2011年2月15日火曜日

တရားသူကြီးအဖွဲ့ဝင် ၇ ဦး၊ သမ္မတ အဆိုပြု

အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၁၅ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၄၃ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။      ။ ပြည်ထောင်စုလွှတ်တော် အင်္ဂါနေ့အစည်းအဝေး၌ အဖွဲ့ဝင် ၇ ဦးပါ ပြည်ထောင်စု တရားသူကြီးချုပ် အပါအဝင် တရားလွှတ်တော်ချုပ် တရားသူကြီးအဖွဲ့ကို ၇ ဦးဖြင့် ဖွဲ့စည်းရန် သမ္မတက တင်သွင်းခဲ့သည်။

၁ဝ မိနစ်သာ ကျင်းပခဲ့သည့် အစည်းအဝေး၌ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးအဖွဲ့တွင် ပါဝင်ရမည့် အရေအတွက်ကို သမ္မတဖြစ်သူ ဦးသိန်းစိန်က တင်သွင်းခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့က ၁ဝ နာရီ ၂ မိနစ်မှာ စတယ်၊ ၁၂ မိနစ်မှာ
lotdaw1
၁၀ မိနစ်သာကြာသော အင်္ဂါနေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး
ပြီးတယ်။ ဒီနေ့ထပ်ပြီး တင်တာက ပြည်ထောင်စု တရားသူကြီးချုပ် အပါအဝင် ၇ ဦးပါ ပြည်ထောင်စု တရားသူကြီးအဖွဲ့ စာရင်းတင်တာပေါ့” ဟု အစည်းအဝေးတက်သူ အမတ်တဦးက မဇ္ဈိမကို ပြောသည်။ ယင်းစာရင်းကို ဗုဒ္ဓဟူးနေ့တွင် သဘောတူမတူ ဆုံးဖြတ်ကြမည်ဟု ဆိုသည်။

တနင်္လာနေ့တွင် သမ္မတက တင်သွင်းခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ၈ ဦး အရေအတွက်ကို အမတ်ပေါင်း ၆၅၉ ဦးအနက် အင်္ဂါအစည်းအဝေး တက်သည့် ၆၅၆ ဦးက “ကန့်ကွက်သူမရှိ” အတည်ပြုခဲ့သေးသည်။ အမည်များကိုမူ တင်သွင်းခြင်း မရှိသေးပေ။

“မနေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အပါအဝင် ၇ ယောက်ပေါ့။ အတွင်းရေးမှူးက သီးသန့် တာဝန်ပေးခြင်းပေါ့။ ပေါင်း ၈ ယောက်ပေါ့။ အဲဒီအရေအတွက်ပဲ ကန့်ကွက်သူ မရှိတဲ့အတွက် အတည်ပြုတယ်ပေါ့ဗျာ” ဟု အမတ်က ပြောပြသည်။

၂ဝဝ၈ ခု ဖွဲ့စည်းပုံအရ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ အကြီးအမှူးဖြစ်သည့် ပြည်ထောင်စု တရားသူကြီးချုပ် အပါအဝင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများကို အနည်းဆုံး ၇ ဦးမှ အများဆုံး ၁၁ ဦးအထိ ခန့်အပ်နိုင်သည်။

သမ္မတသည် ပြည်ထောင်စု လွှတ်တော်၏ သဘောတူချက်ဖြင့် “ပါတီနိုင်ငံရေး” ကင်းရှင်းပြီး အသက် (၅ဝ-၇ဝ) ရှိသူကို ပြည်ထောင်စု တရားသူကြီးချုပ်အဖြစ် ခန့်ရမည်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများကိုမူ သမ္မတက ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ညှိနှိုင်းကာ ပြည်ထောင်စု လွှတ်တော်၏ သဘောတူချက်ဖြင့် ခန့်အပ်ရမည် ဖြစ်သည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် စစ်ဘက်တရားရုံးများနှင့် ဖွဲ့စည်းပုံဥပဒေဆိုင်ရာ ခုံရုံး၏ စီရင်ပိုင်ခွင့် အာဏာများကို မထိခိုက်စေဘဲ နိုင်ငံတော်၏ အမြင့်ဆုံး တရားရုံးဖြစ်သည်။

၂ဝ၁၁ ဇန်နဝါရီလ ၃၁ ရက်နေ့မှစပြီး ပြည်ထောင်စု လွှတ်တော်အစည်းအဝေးများကို ကျင်းပနေပြီး သမ္မတနှင့် ဒုသမ္မတများ၊ ဝန်ကြီးဌာနနှင့် ဝန်ကြီးအမည်များ၊ ဖွဲ့စည်းပုံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်ဦးရေများ၊ ပြည်နယ်နှင့် တိုင်း ဝန်ကြီးဌာနများ၊ ဝန်ကြီးအမည်များ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့တို့ကို အတည်ပြုခဲ့ပြီး ဖြစ်သည်။

ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ၌ “သမ္မတသည် ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးသည့် အခါတိုင်း ယင်းတို့အား တာဝန်ပေးအပ်သည့် ဝန်ကြီးဌာနများကို ဖော်ပြ၍ ပြည်ထောင်စုလွှတ်တော်သို့ အကြောင်းကြားရမည်” ဟု ပါရှိသော်လည်း ဝန်ကြီးအမည်နှင့် ဝန်ကြီးဌာနကိုတွဲလျက် မကြေညာသေးသဖြင့် အမတ်များအကြား ဝေဖန်မှုများ ထွက်ပေါ်နေသည်။ ထို့ပြင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ကိုလည်း နေရာသာ အတည်ပြုထားနိုင်ပြီး အမည်များ မထွက်သေးသည့်အပေါ် အမတ်များအကြား ဝေဖန်သံများ ထွက်နေသည်။

အမတ်တဦးက “နာမည်ကို ကြေညာလိုက်ရင် တရက်ထဲနဲ့ ပြီးနိုင်တဲ့ကိစ္စကို တခြားနေရာတွေ ကျန်သေးတော့ သူတို့ ဟိုလှည့်ဒီလှည့် ကစားလို့ကို မပြီးနိုင်တာလည်း ဖြစ်နိုင်တယ်။ နောက်ကွယ်မှာ မပြေလည်မှုတွေ ရှိနိုင်ပြီး ခဏဆိုင်းထားတဲ့ ပုံစံနဲ့ လွယ်တဲ့ဟာတွေ လျှောက်လုပ်နေတဲ့ ပုံစံဖြစ်နေတယ်” ဟု သုံးသပ်သည်။

“နောက်ပြီးတော့ လွှတ်တော်တခုကို ကျင်းပတာ ၁ဝ မိနစ်နဲ့ ပြီးနေတော့ တွက်ကြည့်ပေါ့။ အဲဒါက ကလေးကစားသလို ဖြစ်နေတယ်” ဟု သူက ဆက်ပြောသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေအရ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌတို့သည် “ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်” ၁၃ ဦး၌ ပါဝင်ကြသည်။

အင်္ဂါနေ့လွှတ်တော်သို့ တက်ရောက်ရန် ပျက်ကွက်သူ ၃ ဦးသည် တနင်္လာနေ့တွင် ပျက်ကွက်သူများပင်ဖြစ်ပြီး ခွင့်တိုင်ထားကြောင်း သိရသည်။

ဒေါ်စုကို ခြိမ်းခြောက်မှု အမေရိကန် ဝေဖန်

ထပ်ဆင့် ဖြန့်ဝေရန်

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို အစိုးရ သတင်းစာတွေကနေ ခြိမ်းခြောက် ရေးသားနေတာတွေကို ထောက်ရင် မြန်မာအာဏာပိုင်တွေဟာ ဘာမှ ပြောင်းလဲမှုမရှိဘဲ နည်းဟောင်း လမ်းဟောင်းအတိုင်း ဆက်သွားနေတာ တွေ့ရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက တုံ့ပြန်လိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ဒီတုံ့ပြန်ချက်ကို ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။
မြန်မာအစိုးရပိုင် သတင်းစာတွေကနေ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တိုက်ခိုက် ရေးသားလာတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် အင်မတန် စိုးရိမ်မိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက တုံ့ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲလုပ်ပြီး အစိုးရသစ်တရပ် ပေါ်ထွက်လာတော့မယ့် အခင်းအကျင်းသစ် ပေါ်လာပြီ ဆိုကြပေမဲ့ တကယ်တော့ ဘာမှ ပြောင်းလဲတဲ့ လက္ခဏာ မတွေ့ရဘူးလို့လည်း အပြစ်တင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပြီး ကတည်းကဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို နာမည်တပ်ပြီး ဝေဖန်တိုက်ခိုက်တာ ဒါ ပထမဆုံးလို့ ပြောရမှာပါ။ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှုနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်ကို ဝေဖန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ဟာ ဒီအတိုင်းဆိုရင် သမိုင်းရဲ့ ဂိတ်ဆုံးကို ဦးတည်သွားဖွယ် ရှိတယ်ဆိုပြီး ပြီးခဲ့တဲ့ စနေနေ့တုန်းက မြန်မာအစိုးရပိုင် သတင်းစာတွေမှာ သတိပေး ရေးသားထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘေးအန္တရာယ်အတွက် စိုးရိမ်ကြောင်းနဲ့ သူမ လုံခြုံရေးအတွက် မြန်မာအာဏာပိုင်တွေမှာ အဓိက တာဝန်ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ သဘောထားကို နိုင်ငံခြားရေးဌာန အရာရှိတဦးက ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘေးအန္တရာယ်နဲ့ လုံခြုံရေးအတွက် အဓိကအားဖြင့် စိုးရိမ်ပူပန်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာနိုင်ငံသား အားလုံးရဲ့ လုံခြုံရေးအတွက် မြန်မာအာဏာပိုင်တွေမှာ တာဝန်ဝတ္တရား ရှိပါတယ်။ မြန်မာပြည်သူတွေအတွက် ၂၂ နှစ်ကြာ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တရားဝင်မှုကို အသိအမှတ်ပြုဖို့ မြန်မာအာဏာပိုင်တွေကို ဆက်လက်ပြီး တိုက်တွန်းပါတယ်။
“နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးပြီး နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်ပေးဖို့၊ ဒီကတဆင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ပထမဆုံးအဆင့် အနေနဲ့ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေနဲ့ စစ်မှန်တဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ စတင်ဖို့ ထပ်မံ တိုက်တွန်းပါတယ်။”
တကယ်တမ်းတော့ မြန်မာနိုင်ငံမှာ လွှတ်တော်တွေ ခေါ်ယူပြီး အစိုးရဖွဲ့မယ်၊ သမိုင်းသစ် စာမျက်နှာသစ်ကို စိုက်ထူလိုက်ပြီ၊ လူထုလိုချင်တဲ့ အပြောင်းအလဲတွေ ပေါ်ပေါက်လာပြီ ဆိုပြီး မြန်မာအစိုးရက သတင်းမီဒီယာတွေမှာရော အခြား နိုင်ငံတကာကိုပါ ပြောဆိုနေတဲ့အချိန် ဖြစ်ပါတယ်။ တလောက ဂျီနီဗာမှာလုပ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာကိုယ်စားလှယ် ဦးထွန်းရှင်က နိုင်ငံတကာကို အခုလို ပြောခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာ အပြုသဘောဆောင် တိုးတက်မှုတွေနဲ့ မှတ်တိုင်သစ် တခုကို စိုက်ထူလိုက်ပါပြီ၊ အခန်းကဏ္ဍသစ်ကို စတင်ပါပြီ၊ စာမျက်နှာသစ်ကို ဖွင့်လှစ်လိုက်ပါပြီ။ နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ နားလည်မှုရှိရှိ အားပေး တုံ့ပြန်တာမျိုး ဘာကြောင့် မလုပ်နိုင်တာပါလဲ။”
အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပီ.ဂျေ ခရော်လေက သူ့ရဲ့ Twitter အကောင့်ကနေ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တိုက်ခိုက် ရေးသားလာတာနဲ့ ပတ်သက်လို့ မနေ့က မှတ်ချက်ရေးခဲ့ပါတယ်။ မြန်မာအစိုးရဟာ ခေတ်သစ်ကို ရောက်ပြီလို့ ကြွေးကြော်နေပေမဲ့လည်း အရင်ပုံစံ၊ အရင်လုပ်ပုံ လုပ်နည်းတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခြိမ်းခြောက်လာပါတယ်။ ဒါကြောင့် အခု အသစ်ပါလို့ ပြောနေတာဟာ ဘာမှ ထူးထူးခြားခြား ပြောင်းလဲသစ်လွင်မှု မရှိပါဘူးလို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မစ္စတာ ခရော်လေက မှတ်ချက်ရေးခဲ့ပါတယ်။
အစိုးရ သတင်းစာမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံ ပျက်သုဉ်းရေးနဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှု အပါအ၀င် ပိတ်ဆို့မှုများ ချမှတ်ရေး ကိုင်စွဲထားတာတွေကို စွန့်လွှတ်မယ်ဆိုရင် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့ ကြေညာခဲ့တဲ့အကြောင်း ပြန်လည် ဖော်ပြပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပိတ်ဆို့မှုတွေကို စိတ်အားထက်သန်စွာ တောင်းဆိုမှုတွေ လုပ်ခဲ့တယ်လို့ ဝေဖန် အပြစ်တင်ထားပါတယ်။
မြန်မာအစိုးရပိုင် သတင်းစာ ဆောင်းပါးတွေဟာ ရေးသူတဦးချင်းရဲ့ အမြင် ဆောင်းပါးတွေလို့ ဆိုပေမဲ့ အစိုးရရဲ့ မူဝါဒ၊ အစိုးရရဲ့ အာဘော်တွေကို ထင်ဟပ်လေ့ ရှိပါတယ်။

