောသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)မှ ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေကလည်း“ဒီမိုကရေစီ နိုင်ငံ တည် ဆောက် မယ် ဆိုရင် တရားဥပဒေစိုးမိုးမှုဟာ အရေးအကြီးဆုံးဖြစ်တယ်၊ ဒီမိုကရေစီစနစ်မှာ လူနဲ့အုပ်ချုပ်တာ မဟုတ်ဘူး။ ဥပဒေရဲ့ကြီး စိုးမှု၊ ဥပဒေ က အုပ်ချုပ်မှု ပဲဖြစ်ရမှာ။ သမ္မတရဲ့ မူဝါဒ မိန့်ခွန်းအတိုင်း အကောင်အထည် ဖော်ဆောင်မှုကိုတော့ သေချာစောင့်ကြည့်သွားမှာ ဖြစ်တယ်”ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖော်ဆောင်ရေးနှင့်ပတ်သက်ပြီး ဧပြီလ၂၄ ရက်နေ့က အမေရိကန်ပြည်ထောင်စု၏ အရှေ့အာရှရေးရာ ထိပ်တန်းသံတမန်တဦးဖြစ်သူ မစ္စတာ ကာ့တ် ကမ်းဘဲလ် က မြန်မာ အစိုးရနှင့် ထိတွေ့ ဆက်ဆံသည့် ၀ါရှင်တန်၏ ၁၈ လတာ ကြိုးစားမှုသည် အောင်မြင်မှုမရှိခဲ့ကြောင်း ပြောဆိုခဲ့သည်။

ထို့အပြင် တိုင်းရင်းသားလူနည်းစုများအပေါ် မတရားပြုကျင့်မှုများ ရပ်တန့်ရန်၊ မတရားဖမ်းဆီး ထောင်ချခံနေရသော နိုင်ငံရေးအကျဉ်း သားများပြန်လွှတ်ပေးရန်လည်း ၄င်းက ဆက်လက်ပြောကြားသည်။

“တရားဥပဒေ စိုးမိုးမှု အမှန်တကယ် အကောင်အထည်ဖော်ဆောင်ဖို့ဆိုတာမှာ ပထမဆုံး အဆင့်အနေနဲ့ အစိုးရကိုယ်တိုင် က တရားဥပဒေကို လေးစားလိုက်နာရမှာဖြစ်တယ်။ ပြီးရင်တော့ နိုင်ငံသားတဦးချင်းစီကလည်း တရားဥပဒေစိုးမိုးမှုကို ခိုင်မာစေဖို့ တရားဥပဒေကို လေးစားလိုက်နာဖို့လိုတယ်”ဟု ရန်ကုန်မြို့နေ ဥပဒေ အကျိုးဆောင်တဦးက ပြောသည်။

NLD ဒု ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးသည် ဥပဒေအကျိုးဆောင်အဖွဲ့၏ တာဝန်ခံလည်းဖြစ်ရာ ဥပဒေရေးရာ ကိစ္စ များနှင့်ပတ်သက်ပြီး ယခုကဲ့သို့ လက်မှတ်ရေးထိုးထောက်ပြကာ တိုင်းပြည်၏ အရေးအကြီးဆုံး တရား ဥပဒေစိုးမိုးမှု အမှန် တကယ်ရှိရေးအတွက် အစိုးရသစ်ကို သတိပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသား ထောက်လှမ်းရေးအဖွဲ့ကို ကာချုပ် ဦးစီးမည်

E-mail Print
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က အမျိုးသား ထောက်လှမ်းရေး အဖွဲ့ (NIB) ဖွဲ့စည်းရန် ဆောင်ရွက်လျက် ရှိကြောင်း နေပြည်တော် အခြေစိုက် စစ်ဘက်အသိုင်းအ၀န်းမှ သတင်းရရှိသည်။

General-Min-Aung-Hlaing-Mar-30-11
ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် (ဓာတ်ပုံ - Getty Images)
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရာထူးတာဝန်ကို ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ထံသို့ လွှဲပြောင်းမပေးခင်ကပင် အမျိုးသားထောက်လှမ်းရေး အဖွဲ့ဖွဲ့စည်းရန် တရားဝင် ညွှန်ကြားခဲ့ခြင်း ဖြစ်ပြီး ယခုအခါ အဆိုပါ ညွှန်ကြားချက်အတိုင်း ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က အကောင်အထည်ဖော်လျက် ရှိကြောင်း သိရှိရသည်။

အမျိုးသား ထောက်လှမ်းရေးအဖွဲ့ဖွဲ့စည်းရန် သမ္မတဦးသိန်းစိန် ဦးဆောင်သော အမျိုးသား လုံခြုံရေးကောင်စီက တရားဝင် ခွင့်ပြုထားကြောင်း၊ အဓိကအားဖြင့် ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန စသည့် ဌာန ၃ ခုကို ပူးပေါင်းဖွဲ့စည်းမည်ဖြစ်ကြောင်း၊ လိုအပ်ချက် အရ တခြားသော အရပ်ဘက်ဆိုင်ရာ ၀န်ကြီးဌာန များသည်လည်း အမျိုးသားထောက်လှမ်းရေး အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်ဆိုင်ရာ အရာရှိတဦးက ပြောသည်။

“အဲဒီအဖွဲ့က အမျိုးသားလုံခြုံရေးကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာ ထားမယ်လို့ သိရပါတယ်” ဟု နေပြည်တော် စစ်ဘက်အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ပြောသည်။

အမျိုးသား ထောက်လှမ်းရေးအဖွဲ့သည် ပြည်တွင်းနိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား နိုင်ငံရေးပါတီများ၏ နိုင်ငံရေး လှုပ်ရှားမှုများ၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် ငြိမ်းချမ်းရေး ရယူထားသော တိုင်းရင်းသားအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများ၊ ပြည်တွင်းအကြမ်းဖက် ဖောက်ခွဲမှုလုပ်ရပ်များ၊ တပ်မတော်တွင်း သွေးခွဲမည့်လုပ်ရပ်များ အပါအ၀င် နိုင်ငံတော် လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ပျက်ပြားစေနိုင်သော အရေးကိစ္စအားလုံးကို စုံစမ်းထောက်လှမ်း အရေးယူ သွားမည်ဟု သိရသည်။

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ စစ်ဘက်နှင့် လုံခြုံရေးဆိုင်ရာ လျှို့ဝှက် အစီရင်ခံစာ ပေးပို့ခြင်း၊ လူကိုယ်တိုင် သွားရောက် သတင်းပို့ခြင်းများ လုပ်ဆောင်လျက် ရှိသည်ဟု နေပြည်တော် စစ်ဘက် အသိုင်းအ၀န်းက ဆိုသည်။

သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသည် မတ်လ ၃၀ ရက်နေ့မှ စတင်ပြီး နိုင်ငံတော် အာဏာကို တရားဝင် ရယူခဲ့သည်။

မိဘမဲ့ကလေးများ ရန်ပုံငွေ IC ရှိုးပွဲ ခွင့်ပြုချက်မရ

E-mail Print
နေပြည်တော် ပျဉ်းမနား၌ ဧပြီ ၂၆ ရက် ယနေ့တွင် မိဘမဲ့ကလေးများ ရန်ပုံငွေပွဲအဖြစ် ကျင်းပမည့် နာမည်ကြီး အဆိုတော်များနှင့် IC တေးဂီတ၀ိုင်း၏ စင်တင်ဖျော်ဖြေပွဲကို အာဏာပိုင်များက ခွင့်ပြုချက်မပေးသောကြောင့် ပွဲပျက်သွားခဲ့သည်။

IC_Lay_Phyu_Thin_Gyan
ပြီးခဲ့သည့် သင်္ကြန် အတက်နေ့က မန္တလေးတွင် ဖျော်ဖြေနေသော အဆိုတော် လေးဖြူ နှင့် IC အဖွဲ့(ဓာတ်ပုံ - Eleven Media Group)
အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်သူ ဦးတေဇ ၏ ပုဂံဖျော်ဖြေရေးအဖွဲ့မှ စီစဉ်ကာ ပျဉ်းမနားမြို့ရှိ စမ တောင်မှ မိဘမဲ့ကလေးများ ရန်ပုံငွေပွဲအဖြစ် ကျင်းပမည့် IC ရှိုးပွဲကို အာဏာပိုင်များက လုံခြုံရေး အကြောင်းပြချက်ဖြင့် ပွဲမိန့် မပေးသောကြောင့် ပွဲပျက်ခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အမည်မဖော်လိုသူပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူတဦးက“အစက ပွဲမိန့်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကကော ပြည်ထဲရေးဝန်ကြီးဌာနကပါ ပေးတယ်။ နောက် သတင်းတပ်ဖွဲ့နဲ့ တပ်မတော် စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့(စရဖ) က လုံခြုံရေးကြောင့် ပွဲမိန့်မပေးသင့်တဲ့အကြောင်း ကန့်ကွက်ရာက ပွဲပျက်သွားတယ်လို့ သိရပါတယ်”ဟု ပြောပြသည်။

“ကျနော်တို့ဆို လက်မှတ်ဝယ်ပြီး ကြည့်ဖို့ အားခဲထားတာ။ ၂၅ ရက်နေ့ ညနေမှ အကြောင်းအမျိုးမျိုးကြောင့် ပွဲပျက်သွားတယ် ဆို တာ ကြော်ငြာလိုက်ကပ်မှ ပွဲ မဖြစ်တော့ဘူးဆိုတာ သိရတယ်”ဟု ပျဉ်းမနားမြို့ခံလူငယ်တဦးကလည်း ပြောသည်။

ယင်း ရှိုးပွဲ လက်မှတ်ခများကို ကျပ် ၂၀၀၀၀၊ ၁၅၀၀၀ နှင့် ၇၀၀၀ သတ်မှတ်ထားပြီး လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်း၊ လင်းလင်းနှင့် ချမ်းချမ်းတို့ ဖျော်ဖြေသွားမည်ဟု ကြော်ငြာတွင် ပါရှိသည်။

ထိုသို့ ပွဲပျက်သွားသည့်အတွက် ကြိုတင်လက်မှတ် ၀ယ်ယူထားသူများကို လက်မှတ်ဖိုးငွေများ ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

2011年4月25日月曜日

ဖွံ့ဖြိုးရေးအတွက် စနစ်အသစ်ဖြင့် ကြိုးပမ်းဆောင်ရွက်မည်

E-mail Print
သမ္မတကြီး ဦးသိန်းစိန်က နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စနစ်အသစ်ဖြင့် ကြိုးပမ်းဆောင်ရွက်မည်ဟု ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့က ပြုလုပ်သည့် အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး အစည်းအဝေးတွင် ပြောကြားသည်။

TS-AP
မတ်လ ၃၁ ရက်နေ့က သမ္မတအိမ်တော်တွင် မိန့်ခွန်းပြောနေသော ဦးသိန်းစိန် (ဓာတ်ပုံ - AP)
ထိုအစည်းအဝေးတွင် “ယနေ့ နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေကြသဖြင့် မိမိတို့ နိုင်ငံအနေဖြင့်လည်း ဖွံဖြိုးတိုးတက်အောင် ခေတ်နောက်ကျ မကျန်ရစ်ရအောင် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ နိုင်ငံသားများ၏ စားဝတ်နေမှု ပြည့်စုံဖူလုံရေးအတွက် လယ်ယာကဏ္ဍကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး ခေတ်မီ စက်မှုနိုင်ငံထူထောင်ရေးနှင့် အခြားစီးပွားရေးကဏ္ဍများကို ဘက်စုံတိုးတက်အောင် ဆောင်ရွက်ကြရမည်” ဟု သမ္မတ ဦးသိန်းစိန်က ပြောကြောင်း ဧပြီလ ၂၃ ရက်နေ့ထုတ် အစိုးရသတင်းစာတွင် ရေးသားထားသည်။

