အရှေ့တောင်အာရှအတွင်း ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား စသည့် နိုင်ငံများထက် ရာခိုင် နှုန်း ပိုများကြောင်း ယခုလဆန်း၌ The Pacific Asia Travel Association (PATA) က ထုတ်ပြန်ထားသည်။

ယမန်နှစ် နိုဝင်ဘာ လဆန်းက ရန်ကုန်မြို့ ဒလ မြို့နယ်တွင် ဆိုက်ကားစီး၍ လည်ပတ်နေသော နိုင်ငံခြားသား ခရီးသွားများကို တွေ့ရစဉ် (ဓာတ်ပုံ - Khin Maung Win / AP)
ယခုနှစ်ဆန်းက ကောက်ယူသည့်စာရင်းများအရ ဗီယက်နမ်၌ ၂၂ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားက ၁၈ ရာခိုင်နှုန်း၊ ဖိလစ်ပိုင် နိုင်ငံ တွင် ၁၇ ရာခိုင်နှုန်း၊ စင်ကာပူတွင် ၁၆ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံတွင် ၁၂ ရာခိုင်နှုန်းနှင့် အင်ဒိုနီးရှားတွင် ၁၁ ရာခိုင်နှုန်း နိုင်ငံခြား သား ခရီးသွားများ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
သင်္ဘောအမှုထမ်း ၁၇၇ ဦး၊ ကမ္ဘာလှည့်ခရီးသည် ၂၉၂ ဦးပါရှိသည့် MS Columbus ကမ္ဘာလှည့် အပျော်စီး သင်္ဘောသည် ဧပြီ လ ၆ ရက်နေ့က ရန်ကုန်သို့ဆိုက်ရောက်ခဲ့ပြီး ရန်ကုန်မြို့တွင်း၊ သန်လျင်နှင့် ပဲခူးမြို့များသို့ လည်ပတ်ခဲ့သည်ဟု ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ထို့အပြင် ဧပြီလ ၇ ရက်နေ့က အမေရိကန် အခြေစိုက် Oceania Crusies မှ ကမ္ဘာလှည့်ခရီးသည် ၆၃၁ ဦးနှင့် သဘောင်္ဝန် ထမ်း ၃၉၈ ဦး ပါရှိသည့် အပျော်စီးသင်္ဘော M.V Nautics သည်လည်း သန်လျင်မြို့နယ် အပြည်ပြည်ဆိုင်ရာ သီလ၀ါ ဆိပ် ကမ်း သို့ ဒုတိယအကြိမ် ရောက်ရှိလာခဲ့ပြီး ရန်ကုန်မြို့တွင်း၊ ပဲခူး၊ ပုဂံ - ညောင်ဦးနှင့် မန္တလေးမြို့များသို့ သွားရောက်လေ့လာ ခဲ့သည်ဟု ဆက်လက် ဖော်ပြထားသည်။
ယင်းကဲ့သို့ ကမ္ဘာလှည့်ခရီးသွား တိုး၍ရောက်ရှိလာခြင်းသည် မြန်မာ့သဘာဝအလှအပများ၏ ဆွဲဆောင်မှု၊ ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်နိုင်မှု၊ မြန်မာတို့၏ဧည့်ဝတ်ကျေပွန်မှု၊ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းသာယာမှုများက ဖော် ညွှန်းပြဆိုလျက်ရှိသည်ဟု သတင်းစာတွင် ရေးသားထားသည်။
“အရင်နှစ်တွေကထက် စာရင် ၂၀၀၉ အကုန်လောက်ကနေ အခုနှစ်ဆန်းပိုင်းအထိ ပြည်ပ ဧည့်သည် တော်တော်ဝင်တယ်။ ဥပမာ - စပိန်၊ ဂျာမန်ဘက်ကို ကိုယ်က Package Tour ပိုရောင်းထားတယ်ဆို ရောင်းထားတဲ့ နိုင်ငံအလိုက် အကုန်အလုပ်ဖြစ် တော့ ဒီနှစ် နိုင်ငံစုံက ပြည်ပခရီးသွားတွေ တော်တော်များများတွေ့ရတယ်”ဟု Moon Princess ခရီးသွား ၀န်ဆောင်မှု ကုမ္ပဏီ မှ တာဝန်ရှိသူတဦးက ပြောသည်။