အနောက်နိုင်ငံများကို ဦးတေဇ တန်ပြန်စီးပွားပိတ်ဆို့မည်

E-mail Print
စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည်ဆိုသည့် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇက မြန်မာနိုင်ငံအပေါ် အမေရိကန်နှင့် ဥရောပ နိုင်ငံတို့က မတရား စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်နေသည့် အတွက် တန်ပြန်စီးပွားရေး ပိတ်ဆို့သည့် အနေနှင့် မြန်မာ စီးပွားရေး လုပ်ငန်းရှင်များက အနောက်နိုင်ငံလုပ် စက်ပစ္စည်းများကို လုံး၀၀ယ်ယူ အသုံးပြုခြင်း မရှိကြောင်း ပြောဆိုလိုက်သည်။

u-tay-za-ygnutd
ဦးတေဇ (ဓာတ်ပုံ - ygnutd.com)
စီးပွားရေးမဂ္ဂဇင်း စာစောင်သစ် တခုဖြစ်သည့် ဖေဖော်ဝါရီလထုတ် The Future Myanmar Business Report မဂ္ဂဇင်းနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဦးတေဇက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဦးတေဇက မြန်မာနိုင်ငံအပေါ် မတရားစီးပွားရေး ပိတ်ဆို့ထားသော အနောက်နိုင်ငံများကို တန်ပြန်စီးပွားရေး ပိတ်ဆို့သည့် အနေနှင့် မြန်မာ့ ကျောက်မျက်ရတနာများကို အနောက်နိုင်ငံများသို့ မရောင်းလိုကြောင်း၊ မြန်မာ့ ကျောက်မျက်ကုမ္ပဏီ အားလုံးနီးပါးက ကျောက်မျက် ရတနာ တူးဖော်ရေး လုပ်ငန်းများအတွက် လိုအပ်သော မြေတူးစက် အပါအ၀င်
အကြီးစား စက်ပစ္စည်းများကို အနောက်နိုင်ငံ ထုတ်စက်ပစ္စည်းများ အသုံးမပြုဘဲ အာရှနိုင်ငံထုတ် စက်ပစ္စည်းများကိုသာ ၀ယ်ယူအသုံးပြုကြောင်း၊ တရုတ်နိုင်ငံသည် စီးပွားရေး တိုးတက် နေသောကြောင့် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုသည် ထိရောက်မှုမရှိကြောင်း ပြောသည်။

“အထူးသဖြင့် ကျောက်စိမ်းဈေးကွက်က တရုတ်နိုင်ငံက ပိုကြိုက်တော့၊ တရုတ်ပြည်မကြီး ကလည်း စီးပွားရေး အရမ်း တက်နေတော့ အဲဒီပိတ်ဆို့မှုဟာ ဘာမှ မထိရောက်ပါဘူး။ သူတို့ ပိတ်ဆို့မှုကလည်း လုံးဝ တရားမျှတတဲ့ ပိတ်ဆို့မှု မဟုတ်ပါဘူး” ဟု ဦးတေဇက ဆိုသည်။

အမေရိကန်နှင့် ဥရောပနိုင်ငံများသည် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ထားသော်လည်း အမေရိကန် Chevron ကုမ္ပဏီနှင့် ပြင်သစ် TOTAL ကုမ္ပဏီတို့က မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ ထားမှုအပေါ် တစုံတရာ အရေးယူမှု မရှိခြင်းကိုလည်း ဦးတေဇက ဝေဖန်သည်။

“သူတို့ရဲ့ အကျိုးအမြတ်အဖြစ် US ဒေါ်လာ ဘီလီယံ ချီပြီး နှစ်စဉ်ရနေတဲ့ မြန်မာနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ ၀င်လုပ်နေတဲ့ အမေရိကန် Chevron နဲ့ ပြင်သစ် Total ကိုကျတော့ ဘာမှ အရေးမယူဘူး။ တရားဝင် ကြောင်းတောင် ကြေညာပေး သေးတယ်” ဟု ဦးတေဇက ဆိုသည်။

အဆိုပါ တွေ့ဆုံမေးမြန်းခန်းတွင်ပင် ဦးတေဇက ပြည်ပရောက် မြန်မာလူငယ်များကို နိုင်ငံတွင်း ပြန်လာ၍ စီးပွားရှာကြရန် တိုက်တွန်းထားပြီး သူ့အနေနှင့် လုပ်ငန်းများ စတင်ထူထောင်စဉ်က ငွေကျပ် ၁ သောင်းပင် အရင်းအနှီး မရှိခဲ့ကြောင်း၊ သယံဇာတ ပေါကြွယ်ဝသော မြန်မာနိုင်ငံတွင် လုပ်စရာ လုပ်ငန်း အများအပြား ကျန်ရှိနေသေးကြောင်း ပြောဆိုသည်။

“ကျွန်တော်တို့ ဆိုလည်း ၁၉၈၄ ခုနှစ်ကတည်းက စီးပွားရေးနယ်ထဲ စ၀င်ခဲ့ပါတယ်။ အရင်းအနှီး ဆိုတာ ကျပ် ၁ သောင်း တောင် မပြည့်ခဲ့ပါဘူး။ ပြီးတော့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်ဆိုတော့ လုပ်ရတာ ကြပ်ပါတယ်။ ဒါပေမယ့် ရတဲ့ အခွင့်အလမ်း အားလုံး နေ့စဉ်စဉ်းစားပြီး ရသမျှ လုပ်တယ်။ တနေ့ကို အလုပ်ချိန် ၁၂ နာရီကနေ ၁၄ နာရီ အနည်းဆုံး ထားတယ်” ဟု သူက ရှင်းပြသည်။

၁၉၈၈ ခုနှစ် နောက်ပိုင်း ဈေးကွက်စီးပွားရေး စနစ် စတင် ကျင့်သုံးခဲ့သောအခါ တနေ့လျှင် ၁၆ နာရီ အလုပ် လုပ်ပြီး ၁၉၈၄ ခုနှစ်မှ ၂၀၀၄ ခုနှစ်အတွင်း ရာနှုန်းပြည့် နားရက်မရှိခဲ့ကြောင်း၊ ၁၉၉၅ ခုနှစ်တွင် မီလျံနာ သူဌေး စဖြစ်ခဲ့ကြောင်း ဦးတေဇက သူ၏ဘ၀ ဇာတ်ကြောင်းကို တွေ့ဆုံမေးမြန်းခန်းတွင် ထည့်သွင်း ပြောဆိုသွားသည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ (UMFCCI) အသင်းဝင် စီးပွားရေးသမား တဦးကမူ မြန်မာနိုင်ငံတွင် ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်ရန်မှာ စစ်တပ် ထိပ်တန်းစစ်ဗိုလ်ချုပ်များနှင့်နီးစပ်ရန် အထူးအရေးကြီးကြောင်း၊ စစ်ဗိုလ်ချုပ်များက လုပ်ပိုင်ခွင့် ချထားပေးရေးအတွက် တန်ဖိုးကြီးကြီးပေးကမ်း ကန်တော့ရန်လည်း လိုအပ်ကြောင်း ပြောသည်။

“ကိုယ်ကလည်းကြိုးစားမယ်။ လုပ်ပိုင်ခွင့် ရဖို့ ဗိုလ်ချုပ်တွေနဲ့ ပေါင်းမယ်။ ထိပ်ဆုံးဗိုလ်ချုပ်ကို နင့်အောင် ပေးနိုင်၊ ကမ်းနိုင်ရင်တော့ မြန်မာပြည်မှာ Top ဖြစ်ပြီ။ မြန်မာပြည်ရဲ့ သူဌေးကြီးတွေ အကုန်လုံးက စစ်ဗိုလ်ချုပ်တွေကို “အဘ” “အဘ” ခေါ်ပြီး ဖားရတဲ့သူချည်းပဲ။ ဒီလိုပြောလို့ တဘက်သက် ဆန်တယ်လို့ မထင်နဲ့။ လက်တွေ့ ဒီမှာ စီးပွားရေးလုပ်ကြည့်မှ သိမှာ။ မပေးနိုင်၊ မကမ်းနိုင်၊ မဖားနိုင်လို့ကတော့ ဘယ်လိုမှ ထိပ်ဆုံးကို မရောက်နိုင်ဘူး” ဟု အဆိုပါ စီးပွားရေးသမားက ရှင်းပြသည်။

ပြည်တွင်း နိုင်ငံရေးပါတီကြီး ၁၁ ခုက အမေရိကန်နှင့် ဥရောပ နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုသည် မြန်မာ ပြည်သူပြည်သား များကို ထိခိုက်မှု ရှိနေသည်ဟုဆိုကာ ပိတ်ဆို့မှုများ ဖယ်ရှားရန် ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ်
ကြေညာချက် တရပ်ကို ထုတ်ပြန်ခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကမူ စီးပွားရေး ပိတ်ဆို့မှုသည် ပြည်သူများကို ထိခိုက်ခြင်းမရှိဘဲ စစ်အစိုးရကိုသာ
တိုက်ရိုက် ထိခိုက်ကြောင်း ဖေဖော်ဝါရီလ ၈ ရက်နေ့က ကြေညာချက်တရပ် ထုတ်ပြန်ခဲ့သည်။

စစ်အစိုးရပိုင် သတင်းစာများက စီးပွားရေးပိတ်ဆို့မှု မဖယ်ရှားရေး တောင်းဆိုသော NLD နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

မြ၀တီ-ကော့ကရိတ် ကားလမ်း မသွားရန် DKBA သတိပေး

E-mail Print
ကရင်ပြည်နယ် မြ၀တီ-ကော့ကရိတ် ကားလမ်းကို ဖြတ်တောက်မည့် စစ်ဆင်ရေး ရှိသည့်အတွက် ယနေ့မှစ၍ အရပ်သားများ ခရီးသွားလာခြင်း မပြုလုပ်ရန် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က သတိပေး ပြောကြား ထားသည်။

IMG_0025-56
မြ၀တီ၊ ကော့ကရိတ်၊ ဘားအံ မြို့များသို့ တရက်ခြားပြေးဆွဲနေသည့် ယာဉ်များ (ဓာတ်ပုံ - ဧရာဝတီ)
မြ၀တီမြို့နှင့် ကော့ကရိတ်မြို့အား ဆက်သွယ်ထားသည့် ဒေါနတောင်ကျော် ကားလမ်းကို DKBA က ပိတ်ဆို့ ဖြတ်တောက်မည် ဖြစ်ရာ အရပ်သားများ ထိခိုက်မှုမရှိစေရန် သတိပေးခြင်းဖြစ်ကြောင်း DKBA စစ်ဆင်ရေးမှူး တဦး ဖြစ်သည့် ဗိုလ်မှူး ဆန်းအောင် က ဧရာဝတီ သို့ ပြောသည်။