ထို့အပြင် မြေရှိလျှင် အလုပ်ရှိရမည်၊ ရေရှိလျှင် အလုပ်ရှိရမည် ဆိုသော ခံယူချက်ဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါများအောင် ဖန်တီးဖော်ဆောင်ပေးပြီး လူသယံဇာတ၊ မြေသယံဇာတ၊ ရေသယံဇာတများကို ထိထိရောက်ရောက် အသုံးချရမည်ဟုလည်း ပြောဆိုသည်။

ယခု အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး အစည်းအဝေးသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သည့် စစ်အစိုးရမှ သမ္မတအသစ် ဦးသိန်းစိန်ခေါင်းဆောင်သည့် အစိုးရအသစ်သို့ အာဏာလွှဲပြောင်းပေးပြီးနောက် ပထမဆုံး ပြုလုပ်သည့် အစည်းအဝေးဖြစ်သည်။

နိုင်ငံရေးလေ့လာသူများကမူ သမ္မတ ဦးသိန်းစိန်၏ ပြောဆိုချက်များသည် ယခင်စစ်အစိုးရ လက်ထက် လေးလတကြိမ် ပြုလုပ်သည့် အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး အစည်းအဝေးများ၊ နိုင်ငံတော် အခမ်းအနားများနှင့် သ၀ဏ်လွှာများတွင်  ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြောဆိုသည်များနှင့် ထပ်တူညီမှုများကို တွေ့မြင်ရကြောင်း ဝေဖန်သုံးသပ်သည်။

ပြည်တွင်းအခြေစိုက် စီးပွားရေး ပညာရှင်တဦးကမူ ယင်းအစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်က “မိမိတို့နိုင်ငံသည် ရေ၊ မြေ၊ သဘာဝသယံဇာတများ ရှိပါလျက်နှင့် အကြောင်းကြောင်းကြောင့် ဖွံဖြိုးတိုးတက်မှု နောက်ကျကျန်ခဲ့ကြောင်းကို အားလုံး အသိပင် ဖြစ်ကြောင်း” ဆိုသည့် ပြောဆိုမှုကို ကြည့်ခြင်းဖြင့် နိုင်ငံတွင်ဖြစ်ပေါ်နေသည့် အခြေအနေမှန်ကို အစိုးရသစ် သိမြင်သည်ဟု ယူဆကြောင်း၊ ထိုကြောင့် အစိုးရသစ်၏ လုပ်ဆောင်ချက်များကို အချိန်ပေး စောင့်ကြည့်ရန်လိုအပ်ကြောင်း ပြောသည်။

“သမ္မတတယောက်အနေနဲ့ စိတ်ထဲမှာ အစစ်အမှန် တကယ်ပြောင်းချင်လို့ ပါးစပ်က ထုတ်ပြောတာပါ။ တကယ်လည်း စေတနာရှိရှိ အကောင် အထည်ဖော်မယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းကဆိုသည်။

ဦးသိန်းစိန်၏ တိုင်းပြည်စီးပွားရေး စီမံကိန်း အကောင်အထည်ဖော်ရေး ပြောဆိုမှုနှင့်ပတ်သက်၍ အကောင်းဘက်မှ ရှုမြင်ကြောင်း ဆက်လက်ပြောဆိုသည်။

ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကမူ တိုင်းပြည်၌ မတိုးတက်သောကဏ္ဍဟူ၍ မရှိဘဲ တိုင်းပြည်စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍများမှအစ အားလုံးတိုးတက်ကြောင်းကို အမြဲတစေ ပြောဆိုခဲ့သည်။

ဦးသိန်းစိန်၏ မိန့်ခွန်းတွင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ များအကြား ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ရန်လည်း ပြောဆိုခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က အစိုးရ မည်သို့ပင် ပြောင်းလဲသည်ဆိုသော်လည်း တိုင်းပြည်မှာမူ ဆင်းရဲတွင်းနက်နေသည့်အတွက် တိုင်းပြည်တိုးတက်ရေး ဖော်ဆောင်မှုနှင့် ပတ်သက်၍ အပြောချည်း သက်သက်မဟုတ်ဘဲ အမှန်တကယ် အကောင်အထည်ဖော်မည်ဆိုလျှင် ကြိုဆိုပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံရေးတည်ငြိမ်မှုလည်းလိုကြောင်း၊ သို့သော် အခြေခံကျသည့်  အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားအရေး၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး စသည့် အချက်များကိုမူ လျစ်လျူရှုထားကြောင်း ဝေဖန်သုံးသပ်သည်။

သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းတွင် နယ်စပ်ဒေသ တိုင်းရင်းသားများနှင့် ပတ်သက်၍ ယခင်အစိုးရလက်ထက်က ရရှိခဲ့သည့် ဖွံဖြိုးတိုးတက်မှုများကို ဆက်ခံပြီး ပိုမိုတိုးတက်အောင် ဆောင်ရွက်မည်ဖြစ်ပြီး ပြည်ထောင်စု အစိုးရ အာဏာ နယ်စွန်နယ်ဖျားရောက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသများတွင် တဖက်နိုင်ငံကို အထင်ကြီး အားကိုးစိတ်များ ပျောက်အောင်၊ တဖက်နိုင်ငံထက် သာလွန်ဖွံဖြိုးတိုးတက်အောင်၊ ကိုယ့်ဒေသကိုယ် ချစ်မြတ်နိုးပြီး ယုံယုံကြည်ကြည် ပူးပေါင်းဆောင်ရွက်လာစေရန်၊ နယ်စပ်ဒေသများ တည်ငြိမ်ဖွံဖြိုး တိုးတက်စေလိုသည့် မိမိတို့ စေတနာကို နားလည် သဘောပေါက် ယုံကြည်စေရန် လက်တွေ့လုပ်ကိုင်ရန် ပြောဆိုခဲ့သည်။

ကြံ့ဖွံ့ ယာယီ ဥက္ကဌ ဦးရွှေမန်း တာဝန်ယူ

E-mail Print
အစိုးရသစ် အောက်လွှတ်တော် ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းသည် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) ၏ ဒု ဥက္ကဌ အဖြစ် မကြာခင်က ပြုလုပ်ခဲ့သော ပါတီ အစည်းအဝေးမှတဆင့် ရွေးချယ်ခံခဲ့ရပြီး ယာယီ ဥက္ကဌ ရာထူး ကိုပါ ပူးတွဲ တာဝန် ထမ်းဆောင်နေပြီဟု သိရသည်။

ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းသည် ယခင် နအဖ စစ်အစိုးရ လက်ထက်တွင် တတိယ အဆင့်ရှိသူ ဖြစ်သည်။

General-Thura-Shwe-Mann-Mar-27-2005-sm
ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း (ဓာတ်ပုံ - ရိုက်တာ)
အစိုးရသစ် မထွက်ပေါ်လာမီက ကြံ့ဖွံ့ပါတီ ဥက္ကဌဖြစ်သူ ဦးသိန်းစိန်မှာ သမ္မတရာထူး ရွေးချယ်တာဝန်ပေးအပ်ခံရသည့် နေ့မှ စတင်ကာ ပါတီဥက္ကဌ ရာထူးကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ စွန့်လွှတ်ခဲ့ရပြီးနောက် ယင်း ပါတီ ဥက္ကဌ လစ်လပ်နေရာတွင် သူရ ဦးရွှေမန်းက ယခုကဲ့သို့ တာဝန်ယူလိုက်ခြင်းဖြစ်သည်ဟု နေပြည်တော် အသိုင်းအ၀ိုင်း က ဆိုသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်သမ္မတသည် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်နေ့မှစ၍ ရာထူး သက်တမ်း အတွင်း ပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရဟု ဖော်ပြပါရှိသည်။

ကြံ့ဖွံ့ပါတီ ထိပ်ပိုင်းခေါင်းဆောင်ပိုင်းအတွင်း၌ အာဏာလွန်ဆွဲပွဲများ ရှိနေကြကြောင်း၊ မကြာသေးခင်က ကျင်းပခဲ့သော ပါတီ အစည်းအဝေးတွင် သူရ ရွှေမန်းက ပါတီတွင်းမှာ“ဒီမိုကရေစီ”ရှိရန် ပြောကြားခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အလွန် ယုံကြည်ရသူအဖြစ် သတင်းကြီးသူ ဦးအောင်သောင်းကမူ ပါတီတွင်း စစ်တပ်ပုံစံ စည်းလုံးမူရှိရန် အလေးထား ပြောကြားခဲ့သည်ဟု ကြံ့ဖွံ့ပါတီနှင့် နီးစပ်သူတဦးက ဆိုသည်။

“တသွေး၊ တသံ၊ တမိန့် ဆိုတဲ့ စစ်တပ် ဆောင်ပုဒ်အတိုင်း လုပ်ဆောင်သွားဖို့ အရေးကြီးကြောင်း ဦးအောင်သောင်းက ဆက်လက်ပြောကြားသွားတယ်”ဟု ၄င်းက ဆက်လက်ပြောဆိုသည်။

ယခင်က ကြံ့ဖွံ့ပါတီတွင် မရှိခဲ့သော ဒု ဥက္ကဌ ရာထူးနှင့် အတွင်းရေးမှူး(၁)၊ အတွင်း ရေးမှူး (၂) ရာထူး နေရာအသစ်များကို မကြာသေးခင်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ထိပ်ပိုင်း ခေါင်းဆောင်တချို့နှင့် သီးခြားတွေ့ဆုံ အပြီး ယခုကဲ့သို့ နေ ရာ သစ်များပေါ်ထွက်လာခြင်းဖြစ်သည်ဟု နေပြည်တော်တွင် သတင်းများ ထွက်ပေါ်နေသည်။

အတွင်းရေးမှူး(၁) နေရာအတွက် ယခင်စက်မှု(၁) ၀န်ကြီး ဦးအောင်သောင်း၊ အတွင်းရေးမှူး(၂) နေရာအတွက် ယခင် စာတိုက်နှင့်ကြေးနန်း၊ ဆက်သွယ်ရေး ၀န်ကြီးဟောင်း ဦးသိန်းဇော် တို့ကို တာဝန်ပေးလိုက်ကြောင်းလည်း သိရှိရသည်။

ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူး နေရာအတွက် ဦးဌေးဦးက ဆက်လက်တာဝန်ယူဆောင်ရွက်လျက်ရှိပြီး အဆိုပါ တွေ့ဆုံပွဲအပြီးတွင် ယခင်ဝန်ကြီးဟောင်းများဖြစ်ကြသော ဦးသောင်း(သိပ္ပံနှင့်နည်းပညာဝန်ကြီး) အပါအ၀င် ဗိုလ်ချုပ်မှူးကြီး နှင့် အနီးဆုံးသူများက ပါတီထိပ်ပိုင်း ခေါင်းဆောင်တာဝန်များကို ယူကြမည်ဖြစ်ကြောင်းလည်း ပါတီတွင်း သတင်း များက ဆိုသည်။

လေ့လာစောင့်ကြည့်သူများ၏ အဆိုအရ ယခင်ဝန်ကြီးဟောင်းများနှင့် ဗိုလ်ချုပ်ဟောင်းများအကြား ကြံ့ဖွံ့ပါတီ ထိပ်ပိုင်း ခေါင်းဆောင် နေရာရရေးအတွက် အုပ်စုတိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရှိရသည်။

