
က မြန်မာနှစ်သစ်ကူး အတာသင်္ကြန် တွင် ရေပက်ကစားရန် အတွက် မဏ္ဍပ် စတင် ဆောက်လုပ်
နေပြီဖြစ်ကြောင်း Freedom News Group မှ သတင်း ရရှိသည်။ ၂၀၀၉ ခုနှစ် က သူ၏ ရေပက် မဏ္ဍပ် ကို ရန်ကုန်မြို့ အင်းလျှားလမ်း တွင် ဆောက်လုပ်ခဲ့ပြီး
ယခု ဆောက် လုပ် နေသည့် မဏ္ဍပ် မှာ ယခင် နှစ်က မဏ္ဍပ် ဟောင်း နေရာ အနီး တွင် ပင်
ဖြစ်သည် ဟု သူ၏ မိတ်ဆွေ တစ်ဦး က ပြောသည်။
ယခင် နှစ် သင်္ကြန် က ရန်ကုန် မြို့ ကန်တော်ကြီး ကန် ပတ်လမ်း နှစ်သစ် ကူးကာလ
ဗုံးပေါက်ကွဲ မှု ဖြစ်ပွားခဲ့ ပြီး လူလေးဆယ် ကျော် သေဆုံး ပြီး ၁၀၀ ကျော် ဒဏ်ရာ ရရှိခဲ့ခြင်း
ကြောင့် ယခု နှစ် တွင် ရန်ကုန် မြို့ ဉ် သင်္ကြန် ရေပက် မဏ္ဍပ် များ နည်းသွား ခဲ့သလို
ကုန်ဈေးနှုန်းကြီး မြင့် မှု ကြောင့် ပြည်သူ လူထု မှာ ပွဲလန်း သဘင် များ တွင် မပျော်ပါး နိုင်
ပဲ ဆင်း ရဲ တွင်း နက်နေကြသည်။
ထိုမဏ္ဍပ် ဆောက်လုပ်သည့် နေရာ အနီး တ၀ိုက်ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်က လုံခြုံရေး
ယူပေးထားပြီး ဦးဇော်ဇော် ၏ Max Myanmar က တာဝန် ယူဆောက် လုပ်ပေးနေသည်
ဟု သိရသည်။
အကျယ်ပေ ငါးရာ ကျော်ခန့် ရှိသည့် ထို မဏ္ဍပ် သည် ရန်ကုန် တိုင်း စစ်ဌာနချုပ်မှ နေ၍
မြန်မာ သင်္ကြန် မဏ္ဍပ် များ အတွက် ထုတ် ပြန် ထားသည့် စည်းကမ်းချက် များ နှင့် မညီ ဟု
ဆိုသည်။
ယမန် နှစ် က ဗုံး ပေါက် ကွဲမှု သည် နေ ရွှေ သွေး အောင် နှင့် ပတ် သက် သည့် ရန်ညှိုး ရန်စ
များ ကြောင့် အာဏာပိုင် အဖွဲ့ အစည်း ငယ်များ က သုံး သပ် ထား ကြသည်။
နေရွှေသွေး အောင် ၏ ရေပက် မဏ္ဍပ် နှင့် ပတ် သက် ပြီး ရန်ကုန် မြို့ မှ စာနယ် ဇင်း ဆရာ
တစ်ဦး က မူ ” တိုင်း ပြည်က ငတ် နေတယ် ဗျာ တောင်း ရမ်း သူတွေ ထဲ မှာ သက်ကြီး ရွယ်
အို တွေ တောင် ပါနေပြီ သူ တို့  ကတော့ တိုင်း ပြည် ဘဏ္ဍာ ထိုင်ဖြုန်း လို့ ကောင်း တုန်း
ပဲ ” ဟု Freedom News Group သို့ ပြောသည်။
0 件のコメント:
コメントを投稿