၎င်းက“ဒီလမ်းကို ကျနော်တို့ပိတ်ဆို့ ဖြတ်တောက်မှုတွေလုပ်မယ်၊ အဓိကပစ်မှတ်က နအဖ ပဲ၊ အရပ်သားတွေ အနေနဲ့ စစ်ကား စီးတာတွေ အရပ်သားကားမှာ စစ်သားတင်တာတွေ မလုပ်ကြဖို့ အသိပေးတာပါ၊ အခုဆိုရင် ဒီလမ်းကြောမှာ နအဖ တပ်က လူတွေ တပ်ပြောင်းတာကအစ အရပ်ဝတ်နဲ့ပဲပြောင်းရွှေ့သွားလာနေတာတွေကြောင့် သတိပေးရတာပါ၊ တိုက်ခိုက်မှုတွေဖြစ်ခဲ့ရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်နိုင်လို့ပါ”ဟု ပြောသည်။

စစ်ဆင်ရေးမှာ အချိန်မရွေး ဖြစ်နိုင်သောကြောင့် ယနေ့မှစ၍ အရပ်သားများအနေနှင့် ခရီး သွားလာခြင်း မပြုလုပ်ရန် စစ်ဆင်ရေး ဧရိယာအတွင်းရှိ ဒေသခံများကိုလည်း အသိပေးထားပြီးဖြစ်သည်ဟု ဗိုလ်မှူး ဆန်းအောင် က ပြောသည်။

ယခု ရက်သတ္တပတ်အတွင်း မြ၀တီနှင့် ကော့ကရိတ် ကားလမ်းပေါ်ရှိ နအဖ တပ်စခန်းများနှင့် စစ်ဆေးရေး ဂိတ်များကို DKBA အဖွဲ့က လေးကြိမ်ထက် မနည်း ၀င်ရောက်တိုက်ခိုက်မှုများပြုလုပ်ခဲ့သောကြောင့် ခရီးသည်နှင့် ကုန်တင်ယာဉ်များ သိသာစွာလျော့နည်းသွားသည်ဟု မြ၀တီ-ဘားအံ မော်တော်ယာဉ်လိုင်းမှ ယာဉ်မောင်းတဦးက ပြောသည်။

“ဒီလမ်းမှာ ခရီးသည်နဲ့ ကုန်သည်တွေလည်း အတော်နည်းသွားတယ်၊ လမ်းမှာ ခဏခဏတိုက်ပွဲတွေဖြစ်တော့၊ ခရီးသွား တွေလည်းကြောက်တော့ အခုရက်ပိုင်း သွားလာတာတွေ အတော်လေးကို နည်းသွားတယ်၊ စစ်တပ်ကလည်း ပါးတယ်၊ အရင်ကဆိုရင် ကားအတက်အဆင်း သူတို့ဘာသာ သီးသန့်သွားတယ်၊ အခုကျတော့ အရပ်သားကားတွေကို အရှေ့နဲ့အနောက်မှာထားပြီး စစ်ကားတွေက အလယ်ကနေလိုက်တယ်၊ စစ်ကားတွေကိုကျော်လို့လည်းမရ၊ ချန် ထား လို့လည်း မရနဲ့ တကယ်စိတ်ပျက်ဖို့ ကောင်းတယ်”ဟု ၎င်းက ပြောဆိုသည်။

ယခင်က ခရီးသည်ကားများကို စစ်ကားများက လုံခြုံရေးယူပေးခဲ့သော်လည်း ယခုအချိန်တွင် အရပ်သားကားများက စစ်ကားများကို လုံခြုံရေးပေးနေရကြောင်း၊ လမ်းခရီးတလျှောက်ရှိ စစ်ဆေးရေးဂိတ်ကြီး ဂိတ်ငယ် ၃၀ ခန့်ကို အရပ်သား ကားများပုံမှန်ပေးနေရသည့် တရားမ၀င် ဂိတ်ကြေးများမှာမူ လျော့နည်းသွားခြင်းမရှိဟု ကြက်သွန် ကုန်သည် တဦးက ဆိုသည်။

DKBA က နအဖ စစ်ကားများကို တိုက်ခိုက်ရာတွင် စစ်သည်နှင့် ကားများ ထိခိုက် သေဆုံးမှုများရှိသော်လည်း တချို့တိုက်ခိုက်မှုများတွင် အရပ်သားတချို့ထိခိုက်သေဆုံးမှုများရှိသည်ဟု မြ၀တီမြို့ခံယာဉ်မောင်းတဦးကလည်း ပြောသည်။

ရွေးကောက်ပွဲကျင်းပနေစဉ် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နှင့် ၈ ရက်များတွင် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ် ဂိတ် တချို့ကို ဗိုလ်မှူးကြီး စောလားပွယ် ၏ DKBA တပ်ဖွဲ့ဝင်များက ၀ိုင်းထားခဲ့ပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။

စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့် တပ်ဖွဲ့ရေးကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့်နှစ် ဇူလိုင်လ ကုန် ပိုင်း တွင် လက်ခံခဲ့ကြသော်လည်း ဗိုလ်မှူးကြီး စောလားပွယ်၏ တပ်ဖွဲ့ကမူ ယင်း အစီအစဉ်ကို သဘောမတူသောကြောင့် ခွဲထွက်ခဲ့သည်။

ရှမ်းပြည်နယ်အတွင်း သံချပ်ကာ တင့်ကားများ ဖြန့်ထား

E-mail Print
ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) ၏ ၀မ်ဟိုင်း ဌာနချုပ် ဒေသအနီးတွင် စစ်အစိုးရက ယခုရက်ပိုင်းအတွင်း တပ် အင်အားနှင့် သံချပ်ကာ တင့်ကားများ တိုးချဲ့ထားကြောင်း ရှမ်းပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများကို စောင့်ကြည့်နေသူများက ပြောသည်။

ဝမ်ဟိုင်း ဒေသသည် ရှမ်းပြည်နယ် မိုင်းရယ်မြို့နှင့် မိုင်းရှုးမြို့နယ် ကြားတွင်ရှိပြီး ယင်းဒေသ အနောက်ဘက်ခြမ်း၌ တိုးချဲ့ ထားကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ဧရာဝတီသို့ ပြောသည်။

ကျောက်မဲမြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁ နှင့် လွိုင်လင် အခြေစိုက် (စကခ) ၂ လက်အောက်ခံ တပ်ရင်း ၇ ရင်းခန့် တိုးချဲ့ချထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုလဆန်းပိုင်းမှ စတင်၍ စစ်အစိုးရက စကခ ၂ တပ်ရင်းများသို့ သံချပ်ကာ ကား၂၀ ခန့် တောင်ကြီးမြို့မှ တဆင့် ပို့ဆောင် ထားကြောင်း မျက်မြင်သက်သေများကို ကိုးကား၍ ဦးစိန်ကြည် က ဆက်ပြောသည်။

SSA - မြောက်ပိုင်းသည် နအဖ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့်အဖွဲ့ဖြစ်ပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်း ဆန်ထားသည့် အဖွဲ့လည်း ဖြစ်သည်။ ၀မ်ဟိုင်းဌာနချုပ်ဘက်သို့ တပ်အင်အား တိုးချဲ့သည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး
ရှင်းရှင်း လင်းလင်း မသိရှိရ သေးပေ။

သို့သော် နအဖ စစ်အစိုးရက တပ်အင်အား တိုးချဲ့နေခြင်းသည် မကြာသေးခင် ရက်ပိုင်းက ၀မ်ဟိုင်း ဌာနချုပ်ဘက် သို့ ဖြတ် သန်း သွားလာနေသော ခရီးသည်တင်ကားနှင့် ကုန်တင်ကားကြီးများကို သွားလာခွင့် ပိတ်ပင်မှုများနှင့် တိုက်ဆိုင် နေသည်။

စစ်အစိုးရ အနေဖြင့် SSA - မြောက်ပိုင်းတပ်များကို ဖြိုခွင်းရန် တပ်အင်အားများ တိုးချဲ့ထားခြင်းသည် ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA -S) နှင့် SSA မြောက်ပိုင်း အကြား ဆက်ဆံရေးအရ ပူးပေါင်းဆောင်ရွက်မှုများ မလုပ်နိုင်ရန် ဖိအားပေးခြင်းသာ ဖြစ်ကြောင်းလည်း ဦးစိန်ကြည်က ပြောဆိုသည်။

ထို့အပြင် မိုင်းလား တပ်ဖွဲ့(NDAA) နှင့် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) တို့သည်လည်း စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ငြင်းဆန်ထားသည်။

UWSA ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင် အဖွဲ့ ၁ဝ ဖွဲ့ထက် မနည်း ငြိမ်းချမ်းရေး ယူခဲ့ကြသည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးအတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့သည်။

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့များက စစ်အစိုးရ ထိန်းချုပ်မှုအောက်တွင် နယ်ခြားစောင့် တပ်ဖွဲ့ရန် ငြင်းဆန် ကာ လက်ရှိ အခြေအနေအတိုင်း ဆက်လက် နေထိုင်ခွင့်ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ထိုသို့ ငြင်းဆန်မှုကြောင့် စစ်ရေးအရ တင်းမာမှုများ ပေါ်ပေါက်နေကြောင်း သတင်းဖော်ပြချက်များ အရ သိရသည်။

မင်းတြားကြီးသန်းရွှေနှင့် နေပြည်တော် ခိုးသားများ အပိုင်း (၄)

ရာဝတီ Tuesday, 15 February 2011 12:26 ဆောင်းပါး
စစ်သားများများ အရပ်သားနည်းနည်း စွက်ထားပြီး တိုင်းရင်းသား မပါသလောက်၊ အမျိုးသမီးဆိုလည်း မပါဘဲ ဖွဲ့ထားတဲ့ အစိုးရ အဖွဲ့သစ်ကြီး တဖြည်းဖြည်း ရုပ်လုံး ပေါ်လာပါပြီ။ အသစ် ဆိုပေမယ့်လည်း တကယ်တမ်း အပြောင်းအလဲ မယ်မယ်ရရ  မရှိဘဲ အစိုးရ အဖွဲ့ဟောင်းက နာမည်ပျက်ဝန်ကြီး တချို့ကို ထုတ်၊ ဒုဝန်ကြီးတွေနဲ့ အစားထိုး၊ နောက်ထပ် စစ်သားဝန်ကြီးတွေ ထပ်ဖြည့်နဲ့ စစ်တပ်ရဲ့ ထုံးစံအတိုင်း ထုံးသုတ် မွမ်းမံတဲ့ ပုံစံပါပဲ။

ဒီမျက်နှာတွေ ဒီပုံတွေ မြင်လိုက်တာနဲ့ စီးပွားရေး ပိတ်ဆို့ထားတဲ့ နိုင်ငံတွေက ပိတ်ဆို့မှု ရုပ်သိမ်းမှာမဟုတ်သလို ပြည်သူတွေ ကြား မှာလည်း ဘယ်သူပဲ တက်တက် မထူးမခြားနားဆိုတဲ့ အသံတွေ၊ အတွေးတွေကို  ကြားသိ မြင်တွေ့နေရပါတယ်။ အစိုးရ အဖွဲ့သစ် ကို ဦးဆောင်မယ့် သူကလည်း ရုပ်သေးရုပ် တရုပ်လို ကြိုးဆွဲရာ “က” တတ်တယ်လို့ နာမည်ကြီးတဲ့ ၀န်ကြီးချုပ် ဦးသိန်းစိန်ပါပဲ။

Article-Thein-Sein-and-Mg-Aye-Feb-14-Yan-Pai
နေပြည်တော်၌ ကျင်းပသော ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် ၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ ညစာ စားပွဲတွင် တွေ့ရသည့် သမ္မတ ဦးသိန်းစိန် (ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အနောက်နားက ယာဘက်) (ဓာတ်ပုံ - AP)
ဦးသိန်းစိန် (ဗိုလ်ချုပ်ကြီးဟောင်း)