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း နိုင်ငံခြား ကုမ္ပဏီသစ်တွေ တိုးလာ


မြန်မာအစိုးရက တရုတ်၊ တောင်ကိုရီးယားနဲ့ စင်ကာပူ ကုမ္ပဏီတွေနဲ့ စာချုပ်ချုပ်ပြီး ရခိုင်၊ တနင်္သာရီနဲ့ ကရင်ပြည်နယ်တွေမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက်အသစ်တွေ လုပ်ဖို့ ပြင်ဆင်နေပါတယ်။ မြန်မာအစိုးရသစ်အဖြစ် ဖွဲ့စည်းလိုက်ပေမဲ့လည်း နိုင်ငံရဲ့ စီးပွားရေးကို စီမံခန့်ခွဲတဲ့ နေရာမှာတော့ ပြီးခဲ့တဲ့ စစ်အစိုးရ လက်ထက်တုန်းကအတိုင်း ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။
မြန်မာအစိုးရသစ်က ကမ်းလွန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက် ၄ ခု အပါအ၀င် ကရင်ပြည်နယ် အတွင်းမှာ သတ္တုရှာဖွေရေး လုပ်ငန်းတွေ၊ ကုန်းတွင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေကို တရုတ်၊ တောင်ကိုရီးယားနဲ့ စင်ကာပူ ကုမ္ပဏီတို့နဲ့ ဖက်စပ်လုပ်ကိုင်ဖို့ ပြင်ဆင်နေတယ်လို့ စနေနေ့ကပဲ သတင်းထုတ်ပြန်ပါတယ်။ မြန်မာအစိုးရသစ် လက်ထက်မှာ ပထမဆုံး ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကဏ္ဍမှာ ချုပ်ဆိုဖို့ ပြင်ဆင်နေတဲ့ အခု နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေမှာ နိုင်ငံတကာ ကုမ္ပဏီအသစ်တွေ ၀င်ရောက်လာတယ်လို့ ရွှေဂက်စ် လှုပ်ရှားမှု အဖွဲ့က ကိုဝင်းအောင်က ပြောပါတယ်။
“ပြီးခဲ့တဲ့နှစ်တွေက တရုတ်ကုမ္ပဏီတွေနဲ့ သူတို့ စမ်းပြီး လုပ်ခဲ့တယ်။ ဒါပေမဲ့ အိန္ဒိယ ကုမ္ပဏီတွေလည်း ပါတာပေါ့။ ကြည့်ရတာ သိပ်အဆင်မပြေဘူး ထင်တယ်။ ၂၀၀၈၊ ၂၀၀၉ Oil and Gas တူးတဲ့ မြေပုံကိုကြည့်တော့ အဲဒီကုမ္ပဏီတွေ လုပ်တာတွေ့တယ်။ ဒါပေမဲ့ အသစ်ထုတ်တဲ့ မြေပုံမှာကျတော့ အဲဒီကုမ္ပဏီတွေ မပါတော့ဘူး။ KMDC ဆိုတဲ့ဟာနဲ့ KBOC ဆိုတဲ့ ကုမ္ပဏီ ၂ ခုပေါ့။ အဲဒီကုမ္ပဏီ ၂ ခု လုပ်တာ တွေ့တယ်ခင်ဗျ။”
မြန်မာအစိုးရကတော့ မြန်မာနိုင်ငံဘက်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ ရာခိုင်နှုန်း ဘယ်လောက်အထိ ပိုင်ဆိုင်တယ် ဆိုတာကို ထုတ်ပြန်ထားခြင်း မရှိပါဘူး။ လက်ရှိ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက် အများစုမှာတော့ မြန်မာအစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏက ၁၅% ကနေ ၂၀% အထိပဲ ရှိနေတာ ဖြစ်တယ်လို့ ကိုဝင်းအောင်က ပြောပါတယ်။
“ထိုင်းကုမ္ပဏီရယ် နောက် Total က ပါတာပေါ့။ အဲဒီမှာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ကကျတော့ ၁၅% ပဲ တွေ့တယ်ခင်ဗျ၊ အဲဒီမှာ သူတို့ရဲ့ ပါဝင် ပိုင်ဆိုင်မှုကကျတော့။ သိပ်အများကြီးတော့ မပါဘူး။ Block တွေ တော်တော်များများမှာ သူတို့က ၁၅%၊ ၂၀% ပဲ အများဆုံးပါတာ တွေ့တယ်၊ လောလောဆယ်ရှိတဲ့ Block တွေမှာ။”
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်မှု မရှိတာဟာ ဖျက်သိမ်းလိုက်တဲ့ စစ်အစိုးရ လက်ထက်က လုပ်နည်းလုပ်ဟန် အတိုင်းပဲ ဖြစ်တယ်လို့ ပြောပါတယ်။
“ရင်းနှီးမြှုပ်နှံမှုတွေမှာ ပွင့်လင်းလာနိုင်တဲ့ အနေအထားတခု ဆိုရင် လုပ်တာကိုင်တာတွေက အစ အကုန်လုံးကို ဒေသခံတွေရော၊ ပြည်သူလူထုတွေရော တစုံတခုအထိ ပေးသိနိုင်တဲ့ အနေအထားတခု၊ အဲဒီ လက္ခဏာတွေ ပြရမယ်။ အစိုးရ ကိုယ်တိုင်ကလည်း ကိုယ့်တိုင်းပြည်မှာရှိတဲ့ ငွေကြေး ဘဏ္ဍာအခွန် ဆိုင်ရာတွေမှာ သူတို့အနေနဲ့ တစုံတခုအထိ ပွင့်ပွင့်လင်းလင်း ဖော်ပြသင့်တဲ့ ဟာမျိုးတွေ ရှိတယ်လေ။ သူတို့အနေနဲ့ အဲဒီဟာတွေကို တကယ့်တကယ် ပြည်သူလူထုဆီ ဖွင့်ဟနိုင်တဲ့ အနေအထားတခုမှ ပွင့်ပွင့်လင်းလင်း ရှိတယ်လို့ ပြောလို့ရမယ်။”
မြန်မာနိုင်ငံရဲ့ ကုန်းတွင်းနဲ့ ကမ်းလွန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက်ပေါင်း ၇၅ ခုမှာ နိုင်ငံတကာ ကုမ္ပဏီပေါင်း ၄၅ ခုက ၀င်ရောက် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်မှာတော့ မြန်မာနိုင်ငံကနေ ပြည်ပကို တင်ပို့ ရောင်းချနိုင်တဲ့ ဓာတ်ငွေ့ ပမာဏက ၈.၂၉ ဘီလီယံ ကုဗမီတာ ရှိနေတယ်လို့လည်း သတင်းတွေက ဖော်ပြကြပါတယ်။

မြန်မာ ၀ီကီလိခ် တွင် စောင့်မျှော် ဖတ်ရှုပါ

စွမ်းအားရှင်များ အား အစိုးရ ၏ လက်ကိုင်တုတ် အဖြစ် လှို့ ဝှက် စစ်သတင်တန်း ပို့ ချ နေသည် ဆို သည့် ပုဂံ မြို့ 
စစ်တပ် ကို မယုံသဖြင့် ကြံ့ဖွတ် လက်နက် ၀ယ်စုသည့် ကြံ့ဖွတ်  (၀ီကီလိခ်)
Myanmar Ruling party secretly buy weapon and covert training on loyalists set up rival army
နေတိုး လာတိုက် ရင် ကျုပ် အသေခံ ပြီး ပြန်တိုက် မယ် ( မြို့ တော် ၀န် ဗိုလ်မှုးချုပ် ဟောင်း အောင်သိန်းလင်း)

ခါးပိုက်ဆောင် တပ် တွေ တစ်ခောတ် ပြန်ထ လာ မလား ပဲ (မန္တလေး မြို့ မှ ကျောင်းဆရာ တစ်ဦး)

နန္ဒာလှိုင်ရဲ့ ဒုတိယသမီးလေး ဇေရတီလှိုင်

Zay Thiha, Nandar Hlaing and their two daughters, Zay Wati Hlaing and Zay Yati Hlaing on April, 2011


နန္ဒာလှိုင်ရဲ့ ဒုတိယသမီးလေး ဇေရတီလှိုင်ကို ဧပြီလ (၁၉) ရက်နေ့က SCC အထူးကုဆေးခန်းမှာ မွေးဖွားခဲ့ပါတယ်။ နန္ဒာလှိုင် နဲ့ ဇေသီဟ တို့ဟာ ၂၀၀၈ ခုနှစ် မေလက လက်ထပ်ခဲ့ကြပြီး အခုဆိုရင် ဇေ၀တီလှိုင် နဲ့ ဇေရတီလှိုင် ဆိုတဲ့ သမီးငယ်လေး နှစ်ယောက်ကို ပိုင်ဆိုင်ထားပါပြီ။

2011年4月23日土曜日

ထိုင်းနှင့် မြန်မာ တချိန်တည်း ရုပ်သံလိုင်းပြတ်တောက်မှုဖြစ်

E-mail Print
ထိုင်းနိုင်ငံတွင် အာဏာသိမ်းမည် ဆိုသော ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့ပြီး ထိုင်း ရုပ်သံလိုင်းတချို့ ပြတ်တောက်ခြင်း များရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း မြန်မာ့ ရုပ်မြင်သံကြားနှင့် နေပြည်တော်ရှိ ရေဒီယိုအစီအစဉ်များ ပြတ်တောက်ခဲ့ကြောင်း သိရသည်။

thaicom5
Thaicom 5 ဆက်သွယ်ရေး ဂြိုဟ်တုသည် နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ယမန်နေ့ညနေပိုင်းက ၃ နာရီခန့် ရုပ်သံလွှင့်မှုတချို့ ရပ်ဆိုင်းပြီးနောက် ပုံမှန်ပြန်ဖြစ်ခဲ့သည် (ဓာတ်ပုံ - The Nation)
Thaicom 5 ဆက်သွယ်ရေး ဂြိုဟ်တု၏ စက်ချို့ယွင်းမှုကြောင့် ရန်ကုန်မြို့နှင့် နေပြည်တော် ခရိုင် တပ်ကုန်းမြို့တို့မှအပ ကျန် မြို့များတွင် ရုပ်မြင် သံကြားအစီအစဉ်များ ညနေ ၄ နာရီမှ စတင်၍ ည ၇ နာရီ အထိ ပြတ်တောက်သွားခဲ့ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာတွင် ဖော်ပြထားသည်။

ယင်း စက်ချို့ယွင်းမှုကြောင့် နေပြည်တော်တွင်လည်း မြန်မာ့အသံရေဒီယို အစီအစဉ်များ ထုတ်လွှင့်နေစဉ် မြန်မာနိုင်ငံအောက် ပိုင်းဒေသတချို့၌ မိနစ် ၃၀ ခန့် အကြာ ပြတ်တောက်သွားခဲ့ပြီးနောက်ပိုင်း အားလုံးပုံမှန်တင်ဆက် ထုတ်လွှင့်ပေးနိုင်ခဲ့ကြောင်း သတင်းစာက ဆိုသည်။