လာရောက်သည့် ပြည်ပခရီးသည် အများစုသည် မြောက်ဦးရှိ ဘုရားပုထိုးများ၊ ပုဂံဒေသရှိ ယဉ်ကျေးမှုလက်ရာများနှင့် မန္တလေး မြို့ရှိ ယဉ်ကျေးမှုအမွေအနှစ်များရှိရာဒေသသို့ သွားရောက်လေ့လာမှု ပိုများကြောင်း၊ အဆိုပါ ယဉ်ကျေးမှုအမွေအနှစ်များသည် ပြည်ပခရီးသွားများကို အကောင်းဆုံးဆွဲဆောင်နိုင်မှုတခုဖြစ်ကြောင်း မန္တလေးမြို့ရှိ ခရီးသွား ကုမ္ပဏီတခု၏ ဧည့်လမ်းညွှန် တဦး က ပြောပြသည်။
ယင်းကဲ့သို့ ယဉ်ကျေးမှု အမွေအနှစ်များဖြင့် ပြည်ပ ခရီးသွားဝင်ရောက်မှုနှုန်းကို မြှင့်တင်ရာတွင် ဗီယက်နမ်နိုင်ငံသည် Phu Yen(Dabia) တောင်တန်း ခရီးစဉ်သစ်တခုကို အထူး အစီအစဉ်များဖြင့် ဆွဲဆောင်ခေါ်ယူမှုများ ယခုနှစ်အတွင်း စတင် နေ သည်။
ထို့အပြင် ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်ရှိ ရှေးဟောင်းဘုရားပုထိုးများကို မပြုပြင်ဘဲ ရှေးဟောင်း အမွေအနှစ်များအဖြစ် ထိန်းသိမ်း ပြသထားသည်။ စစ်အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ တ၀န်းရှိ စေတီ ပုထိုးများကို ပြုပြင်ပြောင်းလဲမှု အများအပြား ပြုလုပ်ခဲ့ရာ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးခဲ့ကြောင်း ပညာရှင်များက ဝေဖန် ပြောဆိုခဲ့ကြသည်။
ခရစ်နှစ် ၁၆၃၆ ခုနှစ် သာလွန်မင်း လက်ထက်က တည်ထားခဲ့သော ကောင်းမှုတော် စေတီတော်ကြီးကို မြန်မာနိုင်ငံ၏ ထင်ရှားသော ရှေးဟောင်းအမွေအနှစ် စေတီတဆူအဖြစ် သတ်မှတ်ထားခဲ့ကြသော်လည်း စစ်အစိုးရလက်ထက်တွင် ထုံးသင်္ကန်းမှ ရွှေသင်္ကန်းသို့ ပြောင်းလဲခဲ့ရာ ရှေးလက်ရာများပျက်စီးခဲ့ရသည်။
“မြန်မာ့ယဉ်ကျေးမှု အနုပညာလက်ရာ ရှေးဟောင်းအမွေအနှစ်များ တည်ရှိရာ ပုဂံယဉ်ကျေးမှု နယ်မြေသည် နိုင်ငံတကာ ခရီး သွား လောကတွင် ထူးခြားမှုတခုအဖြစ် ထင်ရှားလျက်ရှိသည်။ ထို့ကြောင့် ကမ္ဘာလှည့်ခရီးသွားများ တိုးမြှင့်ရောက်ရှိလာခြင်း သည် နိုင်ငံအတွက် ဂုဏ်ယူဖွယ်ရာဖြစ်ပြီး တန်ဖိုးမဖြတ်နိုင်သည့် သဘာဝသယံဇာတ အရင်းအမြစ်များ၊ ယဉ်ကျေးမှု အမွေအနှစ် များကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ခြင်း၏ အကျိုးရလဒ်များဖြစ်သည်”ဟု အစိုးရသတင်းစာ က ရေးသားထားသည်။
ပုဂံမြို့အနီး ဧရာဝတီမြစ်ကမ်းနဖူး၌ ပျူစောထီးလက်ထက်ကတည်းက ထုံးစေတီအဖြစ် တည်ထားခဲ့သည့် ဗူးဘုရားသည် လည်း ယခုအချိန်တွင် ရှေးခေတ်လက်ရာ စေတီတော်အဖြစ် မတွေ့ရတော့ဘဲ ပြုပြင်မွမ်းမံထားသည့် မှန်စီရွှေချ ရွှေသင်္ကန်း ကပ် စေတီတဆူအဖြစ် ပြောင်းလဲသွားသည်။
ပုဂံခေတ် စေတီပုထိုးများကို ထုံးသုတ်ခြင်း၊ စေတီငယ် ထပ်တင်ခြင်း၊ နံရံဆေးရေး ပန်းချီများကို ထုံးသုတ်ခြင်း စသည်ဖြင့် ပြုပြင်ပြောင်းလဲမှုများကြောင့် အနုပညာလက်ရာများ ပျောက်ပျက်ကုန်သည့်အပြင် အာဏာပိုင်များက ၎င်းတို့ အာဏာရှိချိန် ပြုပြင်ပြီးခဲ့သည့် ဘုရားများကို ကိုယ်ပိုင်ဘုရားများသဖွယ် “ပြုပြင်သူ၏ ကောင်းမှု”ဟု ဘုရား အသီးသီးတွင် ကမ္ပည်း ထိုးထားကြ သည်ကို တွေ့ရသည်။
You might also like:
0 件のコメント:
コメントを投稿