ဝန်ကြီးချုပ် တဖြစ်လဲ သမ္မတဖြစ်လာမယ့် ဧရာဝတီတိုင်း ကျောင်းကုန်းသား ဦးသိန်းစိန်ဟာ ၁၉၆၈ ခုနှစ် DSA အပတ်စဉ် ၉ ကျောင်း ဆင်း ဖြစ်ပြီး ၁၉၈၈ ခုနှစ်ကာလက တပ်မ ၅၅ မှာ ဗိုလ်မှူးအဖြစ် တာဝန်ယူခဲ့တယ်။ အဲဒီနောက်မှာ စစ်ကိုင်းတိုင်း ကလေးမြို့ ခလရ ၈၉ မှာ တပ်ရင်းမှူးရာထူးနဲ့ တပ်ရင်းမှူးတိုင်း တက်ရတဲ့ နာမည်ကြီး ကလော စစ်ဦးစီးတက္ကသိုလ် ဆင်းပြီးတဲ့ အခါမှာတော့ အထက်ကို တက်လှမ်းဖို့ လမ်းပွင့်သွားခဲ့တယ်လို့ ပြောရမှာပေါ့။

၁၉၈၈ ခုနှစ်နောက်ပိုင်း အရှေ့မြောက်ဒေသ တိုက်ပွဲများ ကျဲပါးသွားတဲ့နောက် မြန်မာ့တပ်မတော်ဟာ အရှေ့တောင်ဘက် ဒေသမှာရှိတဲ့ ကရင်သူပုန်နဲ့ ကျောင်းသားတပ်တွေကို ပိုမိုအာရုံစိုက် ထိုးစစ်ဆင်ခဲ့ပါတယ်။ စစ်တပ်အနေနဲ့ ဒီတိုက်ပွဲတွေကို ဖော်ဆောင် ရာမှာ ရန်သူနဲ့ သူတင်ကိုယ်တင် အသေအကြေ တိုက်ခဲ့ရသလို စစ်အရာရှိကြီး အတော်များများ ကျဆုံးသူကျဆုံး၊ အမိန့်မနာခံလို့ ဆိုတဲ့ ပြစ်ချက်တွေနဲ့ ရုံးတင်အပြစ်ပေး အရေးယူခံရသူခံရ ဖြစ်နေချိန်မှာ ဦးသိန်းစိန်ကတော့ စစ်ရုံးလို့ခေါ်တဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ ဗိုလ်မှူးကြီးဘ၀နဲ့ ရုံးလုပ်ငန်းတွေအပြင် ဗိုလ်ချုပ်မှူးကြီးရဲ့ အပါးတော်မြဲ တာဝန်တွေကို ထမ်းဆောင်နေခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးနဲ့ အနီးကပ်နေရတဲ့ စစ်ရုံးက စစ်ဦးစီး ပထမတန်း (Col. GS) ဘ၀မှာတင် ရုံးတာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင် ခဲ့တဲ့အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မျက်စိကျခြင်း ခံရပြီး ဗိုလ်မှူးချုပ်ရာထူးကို စောစောစီးစီး တိုးမြှင့်ပေးခြင်းခံခဲ့ရ တယ်။ တပ်မတော်အစဉ်အလာကို ချိုးဖောက်ပြီး ဗိုလ်မှူးချုပ်ရာထူးအဆင့်နဲ့ စစ်ဦးစီး ပထမတန်းနေရာမှာပဲ ဆက်ထားပါတယ်။ တကယ်က စစ်ဦးစီး ပထမတန်းဆိုတာ ဗိုလ်မှူးကြီးတွေကိုပဲ ထားတာပါ။

ရုံးတာဝန်၊ လုပ်ငန်းတွေကို စာရင်းဇယား ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်ခဲ့တဲ့အတွက် တပ်ထဲနဲ့ အစိုးရအဖွဲ့ထဲမှာ “စာရေးကြီး … စာရေးကြီး” နဲ့ နာမည်ကြီးခဲ့တယ်။

ဗိုလ်ချုပ်မှူးကြီးရဲ့မြှောက်စားခြင်းခံရတာဟာ ဦးသိန်းစိန်အတွက် နောင် သမ္မတဖြစ်လာဖို့ အကြောင်း အချက်တချက်ဖြစ်ပါတယ်။ နီး စပ်သူတွေကတော့ ဒီလို စစ်ရုံးကို ရောက်ခဲ့တာဟာ အရင် ကစထမှူး (စစ်ဆင်ရေး အထူးအဖွဲ့မှူး) လုပ်ခဲ့တဲ့ ဒု ဗိုလ်ချုပ်ကြီး ဟောင်း ခင်မောင်သန်းရဲ့ ကျေးဇူး မကင်းဘူးလို့ ဆိုကြတယ်။

ဗိုလ်ချုပ်မှူးကြီးနဲ့ စစ်ခေါင်းဆောင်တစုက စစ်တပ်အတွင်း များပြားလာတဲ့ စစ်အရာရှိ ဖောင်းပွမှု ပြဿနာကို ဖြေရှင်းဖို့အတွက် တိုင်းပြည်ရဲ့ ဘဏ္ဍာဝင်ငွေ၊ လူဦးရေနဲ့ အချိုးအစားကို မကြည့်ဘဲ တပ်မတွေ တိုးချဲ့ချိန်မှာတော့ ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ဖူးကြီး အခြေစိုက် စကခ ၄ (အမှတ် ၄ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်)ကို အသစ်တည်ဆောက်ဖို့  ဦးသိန်းစိန် တာဝန်ယူခဲ့ပြန်ပါတယ်။

၁၉၉၇ ခုနှစ်မှာ ရှမ်းပြည်အရှေ့ပိုင်းက တြိဂံတိုင်း စစ်ဌာနချုပ်ရဲ့ တိုင်းမှူးဖြစ်လာခဲ့ပြီး တိုင်းမှူးဘ၀မှာ အထက်ကပေးတဲ့ ခေါင်းစား စရာ အမိန့်တွေ့ကြောင့် ခေါင်းပူတာကို ဖြေဖျောက်ဖို့အတွက် ဆံပင်ညှပ်ဆိုင်မှာ မကြာခဏ ခေါင်းလျှော်၊ ခေါင်းရှင်းတယ်လို့ သိရ တယ်၊ ဘယ်လောက်အထိ ခေါင်းလျှော်တာကို စွဲသွားသလဲ ဆိုတော့ ဆိုင်ရှင်အမျိုးသမီးနဲ့တောင် မရှင်း မရှင်းဖြစ်တယ်ဆိုပြီး ပတ် ၀န်းကျင်က သမုတ်ခံရတဲ့အထိ ဖြစ်ခဲ့တယ်လို့ တာချီလိတ် နယ်ခံတွေက ပြောပါတယ်။ အခု သမ္မတ တာဝန်ယူပြီ ဆိုရင်တော့ ရှေ့ကိုဆက်ပြီး ခေါင်းစားစရာတွေကို ပို ရင်ဆိုင်ရတော့မှာဖြစ်တယ်။

ဦးသိန်းစိန် တိုင်းမှူးအဖြစ် တာဝန်ယူနေစဉ်အတွင်း တာချီလိတ်မြို့အနီးမှာ ထိုင်းနိုင်ငံနဲ့ နယ်စပ်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့် တခြား ဗိုလ်ချုပ်တွေလိုပဲ ထိုင်းမုန်းတီးရေး သမားတဦးအဖြစ်နဲ့ လူသိပိုများလာတယ်။ ၂၀၀၁ ခုနှစ် စစ်ရေးချုပ် ဒု ဗိုလ်ချုပ်ကြီး တင်ဦး ကရင်ပြည်နယ်မှာ ရဟတ်ယာဉ် ပျက်ကျသေဆုံးအပြီးမှာ ဦးသိန်းစိန် စစ်ရေးချုပ်ဖြစ်လာတယ်။ နောင် ၂ နှစ်အကြာ ၂၀၀၃ ခုနှစ်မှာ စစ်ကောင်စီရဲ့ အတွင်းရေးမှူး (၂) ဖြစ်လာခဲ့တယ်။

လမ်းပြမြေပုံ ၇ ချက် ရေးဆွဲပြီး အမျိုးသားညီလာခံ ကျင်းပချိန်မှာတော့ ညီလာခံ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခြင်း ခံခဲ့ရပြန်တယ်။

နဖူးရေ ဒူးရေ ကြည့်ပြီး တခြား စစ်ဗိုလ်ချုပ်တွေထက် စာရင် သဘောကောင်းတယ်၊ မောက်မာမှု မရှိလောက်ဘူးလို့ ထင်ရပေမယ့် စစ်အရာရှိ အများစုမှာရှိတဲ့ စရိုက်ဆိုးအတိုင်း မန္တလေးဘူတာကြီးမှာ ရုံပိုင်ကို တပ်ရင်းမှူးဘ၀က လက်သီးစွမ်းပြခဲ့ဖူးတယ်လို့ အတွင်းသိတွေက ဆိုတယ်။

သဘောထားတင်းမာပြီး မောက်မာလှတဲ့ လက်ရှိ ထိပ်တန်းစစ်ခေါင်းဆောင်တွေ အကြားမှာတော့ သဘောထား ပျော့လွန်းသူ၊ ဆန့်ကျင်ဘက် အသွင်ဆောင်သူလို့ မှတ်ချက်ပေး ပြောဆိုနေကြပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး အတွက်တော့ ရုပ်ပြကောင်းပြီး ဗန်းဖုံး လှတာကြောင့် ဒီပဲယင်းလူသတ်သမား ဒု ဗိုလ်ချုပ်ကြီး စိုးဝင်း သေဆုံးသွားတဲ့အခါ နိုင်ငံတကာဖိအားတွေကို ရင်ဆိုင်ဖို့ သူပြောသမျှကို မှန်မှန်မှားမှား နားထောင်လေ့ရှိတဲ့  ဦးသိန်းစိန်ကို ၀န်ကြီးချုပ်အဖြစ် မြှောက်စားခဲ့ပြီး နိုင်ငံတကာ ဇာတ်ခုံကို စေလွှတ်ခဲ့ တယ်။

ဗိုလ်ချုပ်မှူးကြီးစကား ဘယ်လောက် နားထောင်လဲဆိုတော့ မကြာသေးမီက ထွက်ပေါ်ခဲ့တဲ့ ၀ီကီလိခ်စ် သံတမန် ပေါက်ကြားစာ တွေ အရ  ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အပြီး အာဆီယံ အစည်းအဝေးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုယ်စားလှယ်  မစ္စတာ ဂန်ဘာရီ မြန်မာ့အရေးနဲ့ ပတ်သက်လို့  စကားပြောဖို့  အာဆီယံ ခေါင်းဆောင်တွေက ခွင့်ပေးခဲ့ရင် အစည်းအဝေးခန်းကို သပိတ်မှောက်ပြီး ထွက်ခဲ့ဖို့နဲ့ အမေရိကန်က ပြုလုပ်နေတဲ့ ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုကို လျော့ပါးအောင် လှည့်ဖျားဖို့ကို ဗိုလ်ချုပ် မှူးကြီးက ၀န်ကြီးချုပ်အသစ် ဦးသိန်းစိန်ကို မှာကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဦးသိန်းစိန်ကလည်း ပိတ်ဆို့ အရေးယူမှုကို လက်တလုံးခြားလုပ်ပြီး လျော့ပါးအောင်လုပ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် စင်ကာပူနိုင်ငံက လှပတဲ့ သစ်ခွပန်းကို ဒမ်ဒရိုဗီယမ် သိန်းစိန်လို့ အမည်ပေး ကင်ပွန်းတပ်ရလောက်အောင် အာဆီယံအဖွဲ့ မျက်နှာစာမှာ အောင်မြင်ခဲ့တဲ့အပြင် စစ်အာဏာသိမ်း န၀တ၊ နအဖ အဖွဲ့ ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးတွေထဲမှာ အမေရိကန်မြေကို ပထမဆုံး ခြေချနိုင်ခဲ့တဲ့ သူတဦးဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ ဒါ့အပြင် အမေရိကန်ရောက် ကိုမိုးသီးဇွန်နဲ့ မြန်မာ့အရေး လှုပ်ရှားသူများရဲ့ ဖိနပ်နဲ့ပေါက်ခြင်းခံရတဲ့ ပထမဆုံး ဗိုလ်ချုပ်ကြီး တဦး၊ သမ္မတလောင်း တဦးဖြစ်တော့မလို့ သီသီလေးဖြစ်ခဲ့ဖူးတယ်။ အဲဒီ တုန်း က နိုင်ငံခြားရေး ဝန်ကြီးဖြစ်တဲ့ ဦးဉာဏ်ဝင်း (အခု ပဲခူးတိုင်း ဝန်ကြီးချုပ် ဖြစ်မယ့်သူ) ရဲ့ ကားကတော့ ဖိနပ်နဲ့ အပေါက်ခံ လိုက်ရပြီး ဝန်ကြီးချုပ် ဦးသိန်းစိန်ကတော့ ဘယ်အပေါက်က လစ်သွားမှန်း မသိလို့ ကံကောင်းသွားခဲ့ပါတယ်။