Thaicom 5 ဆက်သွယ်ရေး ကုမ္ပဏီက ၎င်းတို့နှင့် ချိတ်ဆက်ထားသော လိုင်းပြတ်တောက်မှုသည် ထိုင်းနိုင်ငံ နိုထပ်ဘူရီ ခရိုင်ရှိ ဂြိဟ်တု စက်ချို့ယွင်းမှုသာ ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် The Nation နှင့် ဘန်ကောက်ပို့စ် သတင်းစာများက ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ထိုင်း စစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Dapong Rattanasuwan က ဘန်ကောက်၊ ပလာကျင်ဘူရီနှင့် ကန်ချနဘူရီမြို့ များရှိ တပ်မှူးများနှင့် ၎င်း၏ နေအိမ်တွင် တွေ့ဆုံဆွေးနွေးမှု နှင့် ပတ်သက်၍ ရှင်းလင်းချက် ထုတ်ပြန်ရန် ပြည်ပရောက် ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို ထောက်ခံသော ရှပ်နီခေါင်းဆောင်များက ပြောဆိုထားသည်။

ယင်းတွေ့ဆုံဆွေးနွေးခဲ့သော တပ်မှူးများသည် လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်တွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ဖြုတ်ချ၍ အာ ဏာသိမ်းမှု၌ ပါဝင်ခဲ့သူများ ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ယခုရက်ပိုင်းအတွင်း ရှပ်နီခေါင်းဆောင်များ အနေဖြင့် စစ်တပ် က အာဏာသိမ်းမှုများ ဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်ဟု ဆိုသည်။

မြန်မာ ပြည်ပခရီးသွား လာရောက်နှုန်း မြင့်မားလာ

E-mail Print
မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွား ၀င်ရောက်မှုနှုန်းမှာ ယခင်နှစ် ဒီဇင်ဘာလထက် ယခုနှစ် ဇန်န၀ါရီလတွင်၂၇ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း သိရသည်။

အရှေ့တောင်အာရှအတွင်း ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား စသည့် နိုင်ငံများထက် ရာခိုင် နှုန်း ပိုများကြောင်း ယခုလဆန်း၌ The Pacific Asia Travel Association (PATA) က ထုတ်ပြန်ထားသည်။

travel-trip-myanmar-tourism-2011
ယမန်နှစ် နိုဝင်ဘာ လဆန်းက ရန်ကုန်မြို့ ဒလ မြို့နယ်တွင် ဆိုက်ကားစီး၍ လည်ပတ်နေသော နိုင်ငံခြားသား ခရီးသွားများကို တွေ့ရစဉ် (ဓာတ်ပုံ - Khin Maung Win / AP)
PATA က အရှေ့တောင်အာရှရှိ ခရီးသွားနေရာများ အားလုံးတွင် မှတ်တမ်းယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုနှစ်ဆန်းက ကောက်ယူသည့်စာရင်းများအရ ဗီယက်နမ်၌ ၂၂ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားက ၁၈ ရာခိုင်နှုန်း၊ ဖိလစ်ပိုင် နိုင်ငံ တွင် ၁၇ ရာခိုင်နှုန်း၊ စင်ကာပူတွင် ၁၆ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံတွင် ၁၂ ရာခိုင်နှုန်းနှင့် အင်ဒိုနီးရှားတွင် ၁၁ ရာခိုင်နှုန်း နိုင်ငံခြား သား ခရီးသွားများ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

သင်္ဘောအမှုထမ်း ၁၇၇ ဦး၊ ကမ္ဘာလှည့်ခရီးသည် ၂၉၂ ဦးပါရှိသည့် MS Columbus ကမ္ဘာလှည့် အပျော်စီး သင်္ဘောသည် ဧပြီ လ ၆ ရက်နေ့က ရန်ကုန်သို့ဆိုက်ရောက်ခဲ့ပြီး ရန်ကုန်မြို့တွင်း၊ သန်လျင်နှင့် ပဲခူးမြို့များသို့ လည်ပတ်ခဲ့သည်ဟု ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ထို့အပြင် ဧပြီလ ၇ ရက်နေ့က အမေရိကန် အခြေစိုက် Oceania Crusies မှ ကမ္ဘာလှည့်ခရီးသည် ၆၃၁ ဦးနှင့် သဘောင်္ဝန် ထမ်း ၃၉၈ ဦး ပါရှိသည့် အပျော်စီးသင်္ဘော M.V Nautics သည်လည်း သန်လျင်မြို့နယ် အပြည်ပြည်ဆိုင်ရာ သီလ၀ါ ဆိပ် ကမ်း သို့ ဒုတိယအကြိမ် ရောက်ရှိလာခဲ့ပြီး ရန်ကုန်မြို့တွင်း၊ ပဲခူး၊ ပုဂံ - ညောင်ဦးနှင့် မန္တလေးမြို့များသို့ သွားရောက်လေ့လာ ခဲ့သည်ဟု ဆက်လက် ဖော်ပြထားသည်။ 

ယင်းကဲ့သို့ ကမ္ဘာလှည့်ခရီးသွား တိုး၍ရောက်ရှိလာခြင်းသည် မြန်မာ့သဘာဝအလှအပများ၏ ဆွဲဆောင်မှု၊ ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်နိုင်မှု၊ မြန်မာတို့၏ဧည့်ဝတ်ကျေပွန်မှု၊ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းသာယာမှုများက ဖော် ညွှန်းပြဆိုလျက်ရှိသည်ဟု သတင်းစာတွင် ရေးသားထားသည်။

“အရင်နှစ်တွေကထက် စာရင် ၂၀၀၉ အကုန်လောက်ကနေ အခုနှစ်ဆန်းပိုင်းအထိ ပြည်ပ ဧည့်သည် တော်တော်ဝင်တယ်။ ဥပမာ - စပိန်၊ ဂျာမန်ဘက်ကို ကိုယ်က Package Tour ပိုရောင်းထားတယ်ဆို ရောင်းထားတဲ့ နိုင်ငံအလိုက် အကုန်အလုပ်ဖြစ် တော့ ဒီနှစ် နိုင်ငံစုံက ပြည်ပခရီးသွားတွေ တော်တော်များများတွေ့ရတယ်”ဟု Moon Princess ခရီးသွား ၀န်ဆောင်မှု ကုမ္ပဏီ မှ တာဝန်ရှိသူတဦးက ပြောသည်။

လာရောက်သည့် ပြည်ပခရီးသည် အများစုသည် မြောက်ဦးရှိ ဘုရားပုထိုးများ၊ ပုဂံဒေသရှိ ယဉ်ကျေးမှုလက်ရာများနှင့် မန္တလေး မြို့ရှိ ယဉ်ကျေးမှုအမွေအနှစ်များရှိရာဒေသသို့ သွားရောက်လေ့လာမှု ပိုများကြောင်း၊ အဆိုပါ ယဉ်ကျေးမှုအမွေအနှစ်များသည် ပြည်ပခရီးသွားများကို အကောင်းဆုံးဆွဲဆောင်နိုင်မှုတခုဖြစ်ကြောင်း မန္တလေးမြို့ရှိ ခရီးသွား ကုမ္ပဏီတခု၏ ဧည့်လမ်းညွှန် တဦး က ပြောပြသည်။

ယင်းကဲ့သို့ ယဉ်ကျေးမှု အမွေအနှစ်များဖြင့် ပြည်ပ ခရီးသွားဝင်ရောက်မှုနှုန်းကို မြှင့်တင်ရာတွင် ဗီယက်နမ်နိုင်ငံသည် Phu Yen(Dabia) တောင်တန်း ခရီးစဉ်သစ်တခုကို အထူး အစီအစဉ်များဖြင့် ဆွဲဆောင်ခေါ်ယူမှုများ ယခုနှစ်အတွင်း စတင် နေ သည်။

ထို့အပြင် ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်ရှိ ရှေးဟောင်းဘုရားပုထိုးများကို မပြုပြင်ဘဲ ရှေးဟောင်း အမွေအနှစ်များအဖြစ် ထိန်းသိမ်း ပြသထားသည်။ စစ်အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ တ၀န်းရှိ စေတီ ပုထိုးများကို ပြုပြင်ပြောင်းလဲမှု အများအပြား ပြုလုပ်ခဲ့ရာ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးခဲ့ကြောင်း ပညာရှင်များက ဝေဖန် ပြောဆိုခဲ့ကြသည်။

ခရစ်နှစ် ၁၆၃၆ ခုနှစ် သာလွန်မင်း လက်ထက်က တည်ထားခဲ့သော ကောင်းမှုတော် စေတီတော်ကြီးကို မြန်မာနိုင်ငံ၏ ထင်ရှားသော ရှေးဟောင်းအမွေအနှစ် စေတီတဆူအဖြစ် သတ်မှတ်ထားခဲ့ကြသော်လည်း စစ်အစိုးရလက်ထက်တွင် ထုံးသင်္ကန်းမှ ရွှေသင်္ကန်းသို့ ပြောင်းလဲခဲ့ရာ ရှေးလက်ရာများပျက်စီးခဲ့ရသည်။

“မြန်မာ့ယဉ်ကျေးမှု အနုပညာလက်ရာ ရှေးဟောင်းအမွေအနှစ်များ တည်ရှိရာ ပုဂံယဉ်ကျေးမှု နယ်မြေသည် နိုင်ငံတကာ ခရီး သွား လောကတွင် ထူးခြားမှုတခုအဖြစ် ထင်ရှားလျက်ရှိသည်။ ထို့ကြောင့် ကမ္ဘာလှည့်ခရီးသွားများ တိုးမြှင့်ရောက်ရှိလာခြင်း သည် နိုင်ငံအတွက် ဂုဏ်ယူဖွယ်ရာဖြစ်ပြီး တန်ဖိုးမဖြတ်နိုင်သည့် သဘာဝသယံဇာတ အရင်းအမြစ်များ၊ ယဉ်ကျေးမှု အမွေအနှစ် များကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ခြင်း၏ အကျိုးရလဒ်များဖြစ်သည်”ဟု အစိုးရသတင်းစာ က ရေးသားထားသည်။

ပုဂံမြို့အနီး ဧရာဝတီမြစ်ကမ်းနဖူး၌ ပျူစောထီးလက်ထက်ကတည်းက ထုံးစေတီအဖြစ် တည်ထားခဲ့သည့် ဗူးဘုရားသည် လည်း ယခုအချိန်တွင် ရှေးခေတ်လက်ရာ စေတီတော်အဖြစ် မတွေ့ရတော့ဘဲ ပြုပြင်မွမ်းမံထားသည့် မှန်စီရွှေချ ရွှေသင်္ကန်း ကပ် စေတီတဆူအဖြစ် ပြောင်းလဲသွားသည်။

ပုဂံခေတ် စေတီပုထိုးများကို ထုံးသုတ်ခြင်း၊ စေတီငယ် ထပ်တင်ခြင်း၊ နံရံဆေးရေး ပန်းချီများကို ထုံးသုတ်ခြင်း စသည်ဖြင့် ပြုပြင်ပြောင်းလဲမှုများကြောင့် အနုပညာလက်ရာများ ပျောက်ပျက်ကုန်သည့်အပြင် အာဏာပိုင်များက ၎င်းတို့ အာဏာရှိချိန် ပြုပြင်ပြီးခဲ့သည့် ဘုရားများကို ကိုယ်ပိုင်ဘုရားများသဖွယ် “ပြုပြင်သူ၏ ကောင်းမှု”ဟု ဘုရား အသီးသီးတွင် ကမ္ပည်း ထိုးထားကြ သည်ကို တွေ့ရသည်။
You might also like:

သာသနာရေးဝန်ကြီးဌာန သတင်းပေါက်ကြားမှု ဝန်ထမ်းများကို စစ်ဆေး

E-mail Print
သာသနာရေး ၀န်ကြီးဌာန၏ ဌာနတွင်း သတင်းတချို့ ပြည်ပမီဒီယာများသို့ ပေါက်ကြားမှုဖြင့် နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ သာသနာရေး ၀န်ထမ်းများ မကြာခဏ ခေါ်ယူစစ်ဆေး မေးမြန်းခံနေရကြောင်း သိရသည်။

ထိုသို့ စစ်ဆေး မေးမြန်းခဲ့သော်လည်း ၀န်ထမ်းများထံမှ တိကျသောအဖြေ မရရှိခြင်းကြောင့် သံသယရှိသူ ၀န်ထမ်းတချို့ နယ်ပြောင်း အရေးယူ ခံနေရသည်ဟု နေပြည်တော် သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာန ၀န်ထမ်းတဦးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၁ ဇန်န၀ါရီ ၁၄ ရက်က ကရင်ပြည်နယ် ဘားအံမြို့နယ် သာသနာရေး ဦးစီးဌာန၊ သာသနာရေး ဒုတိယ ဦးစီးမှူး မမြတ်လေးမော် (ခ) ကွန်းပီး၏ လက်ဝယ်မှ ၁၀၀၀ ကျပ်တန် ငွေစက္ကူအတုများ တွေ့ရှိခဲ့ခြင်းကြောင့် မွန်ပြည်သစ်ပါတီက ၎င်းအား ဖမ်းဆီးခဲ့ရသည်ဟု ပြည်ပအခြေစိုက် မွန်သတင်းဌာန တခုဖြစ်သော ကောင်းဝါ (Kaowao.org) တွင် ဇန်န၀ါရီ ၁၈ ရက် နေ့စွဲဖြင့် ဖော်ပြခဲ့သည်။

ငွေအတုနှင့် ရော်ဘာဝယ်သူ အစိုးရ အရာရှိတဦးကို မွန်ပြည်သစ်ပါတီက ဖမ်းဆီးရမိသည် ဆိုသည့် သတင်းအရ ငွေစက္ကူ အတု လက်ဝယ်ရှိသူ မမြတ်လေးမော် (ခ) ကွန်းပီးသည် ဇန်န၀ါရီ ၁၄ ရက်က ကြာအင်းဆိပ်ကြီးမြို့နယ်၊ တောင်ပေါက် ကျေးရွာနေ မိရင်လေးထံမှ ရော်ဘာ ကျပ် ၂ သိန်းဖိုး ၀ယ်ယူခဲ့သည်ဟု သိရသည်။

မိရင်လေးက အဆိုပါငွေဖြင့် မုဒုံမြို့တွင် ကုန်ပစ္စည်းများ သွားရောက်ဝယ်ယူရာ ငွေစက္ကူအတုများ ဖြစ်နေကြောင်း သိရသဖြင့် ကြာအင်း ဆိပ်ကြီးမြို့နယ်၊ အင်းခွကျေးရွာ အခြေချ၊ မော်လမြိုင်ခရိုင်၊ မွန်ပြည်သစ်ပါတီပါတီ အရာရှိများထံ တိုင်ကြားခဲ့သည်။

မွန်ပြည်သစ်ပါတီက မမြတ်လေးမော် (ခ) ကွန်းပီးအား ဖမ်းဆီးလိုက်ပြီး ၎င်းတည်းခိုနေသည့်အိမ်တွင် ဆက်လက်ရှာဖွေရာ ငွေစက္ကူအတု ကျပ် ၄ သိန်း တွေ့ခဲ့ရသည်ဟု ကောင်းဝါသတင်းတွင် ဖော်ပြထားသည်။

တရားခံအား မွန်ပြည်သစ်ပါတီနှင့် မုဒုံရဲစခန်းတို့က အဆင့်ဆင့် စစ်ဆေးကာ နေပြည်တော် သာသနာရေး ၀န်ကြီးဌာနသို့ လွှဲပြောင်းခဲ့သည်ဟု နေပြည်တော် ၀န်ထမ်း အသိုင်းအ၀န်းက ဆိုသည်။ နေပြည်တော် သာသနာရေး ၀န်ကြီးဌာန တာဝန်ရှိသူများက မမြတ်လေးမော် (ခ) ကွန်းပီးအား ရှမ်းပြည်နယ် သာသနာရေး ဦးစီးမှူးရုံးသို့ နယ်ပြောင်း အပြစ်ပေးခဲ့သည်ဟု သိရသည်။

အလားတူ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၁ နှစ်ဆန်းကလည်း ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသဏ လိုဏ်ဂူနံရံထက်ရှိ ပြာသာဒ် ကြေးပြားများ ပျောက်ဆုံးခြင်း၊ သံဃာ့ရေးဖြေ စာမေးပွဲ မေးခွန်းလွှာများ ပြင်ပတွင် ပေါက်ကြားခြင်း၊ ပုဂံမြို့ သာသနာ့ ဗိမာန်တော် တည်ဆောက်ရေးလုပ်ငန်း၌ ၀န်ကြီး၏ ညွှန်ကြားမှုဖြင့် သာသနာရေးဝန်ထမ်းများကို အဓမ္မ လုပ်အားပေး ခိုင်းစေခြင်း၊ သာသနာရေး ၀န်ကြီးဌာနပိုင် ဂိုဒေါင်၊ မြေနေရာ၊ ပုံနှိပ်စက်၊ ဓားစက်များကို ဌာနတွင်း ငွေစာရင်းရှင်းတမ်း ထုတ်ပြန်ခြင်း မပြုဘဲ ပုဂ္ဂလိက လုပ်ငန်းတခုအား ငှားရမ်းလိုက်ခြင်း စသည့် သာသနာရေး ဝန်ကြီးဌာန သတင်းများကို ပြည်ပအခြေစိုက် မီဒီယာများတွင် ရေးသား ဖော်ပြခဲ့သည်။

အဆိုပါ သတင်းများ ပြည်ပ မီဒီယာများသို့ ပေါက်ကြားမှုနှင့် ပတ်သက်၍ နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ သာသနာရေး ဦးစီးဌာန အသီးသီး၏ ၀န်ထမ်းများစွာအား ခေါ်ယူစစ်ဆေး မေးမြန်းခြင်း၊ နယ်ပြောင်း အပြစ်ပေးခြင်းများကြောင့် တာဝန် ထမ်းဆောင် ရသည်မှာ စိတ်ကျဉ်းကျပ်ဖွယ် ဖြစ်နေသည်ဟု သာသနာရေး ၀န်ထမ်းအများစုက ပြောနေကြသည်။

အတည် မပြုနိုင်သော သတင်းများ၏ အဆိုအရ ယခုနှစ် သင်္ကြန်ရက် မတိုင်မီက သာသနာရေး ၀န်ထမ်း ၂၀ ခန့်ကို နယ်စပ်ဒေသ သာသနာရေး ဦးစီးရုံးများသို့ ရွှေ့ပြောင်းခဲ့သည်ဟု သိရသည်။

“ဒီသတင်းတွေ ဘယ်ဝန်ထမ်းတွေဆီက ထွက်သလဲ ဆိုတာ ပြဿနာရဲ့ အဖြေ မဟုတ်ဘူး။ ဖြစ်စဉ်မှန်၊ မမှန် သုံးသပ်၊ မှန်ရင် တာဝန်ရှိသူတွေကို အရေးယူ၊ မှားနေရင် ဌာနတွင်း ၀န်ထမ်းတွေကို အမြင် မစောင်းအောင် ရှင်းလင်း၊ ၀န်ကြီး အဆင့်ကနေ ၀န်ထမ်းငယ်အထိ ဌာနတွင်း အရေးယူမှု တတန်း တစားတည်း ဖြစ်သင့်တယ်” ဟု ပြည်တွင်း နိုင်ငံရေးလေ့လာသူ တဦးကပြောသည်။

အလားတူ သတင်းစာ ဆရာကြီး တဦးကလည်း ပြည်သူများ၏ တုံ့ပြန်မှု၊ မီဒီယာများ၏ အပြုသဘောဆောင်သည့် အကြံပြုချက်၊ ဝေဖန်ထောက်ပြချက်များကို အလေးထားသင့်ကြောင်း၊ ဌာနတွင်း လုပ်ထုံးလုပ်နည်းနှင့် စည်းကမ်းများကို လျစ်လျူရှုခြင်း၊ ကုန်ကျစရိတ်နှင့် အလေအလွင့်များကို အလေးမထားခြင်း၊ နိုင်ငံတော်က အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကို တလွဲ
အသုံးချနေခြင်းနှင့် အဂတိ လိုက်စားခြင်းများကို မီဒီယာများက ဝေဖန်ထောက်ပြနေရမည် ဟု ဆိုသည်။

သာသနာရေး ၀န်ကြီးဌာန ၀န်ကြီး သူရဦးမြင့်မောင်သည် ယခုနှစ် မတ်လ ၃၀ ရက်နေ့က ကျမ်းကျိန်ခဲ့သည့် အစိုးရသစ်တွင် မူလဌာန ၀န်ကြီးအဖြစ် ပြန်လည်နေရာ ရခဲ့သည်။

၎င်းသည် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကာလက “ဓမ္မစက်နှင့် တားမြစ်၍ မရပါက အာဏာစက် ကျင့်သုံးရပါလိမ့်မည်” ဟု နိုင်ငံတော် သံဃမဟာနာယက အဖွဲ့အား လျှောက်တင်ခဲ့သူဖြစ်ပြီး လက်တွေ့ အကောင်အထည် ဖော်ခဲ့သူလည်း ဖြစ်သည်ဟု သာသနာရေး ၀န်ထမ်းများအကြား ဝေဖန်ပြောဆို နေကြသည်။

ကုန်ဈေးနှုန်း ကြီးမြင့်မှု ကြောင့် တရုတ် ပြည်တွင် ထရပ်ကား မောင်းသူများ သုံးရက် မြောက် ဆက်လက် ဆန္ဒပြ