ဝန်ကြီးချုပ် အဖြစ်တာဝန်ယူရပေမယ့်လည်း သဘောထားပျော့လွန်းတာကြောင့် လုပ်ပိုင်ခွင့်တွေကို အတွင်းရေးမှူး (၁) တာဝန် ယူ ထားတဲ့ သီဟ သူရ ဦးတင်အောင်မြင့်ဦးက ဘောင်ကျော်ပြီး ၀င်ရောက်စွက်ဖက်တဲ့အထိ ဖြစ်လာတာကြောင့် ၀န်ကြီးတွေအကြား ၀န်ကြီးချုပ်ကို တွင်း (၁) က အာဏာသိမ်းလိုက်ပြီလို့တောင် ပြောစမှတ်ဖြစ်ခဲ့တယ်။ အခုလည်း အစိုးရ အဖွဲ့သစ်မှာ သီဟသူရ ဦးတင်အောင်မြင့်ဦးက ဒုသမ္မတဆိုတော့ ဘယ်လို နှစ်ပါးသွားကြမလဲဆိုတာတော့ စိတ်ဝင်စားစရာပေါ့။ အခုဆိုရင် လွှတ်တော်ထဲမှာ သူနဲ့ ၀န်ကြီးတွေက တဘက်၊ သီဟသူရ ဦးတင်အောင်မြင့်ဦးက တဘက် စစ်စဖြစ်နေကြပြီလို့တောင် ပြောနေကြတယ်လို့ နီးစပ်သူတချို့က ဆိုကြတယ်။

ကိုယ်တိုင်တွေ့ဖူးကြုံဖူးတဲ့ စီးပွားရေး လုပ်ငန်းရှင်တဦးကတော့ ဦးသိန်းစိန်က လူချစ်လူခင်များတာလည်း ဟုတ်ပါတယ်၊ စကားပြော လည်း ကောင်းပါတယ်၊ အုပ်ချုပ်ရေးလည်း ကျွမ်းကျင်ပါတယ်၊ ဒါပေမယ့် စီးပွားရေး အမြင်ကတော့ ရှိပုံမရဘူး၊ ဒီပုံနဲ့ တိုင်းပြည်စီးပွားရေး ဘယ်လို ထိန်းချုပ်မယ် မသိဘူးလို့ ရင်ဖွင့်ပါတယ်။

တိုင်းပြည်စီးပွားရေးသာ နားမလည်ရှိရမယ်၊ စီးပွားရေးသမားမွေးတဲ့ နေရာမှာတော့ လားစိုးမြင့်လို ရှမ်းတရုတ်နဲ့ သစ်မှောင်ခိုလုပ်ပြီး ကြီးပွားခဲ့တဲ့ စီဘီဘဏ် ဥက္ကဋ္ဌ ခင်မောင်အေးတို့ကိုတော့ မွေးထားနိုင်ပါတယ်။ ဒါပေမယ့် ခရီးသွားရင်တော့ တေဇနဲ့ မက်စ်မြန်မာ ဇော်ဇော်ကို အမြဲခေါ်လေ့ရှိတယ်လို့ သိရတယ်။

တိုင်းပြည်ဘဏ္ဍာ ဘုံးတယ်၊ လာဘ်စားတယ်ဆိုတဲ့ စကားကို ဆီသည်မ လက်သုတ်ဝတ်လို  ဖန်တရာတေအောင် ထပ်ခါတလဲလဲ အသုံးအနှုန်း ခံနေရတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အပေါင်းအပါ ထိပ်တန်း ဗိုလ်ချုပ်တွေထဲမှာတော့ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က လာဘ်စားမှု အနည်းဆုံးလို့ ဆိုကြတယ်။ မွေးထားတဲ့ သမီးတွေကလည်း ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်းတို့၊ သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ သားတွေလို ချမ်းသာသည်ထက် ချမ်းသာအောင် စီးပွားရေး သောင်းကျန်းသူတွေတော့ မဟုတ်ဘူးလို့ ပြောကြတယ်။

ဒါပေမယ့် သူလည်း တိုင်းမှူးဘ၀၊ ၀န်ကြီးချုပ်ဘ၀မှာတော့ လုပ်ပိုင်ခွင့် ခွင်ထဲကနေ ပူဇော်ကန်တော့ ခံတာတွေတော့ ရှိမှာပေါ့။ ဘာကြောင့်လဲဆိုတော့ တြိဂံတိုင်းအတွင်းက “၀” ခေါင်းဆောင်တချို့နဲ့ မိုင်းလားခေါင်းဆောင်တချို့အဆိုအရတော့ လာဘ်မစားတဲ့ တိုင်းမှူး၊ စစ်ဗိုလ်ချုပ်ဆိုတာ မရှိဘူးတဲ့၊ ရှိတယ်ဆိုရင် သူတို့ကို ပြောပါဆိုပြီး ရဲရဲကြီး အာမခံ ပြောနေတာတွေကိုလည်း ကြားနေရ တယ်။

သမ္မတလောင်းကြီးရဲ့ ဇနီး ဒေါ်ခင်ခင်ဝင်းရဲ့ လက်သုံးစကားကတော့ “အန်တီတို့က ပိုက်ဆံရှိတာ မဟုတ်ဘူး၊ အစိုးရပေးတဲ့ အိမ်မှာ နေတာ”လို့ အမြဲပြောလေ့ရှိတယ်။ ဘယ်လောက်မှန်သလဲတော့ မသိဘူး။ ဒါပေမယ့် ဒီစကားလုံးတွေက တခြား ဗိုလ်ချုပ် ကတော်တွေ အတွက်တော့ နားကလောစရာ ဖြစ်နေတာအမှန်ပဲ။ ဒါပေမယ့် သိတတ်လို့ လာပေးရင်၊ လာကန်တော့ရင်တော့ လက်ခံမှာပါ။

တကယ်တော့ ၁၉၈၈ ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်း တက်လာခဲ့တဲ့ စစ်ကောင်စီ ဗိုလ်ချုပ်တွေ၊ တိုင်းမှူးတွေ၊ ၀န်ကြီးတွေတိုင်း လာဘ်မစားဘူးဆိုတာ မရှိပါဘူး။ ဦးသိန်းစိန်အနေနဲ့လည်း လုပ်ပိုင်ခွင့်ပဲ မရှိသေးလို့လား၊ မရသေးလို့လား၊ ဒါမှမဟုတ် ရုံးလုပ်ငန်းကို ကျွမ်းကျွမ်းကျင်ကျင် လုပ်လာသူဆိုတော့ ဇယားကြေလို့ပဲ မြန်မာနိုင်ငံ စာရင်းစစ်အဖွဲ့ချုပ်က စစ်ဆေး မရတာလား ဆိုတာကို တော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။     ။

2011年2月9日水曜日

သာကေတမီးလောင်

သမ္မတ သိန်း ၅ဝ၊ ကား ၆ စီး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။       ။ နိုင်ငံတော် သမ္မတလစာ ကျပ်သိန်း ၅ဝ ဟုပါရှိသော အစိုးရ အဖွဲ့ဝန်ထမ်းများ အတွက် လစာနှုန်းထားများနှင့် အခြား ခံစားခွင့်ဆိုင်ရာ ဥပဒေများကို စစ်အစိုးရက ထုတ်ပြန်ထားကြောင်း ရခိုင် ပြည်သူ့လွှတ်တော် အမတ် ဦးဘရှိန်က ပြောသည်။

အဆိုပါဥပဒေများအရ နိုင်ငံတော်သမ္မတသည် လစဉ်ချီးမြှင့်ငွေ ကျပ်သိန်း ၅ဝ၊ မော်တော်ကား ၆ စီးအပြင် ဝတ်စုံစရိတ်၊ ပြည်တွင်းပြည်ပ သွားလာစရိတ်၊ နိုင်ငံရပ်ခြားတွင် အခမဲ့ဆေးကုသခွင့်များ ရရှိသည်။ ထို့ပြင် သမ္မတအိမ်တော်နှင့် အသုံးအဆောင်များ၊ အိမ်တော်အတွက် ကုန်ကျစရိတ်ဖြစ်သည့် ရေ၊ လျှပ်စစ်ဓာတ်အား၊ ဖုန်းသုံးစွဲမှုစရိတ်၊ မော်တော်ယာဉ်တွင် သုံးစွဲမည့် စက်သုံးဆီ၊ ချောဆီစရိတ်များပါ ရရှိသည်။

ဇန်နဝါရီ ၁ဝ ရက်ရက်စွဲဖြင့် ထုတ်ပြန်သည့် ဥပဒေများမှာ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေတို့ ဖြစ်သည်။

နိုင်ငံတော် သမ္မတသည် အဆိုပါ ခံစားခွင့်များအပြင် ကိုယ်ရေးအရာရှိနှင့် ကိုယ်ရံတော်အရာရှိ နှစ်ဦးစီ ရရှိမည်။ ဒုတိယသမ္မတသည် လစာချီးမြှင့်ငွေ ကျပ်သိန်း ၄ဝ နှင့် ကိုယ်ရေးအရာရှိ တဦးပါ ရရှိမည်။

’’လစာကိစ္စက ဥပဒေထုတ်ပြီး ပြဋ္ဌာန်းပေးထားတာပဲ။ ၂၈ ရက်နေ့ ကျနော်တို့ လွှတ်တော်ရုံးကိုသွားတော့ ဒီစာအုပ်ကို ပေးပါတယ်။  တိုင်းနဲ့ ပြည်နယ်တွေမှာတော့ တိုင်းနဲ့ ပြည်နယ်နဲ့ဆိုင်တဲ့ လွှတ်တော်တွေအတွက် ဖြစ်မှာပေါ့’’ ဟု ရခိုင်တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP မှ ပြည်သူ့လွှတ်တော်အမတ် ဦးဘရှိန်က ပြောသည်။

နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေနှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေများလည်း သက်ဆိုင်ရာ လွှတ်တော်အမတ်များထံ ဖြန့်ဝေခဲ့သည်။

“ ကျနော်တို့ လူပျိုပေါက်စ မီလိုက်တဲ့ ဖဆပလခေတ်က ငွေကြေးနဲ့ တွက်မယ်ဆိုရင်   ရွှေတကျပ်သားကို (ကျပ်) ၁၈ဝ၊ ၂ဝဝ။ အဲဒီအချိန်က လစာနဲ့ အခု ရွှေတကျပ်နဲ့ တွက်မယ်ဆိုရင် လွှတ်တော် ကိုယ်စားလှယ်တွေကို ပေးတဲ့ ငွေ ၃ သိန်းတို့၊ ၂ သိန်းတို့ဆိုတာ အဲဒီအချိန်က ငွေနဲ့တွက်ကြည့်လိုက်ရင် အလွန်နည်းတယ်လို့ပဲ ပြောရမှာပေါ့’’ ဟု ဦးဘရှိန်က ပြောသည်။

ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌများနှင့် ပြည်ထောင်စု တရားသူကြီးချုပ်မှာ ကျပ် ၃၅ သိန်း ရရှိမည်ဖြစ်သည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထာင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌများ ကျပ်သိန်း ၃ဝ ရရှိမည်။

“အစိုးရအသုံးစရိတ် သိပ်များလာပြီဆိုရင် တဖက်က ပြန်စဉ်းစားဖို့က ဘယ်ကနေ ပြန်ရှာမလဲပေါ့။ ဆိုတော့ တိုင်းပြည်က၊ ပြည်သူလူထု အခွန်အတုပ်ကပဲ ရှာဖို့ ရှိတဲ့အခါကျတော့ အခွန်အတုပ် ပိုပိဖို့ ရှိတာပေါ့” ဟု ထိုင်းအခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးအောင်သူငြိမ်းက ပြောသည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယာင်များဆိုင်ရာ ဥပဒေထဲတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ ကျပ်သိန်း ၃ဝ ရရှိမည်ဟု ပြဋ္ဌာန်းထားသည်။

ထို့ပြင် ၄င်းလွှတ်တော်များ၏ ဒုဥက္ကဋ္ဌများ၊ တိုင်းဒေသ သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်များအတွက် ကျပ်သိန်း ၂ဝ နှင့် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီး ရာထူးများအတွက် ကျပ် ၁ဝ သိန်းစီ ရရှိမည်ဖြစ်သည်။

လက်ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ မြန်မာနိုင်ငံတွင် ဗဟိုအစိုးရနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရဟူ၍ အစိုးရနှစ်ရပ် ရှိလာမည်ဖြစ်သည်။ ယင်းအပြင် ဝန်ကြီးဌာန ဝန်ထမ်းများလည်း များလာဖွယ်ရှိသည်။

နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေအရ နေပြည်တော် ကောင်စီဥက္ကဋ္ဌသည် ကျပ်သိန်း ၃ဝ နှင့် ကောင်စီဝင်များသည် ကျပ်သိန်း ၂ဝ စီ ရရှိမည်ဖြစ်သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ဒေသဥက္ကဋ္ဌများမှာ ကျပ်သိန်း ၂ဝ စီနှင့် အလုပ်အမှုဆောင် ကော်မတီဝင်များမှာ ကျပ် ၁ဝ သိန်း စီ ရရှိမည် ဖြစ်သည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေအရ လွှတ်တော်ကြီးနှစ်ရပ်ရှိ ရွေးကောက်ခံနှင့် တပ်မတော်သား ကိုယ်စားလှယ်များအတွက် လစဉ် ချီးမြှင့်ငွေ ကျပ် ၃ သိန်း ဖြစ်သည်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်နှင့် တပ်မတော်သား ကိုယ်စားလှယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ဒေသဦးစီးအဖွဲ့ဝင်များအတွက် ကျပ် ၂ သိန်းစီနှင့် ဖြည့်စွက် ဦးစီးအဖွဲ့ဝင်များအတွက် ကျပ် ၁ သိန်းစီ ဖြစ်သည်။

“ကျနော်တို့ဆီမှာ ချမ်းသာတဲ့လူတွေက အခွန်ဘယ်လောက် ပေးသလဲဆိုတာ မသိရဘူး။ ဥပမာဆိုပါစို့… ဦးတေဇတို့၊ ဇေကမ္ဘာဦးခင်ရွှေတို့က အခွန်ဘယ်လောက် ပေးသလဲဆိုတာ ကျနော်တို့ မသိရဘူးပေါ့ဗျာ။ အဲဒီတော့ ချမ်းသာတဲ့သူတွေက အခွန်လုံးဝမပေးတာလဲ ဖြစ်နိုင်တယ်။ ဆင်းရဲတဲ့သူတွေကို အခွန်တိုးကောက်တဲ့ စနစ်မျိုး ဖြစ်နိုင်တယ်ဗျ။ ဆိုတော့ အဲဒီဟာမျိုး အနေအထားမှာ ဆိုရင်တော့ မကောင်းဘူးဗျ” ဦးအောင်သူငြိမ်းက ပြောသည်။

အမျိုးသမီးမဲ့ ဝန်ကြီးအဖွဲ့

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။        ။ ရွေးကောက်ပွဲပြီး ပထမဆုံး ဝန်ကြီးအဖွဲ့သစ်တွင်လည်း အမျိုးသမီးတဦးမျှ မပါဝင်ဘဲ လက်ရှိနှင့်ယခင် စစ်အရာရှိဟောင်းများ ကြီးစိုးထားသည်။ သို့သော်လည်း စီးပွားရေး လုပ်ငန်းရှင်များ အပါအဝင် လူသစ်အချို့ကို တွေ့မြင်ရမည် ဖြစ်သည်။

သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်တွင် ဝန်ကြီးဌာန ၃၄ ခုအတွက် လျာထားသော ဝန်ကြီးအမည် ၃ဝ ကို ဗုဒ္ဓဟူးနေ့က တင်သွင်းခဲ့သည်ဟု သတင်းရပ်ကွက်များက ပြောသည်။

ဆဌမနေ့မြောက် အထက်နှင့် အောက်လွှတ်တော် ပူးပေါင်း
theinseinsss
ဦးသိန်းစိန်က အမျိုးသမီးမပါသော ဝန်ကြီးအဖွဲ့ကို ဦးဆောင်မည်
အစည်းအဝေးကို နေပြည်တော်တွင် ယနေ့ကျင်းပရာ သမ္မတ၏ ဝန်ကြီးအမည်စာရင်း တင်သွင်းမှုကို ထောက်ခံမဲ ၆၁၅ မဲ၊ ကြားနေမဲ ၁၄ မဲ ၊ ကန့်ကွက်မဲ ၇ မဲဖြင့် အတည်ပြုခဲ့သည်ဟု လွှတ်တော်တက်နေသော အမတ်တဦးက မဇ္ဈိမကို ပြောသည်။

ACE ဆောက်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဝဏ္ဏကျော်ထင် စည်သူဦးတင့်ဆန်း၊ ရန်ကုန်ဆေးတက္ကသိုလ် ပါမောက္ခချုပ် ကလေးအထူးကု ဒေါက်တာဖေသက်ခင်၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် အသင်းဥက္ကဋ္ဌ ဆီလုပ်ငန်းရှင် ကြံ့ဖွံ့အမတ် ဝဏ္ဏကျော်ထင် ဦးဝင်းမြင့်တို့ ဝန်ကြီးအဖွဲ့တွင် ပါဝင်လာသည်။

လာမည့် သောကြာနေ့တွင် ယနေ့ တင်သွင်းထားသည့် အမည်စာရင်းအတွက် လက်ကိုင်ဝန်ကြီးဌာန အမည်များ ကြေညာသွားမည်ဟု သိရသည်။

မဇ္ဈိမက စုံစမ်းရရှိထားသော ဝန်ကြီးအဖွဲ့သစ် လူစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။ လက်ရှိဝန်ကြီးအချို့  ပြန်ပါမည်ဖြစ်သော်လည်း ဝန်ကြီးဌာန ပြောင်းလဲ ကိုင်တွယ်ရမည့် အနေအထားရှိနေသည်ဟု အမတ်များက ပြောသည်။

ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးကိုကို
ဗိုလ်ချုပ် လှမင်း(ကစထမှူး)
ဗိုလ်ချုပ် ဦးသိန်းဌေး(ထောက်ပံ့ ညွန်ကြားရေးမှူး)
ဂျနီဗာကုလသံအမတ်ဟောင်း ဦးဝဏ္ဏမောင်လွင်
ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင်(လားရှိုး ကစထမှူး)
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်း
ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့်
ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးတင့်ဆန်း
ဆောက်လုပ်ရေးဝန်ကြီးဟောင်း ဦးခင်မောင်မြင့်
၁၀ ဗိုလ်ချုပ်ဟောင်း ဦးသိန်းထွန်း
၁၁ ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်း
၁၂ စစ်ဆင်ရေးမှူးချုပ်ဟောင်း ဗိုလ်ချုပ် ဦးသိန်းထိုက်
၁၃ ပို့/ဆက် ဒုဝန်ကြီးဟောင်း ဗိုလ်မှူးကြီးဟောင်း ဦးဉာဏ်ထွန်းအောင်
၁၄ စီးပွား၊ကူးသန်းဝန်ကြီး ဦးတင်နိုင်သိန်း
၁၅ သစ်တောညွန်ချုပ် ဦးဝင်းထွန်း
၁၆ အလုပ်သမားဝန်ကြီးဟောင်း ဦးအောင်ကြည်
၁၇ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးအုန်းမြင့်
၁၈ ဦးကျော်စွာခိုင်
၁၉ စက်မှု (၂) ဝန်ကြီး ဦးစိုးသိန်း
၂၀ စွမ်းအင် ဒုဝန်ကြီးဟောင်း ဦးသန်းဌေး
၂၁ ရထားဝန်ကြီးဟောင်း ဦးအောင်မင်း
၂၂ ဒေါက်တာ မြအေး
၂၃ ရန်ကုန် ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ကလေးအထူးကု ဒေါက်တာ ဖေသက်ခင်
၂၄ ကာကွယ်ရေး ဒုဝန်ကြီးဟောင်း ဗိုလ်ချုပ် ဦးအေးမြင့်
၂၅ သာသနာရေးဝန်ကြီးဟောင်း သူရမြင့်မောင်
၂၆ ရဲချုပ်ဟောင်း ဦးခင်ရီ
၂၇ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း
၂၈ ရန်ကုန်တိုင်း လျှပ်စစ်ဦးစီးမှူးဟောင်း ဦးခင်မောင်စိုး
၂၉ နယ်စပ်စည်ပင် ဝန်ကြီး ဦးသိန်းညွန့်
၃၀ တပ်မတော်ဥပဒေချုပ် ဗိုလ်ချုပ် စိုးမောင်