ရွပ်ရွပ် ချွံချွံ ဆန္ဒပြသည့် ထရပ် ကား မောင်း သူ တစ်ဦး ကို ရှန်ဟိုင်း ရဲတပ်ဖွဲ့ က အကြမ်းဖက် နှိပ်စက် ဖမ်းဆီး နေ စဉ် photo: WSJ
FNG၊           ၊တရုတ်ပြည် တွင် ကုန်းဈေးနှုန်း ကြီးမြင့် မှု နှင့် လောင်စာ ဆီ ဈေးနှုန်း ကြီးမြင့်မှု ကြောင့်
တရုတ်
နိုင်ငံ ၏ အကြီး ဆုံး ဆိပ်ကမ်း မြို့ ဖြစ်သည့် ရှန်ဟိုင်း မြို့ ရှိ ဘိုရှန်း ခရိုင် ကုန် သေတ္တာ လွင်ပြင်
အနီး တွင်သုံး ရက် မြောက် နေ့ အဖြစ် ယနေ့ ဆက်လက် ဆန္ဒပြ နေသည် ဟု သတင်း ရရှိသည်။ထရပ်ကား အစီး ၂၀၀ ကျော်  နှင့် ဆန္ဒပြသူ ၈၀၀ ကျော်က လမ်းများ ကို ပိတ် ဆို့  ဆန္ဒပြခြင်း ဖြစ်
ပြီး တရုတ် အာဏာပိုင် များ က ရဲ  နှင့် လုံခြုံ ရေး အင်အား ၁၀,000  ကျော် ချထား ကာ ဆန္ဒပြမှု
ကို ဖြိုခွဲခြင်း မပြု သေး သော် လည်း ဆွေးနွေး မည်ဟု အကြောင်း ပြကာ ဆန္ဒပြ ခေါင်း ဆောင်
အချို့ ကို ဖမ်းဆီးမှု များ ရှိသည်။
______________________________________________________________
The protests also suggest that tensions are growing in China over the gulf between
the nation’s tiny elite and its poor majority. Incomes are rising, but inflation is
squeezing families and small business people like self-employed truckers, while
profits at major state-owned companies are higher than ever.
The New York Times report from CHINA
______________________________________________________________
ပူဒေါင် ခရိုင် တွင် လည်း ဆန္ဒပြသူ ၄၀၀ ကျော်က ကုန်ဈေးနှုန်း ကြီးမြင့်မှု ဖြေရှင်း ပေးရန် တောင်း
ဆို ဆန္ဒပြ ကြသည်။
ဘိုရှန်း တွင် ဆန္ဒပြ နေသည့် ထရပ်ကား မောင်း သူ တစ်ဦးက ကျွန်တော် တို့  တောင်းဆို ထား
တာတွေ ကို အစိုးရက မဖြေရှင်း ပေး သမျှ ကျွန်တော် တို့ ဒီနေ ရာ ကနေ ဆုတ် ခွာ မှာ မဟုတ်
ဘူး လို့  နယူး ယောက် တိုင်း သတင်းစာ ကို ပြောသည်။
တရုတ် ပြည်တွင် မတ်လ နှောင်းပိုင်း မှ စ၍ ကုန်ဈေးနှုန်းများ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၊
ငွေကြေး ဖောင်းပွမှု နှင့် လောင်စာ ဆီ ဈေးနှုန်းများ မြင့်တက်မှု့ ကြောင့် နိုင်ငံ တွင်း ဉ် မငြိမ်
မသက်မှု များ ဖြစ်ပေါ်ခဲ့သည်။
တရုတ် အစိုးရက ငွေကြေး ဖောင်းပွ မှု များကို  ဖြေရှင်း နိုင် ရန် အစွမ်း ကုန် ကြိုစား သော်
လည်း အရာ မထင် ဖြစ်နေဆဲ ဖြစ်သည်။
ထရပ်ကား မောင်းသူ များ ၏ တောင်းဆို ဆန္ဒပြမှု ဓာတ်ပုံ- www.reuters.com
Related Articles

2011年4月7日木曜日

နေရွှေသွေးအောင် ၏ သင်္ကြန် မဏ္ဍပ် ပြည်လမ်း တွင် ဆောက်လုပ်

FNG၊ ၊မြန်မာ စစ်အာဏာရှင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ မြေးဖြစ် သူ နေရွှေ သွေးအောင်
က မြန်မာ
နှစ်သစ်ကူး အတာသင်္ကြန် တွင် ရေပက်ကစားရန် အတွက် မဏ္ဍပ် စတင် ဆောက်လုပ်
နေပြီ
ဖြစ်ကြောင်း Freedom News Group မှ သတင်း ရရှိသည်။ ၂၀၀၉ ခုနှစ် က သူ၏ ရေပက် မဏ္ဍပ် ကို ရန်ကုန်မြို့ အင်းလျှားလမ်း တွင် ဆောက်လုပ်ခဲ့ပြီး
ယခု ဆောက် လုပ် နေသည့် မဏ္ဍပ် မှာ ယခင် နှစ်က မဏ္ဍပ် ဟောင်း နေရာ အနီး တွင် ပင်
ဖြစ်သည် ဟု သူ၏ မိတ်ဆွေ တစ်ဦး က ပြောသည်။
ယခင် နှစ် သင်္ကြန် က ရန်ကုန် မြို့ ကန်တော်ကြီး ကန် ပတ်လမ်း နှစ်သစ် ကူးကာလ
ဗုံးပေါက်ကွဲ မှု ဖြစ်ပွားခဲ့ ပြီး လူလေးဆယ် ကျော် သေဆုံး ပြီး ၁၀၀ ကျော် ဒဏ်ရာ ရရှိခဲ့ခြင်း
ကြောင့် ယခု နှစ် တွင် ရန်ကုန် မြို့ ဉ်  သင်္ကြန် ရေပက် မဏ္ဍပ် များ နည်းသွား ခဲ့သလို
ကုန်ဈေးနှုန်းကြီး မြင့် မှု ကြောင့် ပြည်သူ လူထု မှာ ပွဲလန်း သဘင် များ တွင် မပျော်ပါး နိုင်
ပဲ ဆင်း ရဲ တွင်း နက်နေကြသည်။
ထိုမဏ္ဍပ် ဆောက်လုပ်သည့် နေရာ အနီး တ၀ိုက်ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်က  လုံခြုံရေး
ယူပေးထားပြီး ဦးဇော်ဇော် ၏ Max Myanmar က တာဝန် ယူဆောက် လုပ်ပေးနေသည်
ဟု သိရသည်။
အကျယ်ပေ ငါးရာ ကျော်ခန့် ရှိသည့် ထို မဏ္ဍပ် သည် ရန်ကုန် တိုင်း စစ်ဌာနချုပ်မှ နေ၍
မြန်မာ သင်္ကြန် မဏ္ဍပ် များ အတွက် ထုတ် ပြန် ထားသည့် စည်းကမ်းချက် များ နှင့် မညီ ဟု
ဆိုသည်။
ယမန် နှစ် က ဗုံး ပေါက် ကွဲမှု သည် နေ ရွှေ သွေး အောင် နှင့် ပတ် သက် သည့် ရန်ညှိုး ရန်စ
များ ကြောင့် အာဏာပိုင် အဖွဲ့ အစည်း ငယ်များ က သုံး သပ် ထား ကြသည်။
နေရွှေသွေး အောင် ၏ ရေပက် မဏ္ဍပ် နှင့် ပတ် သက် ပြီး ရန်ကုန် မြို့ မှ  စာနယ် ဇင်း ဆရာ
တစ်ဦး က မူ ” တိုင်း ပြည်က ငတ် နေတယ် ဗျာ တောင်း ရမ်း သူတွေ ထဲ မှာ သက်ကြီး ရွယ်
အို တွေ တောင် ပါနေပြီ သူ တို့  ကတော့ တိုင်း ပြည် ဘဏ္ဍာ ထိုင်ဖြုန်း လို့ ကောင်း တုန်း
ပဲ ” ဟု Freedom News Group သို့ ပြောသည်။

အိုင် ဝေေ၀ အပါအ၀င် လူထုအုံကြွ ပေါ်ပေါက်ရန် လှုံ့ ဆော် သူ ၁၀၀ ကျော်ကို ဖမ်းဆီးထား

နာမည် ကျော် တရုတ် အနုပညာရှင် တစ်ဦး ဖြစ်ပြီး ၊ ၎င်း ၏ နိုင်ငံ နှင့် နိုင်ငံ တကာ လူထု လှုပ်
ရှားမှု များ ပေါ်ပေါက်ရန် စွမ်းဆောင် နေသည့် တင်ဆက်မှု အနုပညာ ရှင် အိုင်ဝေေ၀ အား တရုတ်
အစိုးရ က အခြား နိုင်ငံ ရေး လှုပ်ရှား သူ ၁၀၀ ကျော် နှင့် အတူ ဖမ်းဆီးထားသည် ဟု
ဟု  တရုတ် မိုက်ခရို ဘလောက် ဂါ ပီကင်း ပါပု ကFreedom News Group သို့ ပြောသည်။
အိုင်ဝေေ၀ သည် မြန်မာ လူငယ် များ၏ စစ်အစိုးရ ဆန့် ကျင် ရေး လှုပ်ရှား မှု ဖေ့ဘွတ် စာမျက်
နှာ တွင် ၎င်း ၏ အားပေး ထောက် ခံ သည့် မှတ် ချက် အချို့ ကို လာရောက် ရေး သား ပေး ခဲ့
ဖူးသည်။
အိုင်ဝေေ၀ သည် ဘေဂျင်း ရုပ်ရှင် အကယ် ဒမီ တွင် နာမည် ကျော် တရုတ် ဒါရိုက်တာ ချန်ကေ့
(Farewell My Concubine, The Promise) ၊ ကျောက်ယင်မူး တို့ နှင့် ပညာ အတူသင်
ကြား ခဲ့သည်။
အိုင်ဝေေ၀ သည် လန်ဒန် ရှိ တိတ် မော်ဒန် အနုပညာ ပြပွဲ တစ်ခု သို့ သွား ရန် အတွက် ဟောင်
ကောင် သို့ အထွက် လေ ဆိပ် ဉ် တရုတ် အာဏာ ပိုင်များ က ဖမ်းဆီး ခဲ့ခြင်း ဖြစ်ပြီး ၎င်း ၏
စတူ ဒီ ယို ကိုလည်း အာဏာပိုင် များ က ၀င်ရောက် ရှာဖွေ ပြီး ချိတ်ပိတ် ထားသည်။
အိုင်ဝေေ၀ သည် ၂၀၀၈ ခုနှစ် ဘေဂျင်း အိုလံပစ် အာကစား ပွဲ အတွက် ငှက်သိုက် ဟု အမည်
ရသည့် အားကစား ရုံ ဒီဇိုင်း ကို ဖန် တီးပေး ခဲ့သူ ဖြစ်သည်။
သူ၏ အနုပညာ ဖန်တီး မှု များ ဉ် နေ ကြာ စေ့ များ အမည် ရှိ တင်ဆက် မှု မှာ နာမည် ကျော်ကြား
သည်။
အိုင်ဝေေ၀ သည် တွစ်တာ ကို အသုံး ပြုပြီး တရုတ် လူငယ်များ နှင့် တွေ့ ဆုံ ခဲ့ကာ ပြီးခဲ့သည့်
လက တရုတ် စပယ်ပန်း တော် လှန် ရေး ဖြစ်ပေါ် ရန် လှုံ ဆော် ခဲ့သည် ဟု တရုတ် အစိုးရက
ယူဆသည်။
တရုတ် အစိုးရ သည် အိုင်ဝေေ၀ အပါအ၀င် ဘလောက်ဂါ နှစ်ဦး နှင့် အခြား နိုင်ငံရေး လှုပ်ရှား
သူ ၁၀၀ ခန့် ကို လည်း ဖမ်းဆီး ထားသည် ဟု ပီကင်း ပါပု က FNG သို့ ပြောသည်။
အိုင်ဝေေ၀ သည် ပြီး ခဲ့သည့် ဒီဇင်ဘာလက လျှု ရှောင် ဘို  အတွက် နိုဘဲလ် ငြိမ်းချမ်းရေး ဆု
ကို ကိုယ်စား တက်ရောက် လက်ခံ ရယူပေးရန် ဖိတ်ကြား သော် လည်း တရုတ် အစိုးရက ပြည်
ပ ထွက် ခွင့် ပိတ် ပင် ခဲ့သည်။
၎င်း၏ မိန်းမ လူရှင်းက ရဲစခန်း များ သို့ သွား ရောက်ပြီး အိုင်ဝေေ၀ ရှိသည့် နေရာ ကို စုံစမ်း
သော် လည်း သတင်း မရရှိသေး ဟု သိရသည်။
Ai Wei Wei
အိုင်ဝေေ၀ ၏ တင်ဆက် မှု အနု ပညာ များ ကို ကြည့်ရန်
အိုင်ဝေေ၀ ဖမ်းဆီး ခံရသည့် သတင်း ကို FNG ၏ New Media (Twitter, Facebook) တို့ တွင်
ဖော်ပြ ခဲ့ပြီး ဖြစ်သည်။

ထိုင်းက တတိယ နိုင်ငံ ထွက် မည့် သူများ ကို အိမ်ပြန်ခိုင်း မည်

ထိုင်း အစိုးရ ၎င်း ၏ နိုင်ငံ တွင်း ရှိ မြန်မာ ဒုက္ခသည် များ ဆက်လက် ထား ရှိ လို တော့ ခြင်း မရှိ
တော့ ဟု ယနေ့ ထုတ်ဖော် ပြောကြားလိုက်သည်။ ထိုင်း – မြန်မာ နယ်စပ် တွင် ဒုက္ခသည် စခန်း
၉ ခု ထက် မနည်းရှိပြီး ၁၄၅ ၀၀၀ ကျော် နေထိုင်ကြသည်။
၁၉၈၀ ပြည့် လွန် နှစ် များ တွင် နယ်စပ် တိုက် ပွဲ များ ကြောင့် ဒုက္ခသည် စခန်းများ ကို စတင် တည်
ထောင် ခဲ့ရသည်။ ထိုင်း အစိုးရက စခန်း တွင်းသာ မက မြို့ ပေါ် နေ ဒုက္ခသည် များ နှင့် နိုင်ငံ ရေး
ခိုလှုံ သူများ ကို လည်း အလို မရှိ တော့ ဟု ပြောသည်။

နိုင်ငံရေး အကျဉ်းသားများ လွတ်လာဖို့ မိသားစုတွေ မျှော်လင့်


မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျနေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေ မကြာခင်မှာ ပြန်လည် လွတ်မြောက်လာကြဖို့ မိသားစုဝင်တွေက မျှော်လင့်နေကြပါတယ်။ နိုင်ငံအုပ်ချုပ်ရေးပိုင်းမှာ တစုံတရာ အပြောင်းအလဲ ဖြစ်ခဲ့ပြီးတဲ့နောက် အဲဒီအပြောင်းအလဲဟာ စစ်မှန်တယ်လို့ ပေါ်လွင်ဖို့ဆိုရင် နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးရမှာပဲလို့လည်း ပြောကြပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
ကျင်းပပြီးစီးသွားတဲ့ လွှတ်တော် အစည်းအဝေးတွေအတွင်း အကျဉ်းသားတွေကို အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးဖို့ ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်း ပြောဆိုတာတွေ ရှိခဲ့ပြီးတဲ့နောက် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာလေတော့ မလားဆိုတဲ့ မျှော်လင့်ချက်တွေ ပြန်ပြီး ရှင်သန်လာတယ်လို့ ဆိုရမှာပါ။
မခိုင်ချိုဇော်ဝင်းတင်ဟာ တောင်ကြီးထောင်မှာ အကျဉ်းကျနေတဲ့ အယ်ဒီတာ၊ ဇာတ်ညွှန်းရေးဆရာ ကိုဇော်သက်ထွေးရဲ့ဇနီး ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ ပြန်လွတ်လာမယ့် အချိန်ကို အမြဲ စောင့်နေတာပါလို့ သူက ပြောပါတယ်။
“ကျမ တယောက်တည်းရဲ့ အမြင်ကို ပြောရရင် ကျမတို့ မိသားစု တစုလုံးကတော့ အပြည့်အ၀ မျှော်လင့်ထားတာပဲ၊ ဒီအချိန်ကိုပဲ စောင့်နေတာပဲလေ။ ဘာပဲပြောပြော အစိုးရသစ် တရပ်လည်း သူတို့ဘာသာ သူတို့ ပီပီပြင်ပြင် ဖြစ်လာပြီ၊ လုပ်စရာရှိတာတွေ ဆက်လုပ်ရမယ်ဆိုရင် ဒီလူတွေကို လွှတ်ဖို့အပြင် ဘာမှ သိပ်မရှိတော့လောက်ဘူးလို့ ထင်တာပဲ။ အခြေအနေတခုပေါ့၊ ဒီလို ရွေးကောက်ပွဲတွေပြီးပြီ၊ နိုင်ငံရေး အခြေအနေတွေလည်း တည်ငြိမ်သင့်သလောက် တည်ငြိမ်တယ်လို့လည်း ပြောလို့ရမှာပေါ့၊ အဲဒီလိုဆိုတော့ လုပ်မယ်လို့ မျှော်လင့်ထားတာပဲ။ ဖြစ်လာရင်တော့ အကောင်းဆုံးပေါ့။”
မြန်မာအစိုးရ အနေနဲ့ ဒီမိုကရေစီနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်တဲ့ နေရာမှာ အနိမ့်ဆုံးတော့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးရမယ်လို့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။ ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးတာမျိုးလို သိသာထင်ရှားတဲ့ တိုးတက်မှု တခုခု မရှိဘဲနဲ့တော့ ဒဏ်ခတ် အရေးယူထားတာတွေကို ရုပ်သိမ်းပေးရေး စဉ်းစားဖို့ရာ မဖြစ်နိုင်ဘူးလို့ အမေရိကန် အပါအ၀င် အရေးယူထားတဲ့ နိုင်ငံတွေက ပြောကြပါတယ်။
အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးရေးကိစ္စဟာ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ ထောက်ခံချက်နဲ့ သမ္မတက လုပ်ဆောင်ရမှာ ဖြစ်တာကြောင့် အချိန်စောင့်ပါဦးလို့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း အဲဒီတုန်းက ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ဟောင်း ဦးမောင်ဦးက ပြောခဲ့ဖူးပါတယ်။ အခုတော့ လုံခြုံရေးကောင်စီလည်း ဖွဲ့စည်းပြီး သမ္မတ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့လည်း ပေါ်ပေါက်လာပြီမို့ လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုရင် ပေးလို့ရတဲ့ အခြေအနေ ရှိနေပြီ ဖြစ်ပါတယ်။
မျှော်လင့်ချက်ကတော့ ထားပေမဲ့ အပြောင်းအလဲကလည်း သိပ်မထူးလှတဲ့ အပြောင်းအလဲမို့ အဆုံးစွန် မမျှော်လင့်ရဲသလို တကယ် ပြောင်းလဲတာဆိုရင် လွှတ်ပေးရမှာပဲလို့ ပြောသူက နိုင်ငံရေး အကျဉ်းသူ ဒေါ်စန်းစန်းတင်ရဲ့ ညီမဖြစ်သူနဲ့ နောက် နိုင်ငံရေး အကျဉ်းသူ တယောက်ဖြစ်တဲ့ မသက်သက်အောင်ရဲ့ အဒေါ်ဖြစ်သူ ဒေါ်စုစုကြည်ပါ။
“အန်တီတို့က မျှော်လင့်ချက် ဆိုတာကတော့ မျှော်လင့်ထားတာပေါ့။ ဒါပေမဲ့ အစိုးရ အပြောင်းအလဲက ကုလားကြီးနဲ့ အရာကြီး ဖြစ်နေတော့ အန်တီတို့က သိပ်လည်း အရမ်းကြီး မမျှော်ရဲဘူး။ မျှော်လင့်ချက်ကတော့၊ သူတို့ပုံစံ တကယ် အမှန်အကန် ဆိုရင်တော့ ဒါ လွတ်ကို လွတ်ရမယ်လို့ အန်တီတို့က တွက်ထားတယ်။ လွှတ်ပေးသင့်တယ်လေ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီနိုင်ငံရေးက တကယ် အပြောင်းအလဲ ရှိပြီဆိုရင်၊ သူတို့ တကယ် မှန်ကန်တယ်ဆိုရင် ဒီနိုင်ငံရေးသမားတွေ လွှတ်ကိုလွှတ်ရမယ်။”
အရင် တော်လှန်ရေးကောင်စီ လက်ထက်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်၊ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တွေတုန်းကလည်း ပုံသဏ္ဌာန် တမျိုးမျိုးနဲ့ အကျဉ်းသားတွေကို လွှတ်ပေးတာတွေ၊ ပြစ်ဒဏ် လျှော့ပေါ့ပေးတာတွေ ရှိခဲ့ဖူးပါတယ်။
အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ကိစ္စကို အသစ်ပေါ်လာတဲ့ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက သမ္မတ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ကို ထောက်ခံချက် ပေးမှာလား၊ သမ္မတက တကယ်တမ်း လွှတ်ပေးမှာလား ဆိုတာကတော့ အခုချိန်ထိ မရေမရာ ဖြစ်နေဆဲပါ။ အကျဉ်းသားတချို့ကို လွှတ်ပေးနိုင်ဖွယ်ရှိပြီး အဲဒီထဲမှာ နိုင်ငံရေး အကျဉ်းသား တချို့လည်း ပါလာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ရှိနေပေမဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး ခြွင်းချက်မဲ့ ပြန်လွတ်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး ရှိသူကတော့ နည်းလှပါတယ်။

ဓာတ်သတ္တိကြွ ရေယိုစိမ့်မှု ဂျပန် တားဆီးနိုင်


ဂျပန်နိုင်ငံမှာ ငလျင်နဲ့ ဆူနာမီ ရေလှိုင်းဒဏ်တွေ ခံခဲ့ရလို့ ထိခိုက်ပျက်စီးနေတဲ့ ဖူကူရှီးမား (Fukushima) ခရိုင်က နျူကလီးယား စက်ရုံကနေ ယိုစီးပြီး ထွက်နေတဲ့ ရေဒီယို ဓာတ်သတ္တိကြွ ရေတွေကို ရပ်တန့်နိုင်ခဲ့ပြီလို့ ဂျပန်အရာရှိတွေက ပြောပါတယ်။
ဒီစက်ရုံကို တာဝန်ယူတဲ့ TEPCO ကုမ္ပဏီက ရေဒီယို ဓာတ်သတ္တိ ကြွမှုတွေ ယိုစိမ့်နေတာတွေကို ရပ်တန့်ဖို့ မနေ့က သူတို့ ကြိုးစားခဲ့ကြတာ တိုးတက်မှု ရှိလာတဲ့အကြောင်း ဒီကနေ့ စောစောပိုင်းကပဲ ပြောပါတယ်။
အလုပ်သမားတွေက ရေဒီယို ဓာတ်သတ္တိကြွ ရေတွေ စီးတဲ့နေရာကို ခြေရာခံ လိုက်ကြည့်ပြီး ဖန်အရေကြည်ပြားကို မြေကြီးထဲကို ထိုးသွင်းပြီး တားဆီးပိတ်ပင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စက်ရုံက ထွက်လာတဲ့ ရေဒီယို ဓာတ်သတ္တိကြွ အိုင်အိုဒင်းဓာတ်တွေက စက်ရုံနဲ့ ကပ်လျက်ရှိနေတဲ့ ပင်လယ်ထဲကို တချို့ ရောက်ကုန်ပါပြီ။
TEPCO ကုမ္ပဏီက စက်ရုံက ထွက်လာတဲ့ ရေဒီယို ဓာတ်သတ္တိကြွ ရေတန်ချိန် ၂,၈၀၀ လောက် ပင်လယ်ထဲကို သွန်ခဲ့ပြီးပြီလို့ ဆိုပါတယ်။ သူတို့ရဲ့ စမ်းသပ်မှုတွေအရ ရေဒီယို ဓာတ်သတ္တိကြွ အိုင်အိုဒင်းဓာတ်ရဲ့ အဆင့်ဟာ ပြီးခဲ့တဲ့ စနေနေ့ကထက်စာရင် တနင်္လာနေ့မှာ ကျဆင်းလာခဲ့တယ်လို့ ဆိုပါတယ်။
ဂျပန်ရဲ့ အနောက်ဘက်မှာရှိတဲ့ တောင်ကိုရီးယား နိုင်ငံကတော့ ဂျပန်က ရေဒီယို ဓာတ်သတ္တိကြွရေတွေ သူတို့ဆီ ရောက်လာမှာကို စိုးရိမ်တဲ့အကြောင်း ပြောနေပါတယ်။ အိန္ဒိယနိုင်ငံကတော့ ဂျပန်နိုင်ငံက တင်ပို့တဲ့ စားသောက်ကုန်တွေ အားလုံးကို ၃ လတိတိ ရပ်ဆိုင်းထားပါတယ်။
ဂျပန် နိုင်ငံခြားရေး ၀န်ကြီးကတော့ ဂျပန်အနေနဲ့ နျူကလီးယား စက်ရုံက အခြေအနေတွေကို ကုလသမဂ္ဂရဲ့ စည်းမျဉ်း စည်းကမ်းတွေအတိုင်း လုပ်ဆောင်မှာဖြစ်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းကိုလည်း အခြေအနေတွေကို အသိပေးနေမယ်လို့ ဆိုပါတယ်။
အခု သူတို့ ပင်လယ်ထဲကို သွန်ထားတဲ့ ရေဒီယို သတ္တိကြွ ရေတွေက ကျန်းမာရေးအတွက် ချက်ချင်း ထိခိုက်နိုင်တဲ့ အခြေအနေ မရှိသေးဘူး၊ နိုင်ငံတကာ ရေပိုင်နက်ဆိုင်ရာ ဥပဒေကိုလည်း ချိုးဖောက်ရာ မရောက်သေးဘူးလို့ ဆိုပါတယ်။
စက်ရုံရဲ့ တောင်ပိုင်းက ငါးတွေမှာတော့ ရေဒီယို ဓာတ်သတ္တိကြွမှုတွေ ရှိနေတာကို ပထမဆုံး တွေ့ထားရပြီလို့တော့ ဂျပန်အစိုးရက ပြောပါတယ်။ ဂျပန်ဝန်ကြီးချုပ် နာအိုတို ကန် (Naoto Kan) ကတော့ အခုအဖြစ်အပျက်ကြောင့် ထိခိုက်ပျက်စီးမှု အားလုံးကို အစိုးရက အစအဆုံး တာဝန်ယူပါ့မယ်လို့ မနေ့ကပဲ ပြောခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမိသားစုပိုင် ဓာတ်ဆီဆိုင်များ အခွင့်အရေးပိုရ