မြန်မာကို ပိတ်ဆို့မှု အမေရိကန်နဲ့ ကနေဒါ ရုပ်သိမ်းဖို့ အစီအစဉ်မရှိ

အင်္ဂါ, 08 ဖေဖော်ဝါရီ 2011

ထပ်ဆင့် ဖြန့်ဝေရန်

မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရှေ့ရှုပြီး စစ်အစိုးရက လူ့အခွင့်အရေး လေးစား လိုက်နာရေး၊ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးရေး၊ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ အနှစ်သာရရှိတဲ့ တွေ့ဆုံဆွေးနွေးမှုတွေအတွက် အခိုင်အမာ အရေးယူ ဆောင်ရွက်တာတွေ လုပ်လာအောင် တွန်းအားပေးတဲ့ အနေနဲ့ အမေရိကန် ပြည်ထောင်စုက တားဆီး ပိတ်ဆို့မှုတွေကို ဆက်လက် ထိန်းထားမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဒီနေ့ ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စီးပွားရေး ချွတ်ခြုံကျနေရတာဟာ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်နေတဲ့ စစ်အစိုးရ အပေါ်မှာ အခိုင်အမာ မူတည်နေတယ် ဆိုတာကို ကနေဒါ နိုင်ငံခြားရေး ၀န်ကြီးဌာနက သဘောတူတဲ့အကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ကနေဒါနိုင်ငံက စစ်အစိုးရအပေါ် အပြင်းထန်ဆုံး ဒဏ်ခတ်ထားတာကို ရုပ်သိမ်းပေးဖို့ အစီအစဉ် မရှိကြောင်း၊ မြန်မာနိုင်ငံမှာ လွတ်မြောက်ရေး၊ လူ့အခွင့်အရေး လေးစား လိုက်နာရေး၊ ဒီမိုကရေစီရေးတွေ ဖြစ်ထွန်း တိုးတက်အောင် နိုင်ငံတကာ မိတ်ဆွေတွေနဲ့အတူ ဘယ်လို ကူညီနိုင်မလဲ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်၊ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တခြား ဒီမိုကရေစီ အင်အားစုတွေနဲ့ ဆွေးနွေးမယ့် အစီအစဉ်ကို ကြိုဆိုပါကြောင်း ကနေဒါ နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး လေ့လာသုံးသပ်ချက် တစောင်ကို အင်္ဂါနေ့က ထုတ်ပြန်ခဲ့တဲ့အပေါ် အမေရိကန် ပြည်ထောင်စုက အခုလို မှတ်ချက်ပေးလိုက်တာပါ။
မြန်မာနိုင်ငံမှာ စီးပွားရေး ပိတ်ဆို့မှုဆိုင်ရာ စည်းကမ်းချက်တွေကို ဘယ်အချိန်မှာ ဘယ်လိုအခြေအနေတွေ အောက်ကနေပြီး ပြုပြင် မွမ်းမံနိုင်မယ် ဆိုတာကို သဘောတူညီမှု ရရှိနိုင်အောင် အမေရိကန် ပြည်ထောင်စု၊ EU ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၊ ကနေဒါ၊ နယူးဇီလန်နဲ့ သြစတြေးလျ နိုင်ငံတို့ကို ညှိနှိုင်း ဆွေးနွေးသွားဖို့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တောင်းဆိုမယ်လို့ သူတို့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီလိုစဉ်းစားရာမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ တောင့်တင်းခိုင်မာတဲ့ စီးပွားရေး အခြေအနေတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။
အများရဲ့ လေးစားမှုကို ခံယူရရှိပြီးဖြစ်တဲ့ ပညာရှင်အဖွဲ့ တခုကနေ စီးပွားရေး ပိတ်ဆို့မှုတွေရဲ့ အကျိုးအပြစ်တွေကို လေ့လာ ဆန်းစစ်ပေးနိုင်မယ်ဆိုရင် အဲဒီဆွေးနွေးမှုတွေဟာ အများကြီး အထောက်အကူပြု၊ အကျိုးဖြစ်စေမယ်လို့ NLD ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အမေရိကန် ပြည်ထောင်စု မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ (USCB) ကလည်း စစ်အစိုးရအပေါ် တားဆီး ပိတ်ဆို့မှုတွေကို အပြည့်အ၀ အကောင်အထည်ဖော်ဖို့ လိုနေသေးကြောင်း စစ်အစိုးရရဲ့ နိုင်ငံခြားငွေ ဘဏ်စာရင်းတွေကို ပိုပြီး ထောက်လှမ်းရင်းနဲ့ ချိတ်ပိတ်ဖို့ ဆက်လုပ်ဖို့ လိုအပ်နေသေးတယ်လို့ ဗွီအိုအေကို ပြောပြပါတယ်။
တချိန်တည်းမှာပဲ Burma Campaign (UK) ဗြိတိန်နိုင်ငံ မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့ကလည်း EU ဥရောပသမဂ္ဂ အနေနဲ့ ဧပြီလမှာ သက်တမ်းကုန်ဆုံးမယ့် စစ်အစိုးရ ခေါင်းဆောင်ပိုင်းအပေါ် ပစ်မှတ်ထားပြီး ဒဏ်ခတ်တာတွေကို သက်တမ်းတိုးပြီး ဆက်လက် ထိန်းသိမ်းထားသင့်တယ်လို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။

အရေးပါသည့် ဝန်ကြီးဌာနများကို စစ်ဗိုလ်ချုပ်များ ချုပ်ကိုင်မည်

E-mail Print
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီး ၃ ဦးကို အရပ်သား အသွင်ပြောင်း အစိုးရအဖွဲ့တွင် အမြင့်ဆုံး အာဏာများ အပ်နှင်းခဲ့ ပြီးနောက် အရေးပါသည့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနများကို ကိုင်တွယ်ရန် စစ်ဗိုလ်ချုပ်များကို ယနေ့လွှတ်တော်တွင် အမည်စာရင်း တင်သွင်းလိုက်ပြီဖြစ်သည်။

Htuttaw
လွှတ်တော်အတွင်း ဇန်နဝါရီလ ၃၁ ရက်နေ့က မဲခွဲနေစဉ်။ (ဓာတ်ပုံ - Reuters)
“ဒီနေ့ကတော့ ၀န်ကြီးအယောက် ၃၀ ရဲ့ အမည်စာရင်းကို သမ္မတကြီးက အဆိုတင်သွင်းတဲ့ အဆင့်ပါပဲ။ ဒီအမည်စာရင်းကို လာမယ့် ၁၁ ရက်နေ့မှာ အတည်ပြုမှာဖြစ်ပါတယ်” ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမ၏ (ကြံ့ဖွံ့ပါတီ) မှ လွှတ်တော်အမတ် ဦးခင်ရွှေက ပြောသည်။

အဆိုပါဝန်ကြီးနေရာ ၃၀ အနက် အရေးပါသည့် ကာကွယ်ရေး ၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများအဖြစ် ဒု ဗိုလ်ချုပ်ကြီး ကိုကို၊ ဒု ဗိုလ်ချုပ်ကြီး လှမင်းနှင့် ဗိုလ်ချုပ် သိန်းဌေးတို့ကို လျာထားကြောင်း သိရသည်။

ထိုဝန်ကြီး ၃ ဦးသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ  မြန်မာနိုင်ငံ၏ အမြင့်ဆုံးအာဏာရှိ အဖွဲ့အစည်းဖြစ်လာမည့် အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကာင်စီတွင် သမ္မတ၊ ဒုသမ္မတ ၂ ဦး၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒု ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့်အတူ ကောင်စီအဖွဲ့ဝင်များ ဖြစ်လာမည်ဖြစ်သည်။

“အခုချိန်ထိ ဘယ်ဌာနကို ဘယ်သူကိုင်မယ်ဆိုတာ မသိရသေးဘူး။ သမ္မတက အမည်စာရင်း တင်သွင်းသွားတာပဲရှိတယ်။ ဘယ်ဌာနနဲ့ ဘယ်သူဆိုတာကို တွဲပြီး ပြောမသွားဘူး။ ကျနော်တို့ ဘာမှ သေချာမသိရသေးပါဘူး” ဟု ဒီမိုကရက်တစ်ပါတီတခုမှ အမတ်တဦးက ပြောသည်။

ယမန်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ၀န်ကြီးဌာန ၃၄ ခု ထားရှိမည်ဖြစ်ကြောင်း သမ္မတ၏ အဆိုပြုချက်ကို လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ရာ အမျိုးသားဒီမိုကရေစီ အင်အားစုမှ လွှတ်တော်အမတ် ဒေါက်တာ မြတ်ဉာဏစိုးက ၀န်ကြီးဌာန ၂၅ ခုသာ ထားရှိသင့်ကြောင်း အဆိုပြုလွှာ တင်သွင်းခဲ့သည်။

သို့သော် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်းက တရုတ်နှင့် အိန္ဒိယနိုင်ငံတို့၏ ၀န်ကြီးဌာနများနှင့် နှိုင်းယှဉ်ပြကာ သမ္မတ၏ အဆိုပြုချက်သည်သာ သင့်မြတ်ပါကြောင်း ထောက်ခံအဆိုပြုခဲ့ပြီးနောက် မဲခွဲဆုံးဖြတ်ရာ ၀န်ကြီးဌာန ၃၄ ခုထားရှိရေးက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။

“၀န်ကြီးဌာန ၃၄ ခုထားမယ်လို့ သမ္မတက အဆိုပြုပေမယ့် ၀န်ကြီးကိုတော့ အယောက် ၃၀ ပဲထားမယ်လို့ သမ္မတက ဆိုတယ်။ တချို့ဝန်ကြီးတွေက ဌာန ၂ ခု တွဲကိုင်ရတာမျိုးရှိလာလိမ့်မယ်” ဟု လွှတ်တ်ာအမတ်တဦးက ပြောသည်။

သမ္မတ ဦးသိန်းစိန် ယနေ့တင်သွင်းခဲ့သော ၀န်ကြီး ၃၀ ၏ အမည်စာရင်းတွင် စစ်ဗိုလ်ချုပ်ဟောင်းများစွာ ပါဝင်နေပြီး ၀န်ကြီးအားလုံးသည် ကြံ့ဖွံ့ပါတီမှ ဖြစ်သည်။

အတည်မပြုနိုင်သေးသည့် တပ်တွင်း သတင်းများအရ ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ဒု ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗိုလ်ချုပ် စိုးဝင်းတို့ကို ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က သမ္မတ ရွေးကောက်တင်မြှောက်အပြီးနေ့ကစလို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပုံကို သတင်းစာမှာ တခမ်းတနားဖော်ပြတယ်။ သမ္မတ ဦးသိန်းစိန်ဓါတ်ပုံတောင် မတွေ့ရဘူး။ ဒီကနေ့အထိလည်း ဗိုလ်ချုပ်မှူးကြီးပုံကိုပဲ ဖော်ပြနေတယ်ဆိုတော့ သူသာ နိုင်ငံရဲ့အမြင့်ဆုံးနေရာမှာ ရှိနေဆဲပဲဆိုတာကို အသိပေးတဲ့သဘောပဲ” ဟု သတင်းထောက်တဦးက ပြောသည်။

အမှန်တရားအတွက် အကြောက်တရားခဝါချထားရန် ဒေါ်အောင်ဆန်းစုကြည်ပြော

E-mail Print
အမှန်တရားအတွက် ဆောင်ရွက်ရာတွင် အကြောက်တရားကို ခ၀ါချထားရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရုံးချုပ်တွင် ပြုလုပ်သည့် လူငယ်များနှင့် တွေ့ဆုံပွဲတွင် ပြောဆိုလိုက်သည်။

ယနေ့ တွေ့ဆုံပွဲအတွက် အကူအညီပေးခဲ့သော NLD လူငယ်တာဝန်ခံ ကိုမျိုးညွှန့်က “ပြည်နယ်နဲ့တိုင်းက ဒီပွဲကိုတက်ဖို့လာကြတဲ့ လူငယ်တွေဟာ စရဖ၊ သတင်းတပ်ဖွဲ့၊ ရဲတပ်ဖွဲ့တို့ရဲ့ စောင့်ကြည့်ခြင်းတွေ ခံခဲ့ရတဲ့အကြောင်း၊ တချို့လည်း ကြောက်လို့ လှည့်ပြန် သွားတာမျိုးတွေ ရှိကြောင်း လူငယ်တွေက ပြောပြကြလို့ ကျနော်တို့ ခေါင်းဆောင်က အကြောက်တရားနဲ့ ပတ်သက်ပြီး ရှင်းပြသွားတာပါ” ဟု  ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၁၃ ရက်တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ပြီးနောက်  ဒီဇင်ဘာ ၂၈ ရက်တွင် ရန်ကုန်မြို့နှင့်အနီးတ၀ိုက်မှ လူငယ် ၃၀၀ ခန့်ကို ပထမတွေ့ဆုံခဲ့သည်။

ယခု တိုင်းနှင့်ပြည်နယ် အသီးသီးမှ NLD ပါတီဝင်မဟုတ်သည့် လူငယ်များနှင့် ဒုတိယအကြိမ် ထပ်မံ တွေ့ဆုံခြင်းဖြစ်သည်။

“လူငယ်ကွန်ယက် ဖွဲ့ကြဖို့ကို အဓိကထား ဆွေးနွေးကြတာပါ။ လူငယ်တွေဘက်က ပညာရေးစနစ် နိမ့်ကျနေတာကိုလည်း အဓိကထား ဆွေးနွေးပါတယ်။ မနေ့က တိုင်းနဲ့ပြည်နယ်အသီးသီးက လူငယ် ၃၀၀ လောက် တက်ပြီး ဒီကနေ့ ၂၀၀ ကျော်တက်ပါတယ်” ဟု ကိုမျိုးညွှန့်က ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD က စစ်အစိုးရ ကျင်းပပေးမည့် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိနိုင်သည့်အပြင်၂၀၀၈ ဖွဲ့စည်းပုံကိုလည်း လက်မခံနိုင်ဟုဆိုကာ နိုင်ငံရေး ပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့် မလျှောက်ထားရန် ၂၀၁၀ မတ်လ ၂၉ ရက်နေ့က ဆုံးဖြတ်ခဲ့သည်။