E-mail Print
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ မိသားစုဝင်များသည် ပုဂ္ဂလိက ဓာတ်ဆီဆိုင် လုပ်ငန်းများပါ လုပ်ဆောင်နေကြပြီး တခြားသော ဓာတ်ဆီဆိုင်များထက် အခွင့်အရေးပိုမို ရရှိနေကြောင်း သိရသည်။

စွမ်းအင် ၀န်ကြီးဌာပိုင် စက်သုံးဆီ အရောင်းဆိုင် တဆိုင် (ဓာတ်ပုံ - flickr)

“ဓာတ်ဆီဆိုင်တွေက ခွဲတမ်းက တဆိုင်နဲ့တဆိုင်က သိသိသာသာကွာခြားတယ်၊ အင်းစိန်က ဓာတ်ဆီဆိုင်က ထွန်းနိုင် ရွှေရဲ့ဆိုင်ဆိုတော့ စာအုပ်မလုပ်ခင်တုန်းက ကားတစီးကို တနေ့ ၆ ဂါလန်၊ အခုကားတန်းက များတော့ တနေ့ ၄ ဂါလန် ရတယ်”ဟု ရန်ကုန်သားတဦးက ဧရာတီကို ပြောသည်။

ဦးထွန်းနိုင်ရွှေသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ သားတဦးဖြစ်ပြီး တခြားသော ပုဂ္ဂလိက ဓာတ်ဆီဆိုင်များထက် ခွဲတမ်း ပိုရ ကြောင်း၊ ရန်ကုန်မြို့နှင့် အနီးတ၀ိုက် ဓာတ်ဆီဆိုင်များမှာလည်း ၄င်း၏ မိသားစုဝင်များ လုပ်ကိုင်နေကြကြောင်း၊ တခြား ဓာတ်ဆီဆိုင်များတွင် တနေ့လျှင် ကားတစီးအတွက်၂ ဂါလန်၊ ၃ ဂါလန်သာ ရကြကြောင်း ကားသမားတဦးက ပြောသည်။

“ဓာတ်ဆီဆိုင် လုပ်ငန်းတွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ပုဂ္ဂလိကလုပ်ပိုင်ခွင့်ပေးလိုက်တာက တကယ်ပေးတာ မဟုတ်ဘူး၊ သူတို့အသိုင်းအ၀ိုင်းပဲရတာ၊ သူတို့ရာထူးပေါ်မူတည်ပြီး ခွဲတမ်းကလည်း မတူဘူးလေ”ဟု အငှားယာဉ်မောင်း တဦး ကပြောသည်။

ပုဂ္ဂလိကဓာတ်ဆီဆိုင် လုပ်ငန်းများကို ဗိုလ်ချုပ်မှူးကြီး မိသားစုအပါအ၀င် ယခင်စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များ၏ မိသားစုဝင်များနှင့် ဆွေမျိုးသားချင်းများက လုပ်ပိုင်ခွင့်များရရှိနေကြပြီး ဆီခွဲတမ်းပိုမိုရရှိရေးအတွက် အပြိုင်အဆိုင်ကြိုးစားနေကြသည်ဟု စစ်တပ်အသိုင်းအ၀ိုင်းနှင့် နီးစပ်သူ တဦးက ပြောသည်။

“ဆိုင်က ရောင်းတာက တဂါလန်၂၅၀၀ ကျပ်၊ ဓာတ်ဆီမှောင်ခိုဈေးကွက်မှာက အခု ၅၀၀၀ ကျော်နေပြီ၊ နယ်မှာ ၇၀၀၀ အထိ ရှိတယ်၊ အခုဟာက သင်္ကြန်ကြောင့်လည်း ပါတယ်၊ ခွဲတမ်း မတူတာတွေကြောင့်လည်း ပါတယ်၊ တရုတ်ပြည် ဘက်ကိုလည်း ပို့နေတာတွေကြောင့်ပါတယ်၊ သူတို့တွေပဲပို့ကြတာလေ”ဟု ဓာတ်ဆီလုပ်ငန်း လုပ်နေသူ တဦးက ပြော သည်။

မြန်မာနိုင်ငံတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီများကို ပြည်ပမှနှစ်စဉ် တင်သွင်းနေရပြီး ပြည်တွင်းတွင် လုံလောက်မှု မရှိသော
ကြောင့်ဖြစ်ကြောင်း၊ သို့သော် ယခုအခါ တရုတ်ပြည်သို့ မြန်မာဘက်မှဘတရားမ၀င် နယ်စပ်ဖြတ်ကျော် တင်ပို့မှုရှိနေ သည်ဟု အမည်မဖော်လိုသူ တရုတ်နယ်စပ်ရှိ အကောက်ခွန်ဋ္ဌာန အရာရှိတဦးက ပြောသည်။

ထို့အပြင် ဓာတ်ဆီမှောင်ခိုဈေးမြင့်တက်လာမှုများကြောင့် ဓာတ်ဆီတန်းစီကာ ပြန်လည်ရောင်းစားနေကြသည်မှာ တွင် ကျယ်လာနေပြီး အထူးသဖြင့် အချိန်ပေးနိုင်သူ ပင်စင်စားများက အများစုဟု သိရသည်။

“ပင်စင်စားဆိုတော့ အချိန်ရှိတယ်၊ ဒါကြောင့် အခု တန်းစီနေတာ၊ အိမ်က မနက် ၃ နာရီ မတိုင်ခင် ကတည်းက ထွက် လာတာ ဒီဆိုင်က ခွဲတမ်းပိုရတာတကြောင်း၊ ကိုယ့်စာအုပ်နယ်ဖြစ်နေတော့ ကံ ကောင်းတယ်ပြောရမလား၊ ဓာတ်ဆီ ပို ရတယ်၊ ပြန်ရောင်းစားတယ်၊ တဂါလန် ၄၆၀၀ ကျပ် ရတယ်”ဟု အငြိမ်းစားအရာရှိ တဦးက ပြောသည်။

ဓာတ်ဆီတန်းစီရာတွင်လည်း အခက်အခဲ ဒုက္ခအမျိုးမျိုးနှင့်ရင်ဆိုင်နေကြရကြောင်း၊ ကားတန်းများမှာ ရှည်လျားလွန်း

သဖြင့် ညဥ့်နက်ပိုင်းကတည်းက လာရောက်တန်းစီနေရကြောင်း ရန်ကုန်မြို့ခံများက ပြောကြသည်။

“အခု မနက်၂ နာရီကတည်းက လာတန်းစီတာ၊ ဒါတောင် ကိုယ့်ရှေ့မှာ ကားတွေက ၁၀၀ လောက်ရှိနေပြီ၊ အနီးမှာလဲ ဆီး၊ ၀မ်း သွားဖို့နေရာကလည်း ဝေးတော့ ကျန်းမာရေးတောင် ထိခိုက်တယ်ဗျာ”ဟု အငြိမ်းစား အစိုးရ ၀န်ထမ်းတဦး က ပြောဆိုသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် ထိပ်ပိုင်းခေါင်းဆောင်များသည် ပုဂ္ဂလိကပိုင်စီးပွား ရေးလုပ်ငန်းများစွာတွင် ယခုအချိန်ထိ အခွင့်ထူးများ ခံယူ၍ လုပ်ကိုင်နေကြသည်မှာ အာဏာဆက်လက် ကိုင်စွဲထား

ခြင်းသာ ဖြစ်သည်ဟု စစ်တပ် အသိုင်းအ၀ိုင်းအတွင်း ပြောဆိုနေကြကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဓာတ်ဆီနှင့်ဒီဇယ်ဆီကို ယခင်က မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဋ္ဌာနမှ နှစ်စဉ် ဆီဂါလန် သန်း ၂၀၀ ပုံမှန်တင်သွင်းခွင့်ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် စွမ်းအင်ဝန်ကြီးဋ္ဌာနမှ တင်သွင်းခွင့်ရရှိခဲ့သည်ဟု အဆိုပါ ၀န်
ကြီး ဋ္ဌာနနှင့် နီးစပ်သူတဦးက ပြောသည်။

ယခုအစိုးရသစ်လက်ထက်တွင် စွမ်းအင် ၀န်ကြီးဋ္ဌာနမှ ဆက်လက်လုပ်ကိုင် ခွင့်ရ၊ မရ မသိရသေးချေ။ သို့အတွက်လဲ အစိုးရသစ်ဝန်ကြီးများအတွင်း လောင်စာဆီတင်သွင်းခွင့်ရရေး အကြိတ်အနယ်ကြိုးစားနေကြသည်။ သို့သော် ဗိုလ်ချုပ် မှူးကြီးထံမှ မည်သူ့ကိုခွင့်ပြုမည်ကို စောင့်ဆိုင်းနေကြဆဲဖြစ်ကြောင်း နေပြည်တော်နှင့်နီးစပ်သောအသိုင်း အ၀ိုင်းမှ သိရ သည်။

“ဗိုလ်ချုပ်မှူးကြီးဆီက အမိန့်ကို အခုအစိုးရသစ်က စောင့်နေရတယ်ဆိုကတည်းက အခုထိသူက အာဏာအရှိဆုံးဖြစ် နေတယ်ဆိုတာက လက်တွေ့နိုင်ငံရေးပဲ၊ အရှိတရားပဲ၊ သူ့မိသားစုအတွက် သူကနောက်ဆုံးအချိန်ထိဆက်ရှိနေ လိမ့် မယ်”ဟု ရန်ကုန်မြို့မှ နိုင်ငံရေးလေ့လာသူ တဦးကပြောဆိုသည်။