ထို့နောက် ၂၀၁၀ ရွေးကောက်ပွဲကော်မရှင်က NLD ပါတီနှင့် ၁၉၉၀ ရွေးကောက်ပွဲဝင် ပါတီ ၁၀ ခုကို တရားဝင် ပါတီအဖြစ်မှ ရပ်စဲကြောင်း ၂၀၁၀ စက်တင်ဘာ ၁၄ ရက်နေ့တွင် ကြေညာခဲ့သည်။

ပါတီရပ်တည်ခွင့်အတွက် တရား ရုံးချုပ်သို့ လျှောက်ထားခဲ့သော်လည်း နေပြည်တော် တရားရုံးချုပ်က အထူးအယူခံကို ဇန်န၀ါရီ ၂၈ ရက်တွင် အပြီးသတ် ပယ်ချ ထားသည်။

NLD ပါတီ ရပ်တည်ခွင့်နှင့်စပ်လျဉ်းကာ လူငယ်တချို့က မေးမြန်းခဲ့ကြပြီး တရားဥပဒေလမ်းကြောင်းအရ ဆောင်ရွက်နေမှုများကို ပါတီရှေ့နေကြီး ဦးဉာဏ်ဝင်းက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

2011年2月2日水曜日

မပြောင်းလဲတဲ့ အစိုးရဘဲ


၂၀၁၁၊၂၊၂                                  ကျွန်မတို့ မြန်မာပြည်ကြီးမှာ အရပ်သားအစိုးရ ပြောင်းသွားပါပြီ။သို့သော်လည်း ပြည်သူ့ဘဝက ဆိုးပြီးရင်းဆိုးနေတာပါဘဲ။စစ်ဝတ်ကနေ အရပ်ဝတ်ပြောင်းတာနဲ့ လူ့အခွင့်အရေးပြည့်ဝတဲ့ ဒီမိုကရေစီစနစ်တဲ့လား။တကယ်တော့ အာဏာရှင်က အာဏာရှင်ပါဘဲ။ဘာမှ မထူးတဲ့ အုပ်ချုပ်ရေးအောက်မှာ ပြည်သူပြည်သား တို့ ငရဲခံနေရအုန်းမှာဘဲလေ။ကမ္ဘာက အမြင်ကောင်းအောင် ရွေးကောက်ပွဲ ကျင်းပပြ၊အခုလည်း လွှတ်တော် ခေါ် အစိုးရသစ်ဖွဲ့ပြ သူတို့ ကဇာတ်တိုက်ပြီးသား ဒါတောင် ရူးကြောင်ကြောင် တချို့က ဝင်ပြိုင် လွှတ်တော်ထဲထိုင် နဲ့အရှက်မရှိပုံက အံ့မခန်းပါဘဲ။လောကမှာ ဘယ်အရာမှ မတည်မြဲပါဘူး။အာဏာရှင်တွေရဲ့ ကျရှုံးခန်းကို မြင်ရမှာပါ။ရှေ့ဘယ်ကြည့်လေ နေဝင်း၊ထွန်းကြည်၊ကျော်ဘ၊ခင်ညွှန့်စတာတွေ ဘယ်လိုဖြင့်ခဲ့လည်း တဘဝတာအတွင်းမှာတွေ့ရတဲ့ သင်္ခရတရားဘဲ။အခုကော အာဏာရှုးသန်းရွှေတို့ လူတစ်စု ဘယ်အချိန်မှာ နေဝင်ပြီး ဇာတ်သိမ်းမှာကို စောင့်ကြည့်ကြတာပေါ့။                                                                        blloger......Thet Su Oo

လွှတ်တော်သတင်းယူမှု စည်းမျဉ်းတင်းကျပ်

လွှတ်တော်သတင်းယူမှု စည်းမျဉ်းတင်းကျပ်

နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦးအနီး လုံခြုံရေး တင်းကျပ်စွာ ချထားစဉ်။
ဓာတ်ပုံ ASSOCIATED PRESS
နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦးအနီး လုံခြုံရေး တင်းကျပ်စွာ ချထားစဉ်။ ဇန်န၀ါရီ ၃၁၊ ၂၀၁၁။

ထပ်ဆင့် ဖြန့်ဝေရန်

မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေကို သတင်းထောက်တွေ လောလောလတ်လတ် သတင်းယူခွင့် မရှိခွင့်ပါဘူး။ ပြည်ထောင်စုလွှတ်တော် ကျင်းပနေတဲ့ နေပြည်တော်မှာ သတင်းထောက်တွေ လွှတ်တော် အနီးအနားကိုတောင် ကပ်ခွင့်မရှိသလို ကိုယ်စားလှယ်တွေ တည်းခိုရာ နေရာတွေကိုလည်း သွားခွင့် မရကြပါဘူး။ အစိုးရသစ်တရပ် ဖွဲ့စည်းမယ့် နိုင်ငံရေး အပြောင်းအလဲ လုပ်ငန်းစဉ်တွေကို ပြည်တွင်းက သတင်းမီဒီယာတွေ သတင်းယူခွင့်၊ တင်ပြခွင့်တွေ မရတဲ့အထိ ကန့်သတ်နေတဲ့အပေါ် သတင်းသမားတွေက ဘယ်လို သဘောထား အမြင်တွေ ရှိနေပါသလဲဆိုတာ မသင်းသီရိက တင်ပြပေးထားပါတယ်။
လွှတ်တော်ကျင်းပနေတဲ့ သတင်းကို ယူဖို့အတွက် စစ်အစိုးရက မဖိတ်ကြားပေမဲ့ သတင်းထောက် တော်တော်များများကတော့ နေပြည်တော်ကိုသွားပြီး သတင်းတွေယူဖို့ ကြိုးစားနေကြပါတယ်။
ဒါပေမဲ့ လွှတ်တော် အဆောက်အဦးကို မမြင်ရလောက်တဲ့ နေရာလောက်ကတည်းက လုံခြုံရေးတွေနဲ့ လမ်းတွေကို ပိတ်ထားသလို ကိုယ်စားလှယ်တွေ တည်းတဲ့ ဧည့်ရိပ်သာတွေထဲကိုလည်း ၀င်ခွင့်မရဘူးလို့ နေပြည်တော်မှာ သတင်းယူဖို့ ကြိုးစားနေတဲ့ လူငယ် သတင်းထောက်တဦးက ပြောပါတယ်။
“လွှတ်တော်ဘက်ကတော့ သွားလို့မရဘူးဗျ၊ သူတို့က တလမ်းလုံး ပိတ်ထားတယ်ဆိုတော့ အဲဒီအထဲကတော့ ဘယ်သူမှ ၀င်လို့မရဘူး။ အပြင်ထွက်လာတဲ့၊ ကျနော်တို့နဲ့သိတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကိုပဲ မေးရတယ်။ ဒီနေ့ ဘာတွေ လုပ်ဖြစ်လဲ၊ ဘယ်သူ့ကို ရွေးကောက်လိုက်တယ်၊ တင်မြှောက်လိုက်တယ်၊ အဲဒါတွေက အပြင်မှာပဲ မေးလို့ရတယ်။ မြို့ထဲထွက်လာမှသာ သူတို့နဲ့ တွေ့ဖြစ်တာပဲ ရှိတယ်။”
ဒါကြောင့် တချို့သတင်းထောက်တွေက လွှတ်တော် ကိုယ်စားလှယ်တွေကို တယ်လီဖုန်းတွေနဲ့သာ အင်တာဗျူး လုပ်ရတယ်လို့ ပြောပါတယ်။
လွှတ်တော်ဖွင့်ပွဲ ကျင်းပမယ့်နေ့က မနက်ခင်း အစောပိုင်းလောက်မှာလည်း လွှတ်တော် အဆောက်အဦးထိပ်က ပိတ်ထားတဲ့ ဂိတ်နားမှာ ဓာတ်ပုံ သွားရိုက်မိခဲ့ကြတဲ့ နိုင်ငံခြား သတင်းဌာနအတွက် အခြေစိုက် လုပ်ကိုင်ပေးနေတဲ့ ပြည်တွင်း လူငယ်သတင်းထောက် ၄ ဦးကို လုံခြုံရေးတွေက ခေတ္တခေါ်ယူ စစ်ဆေးပြီး သတိပေးခံလိုက်ရတဲ့ အခြေအနေမျိုးတွေလည်း ဖြစ်ခဲ့ပါတယ်။
နေပြည်တော်မှာတော့ လုံခြုံရေးတွေကို အထူးစောင့်ကြပ် ချထားသလို ညဘက်တွေမှာလည်း အထူး စစ်ဆေးနေပြီးတော့ မနေ့ကနဲ့ ဒီနေ့တွေမှာတော့ စားသောက်ဆိုင်တွေကို ညနေ ၆ နာရီနောက်ပိုင်း ပိတ်ခိုင်းထားသလို နေပြည်တော်ကို ရောက်နေကြတဲ့ သတင်းထောက်တွေရဲ့ အသွားအလာတွေကိုလည်း အာဏာပိုင်တွေက စောင့်ကြည့်မှုတွေ ရှိနေပါတယ်။
ဒီလိုအခြေအနေကို ကြည့်ခြင်းအားဖြင့် အစိုးရသစ် တရပ်ထဲမှာ သတင်းမီဒီယာရဲ့ အခန်းကဏ္ဍဟာ ရှေ့ကို တက်လာစရာ မရှိဘူးလို့ ပြည်တွင်း သတင်းစာဆရာ တဦးက သုံးသပ်ပါတယ်။
“မီဒီယာတွေကို နေရာမချထားပေးနိုင်သေးဘူး၊ မီဒီယာတွေကို မလာစေချင်သေးဘူး ဆိုရင် တစုံတရာ ထုတ်မပြောလိုတဲ့၊ သိမ်းဆည်းလျှို့ဝှက်ထားတဲ့ အရာတခုခု ရှိနေတယ်လို့ မြင်ရမယ့်အပိုင်း ဖြစ်တယ်။ မီဒီယာကို ဒီလောက်အထိ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ရေးသားဖို့၊ ဖော်ထုတ်တင်ပြဖို့အတွက် အရှေ့ကို တိုးမလာစေအောင် ကြိုပြီး ဟန့်ထားတာလို့ မြင်တယ်၊ ကျနော့်စိတ်ထဲမှာ။”
မနေ့ကဆိုရင် အစိုးရသစ် တရပ်အတွက် ထိပ်ပိုင်းရာထူးတချို့ စာရင်းတွေ ထွက်လာပြီး နေရာအားလုံးကတော့ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေနဲ့ စစ်အစိုးရကို ကျောထောက်နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကသာ နေရာယူထားတာ တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ စစ်အစိုးရ အုပ်ချုပ်မှုကနေ ဒီမိုကရေစီစနစ် ဖော်ဆောင်ပေးမယ့် အရပ်သား အစိုးရတရပ် ဖွဲ့စည်းမယ် ဆိုပေမဲ့လည်း လူတွေလည်း မပြောင်းတာမို့ မူတွေလည်း ပြောင်းလာနိုင်စရာ မရှိဘူးလို့ သုံးသပ်နေကြပါတယ်။ အထူးသဖြင့် ဒီမိုကရေစီ ပြည့်မီတဲ့ နိုင်ငံတခုအတွက် စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာရဲ့ အခန်းကဏ္ဍဟာ အပြည့်အ၀ရဖို့ လိုတယ်လို့ ဆိုပါတယ်။
“အခုထက်ထိတော့ မီဒီယာပေါ်မှာ ထိန်းချုပ်မှုတွေ ရှိနေသေးတယ်။ ဒါက ဘာကိုပြလဲဆိုတော့ Community အသီးသီးထဲမှာ မီဒီယာက အင်မတန် လှုပ်ရှားတယ်၊ တက်ကြွတယ်။ နောက် အခန်းကဏ္ဍကလည်း ကြီးမားလာတယ်။ တချိန်တည်းမှာ အရည်အသွေးတင်မက အရေအတွက်အားဖြင့် ကြည့်မယ်ဆိုရင်လည်း မျိုးဆက်သစ် ၀င်လာတဲ့ လူငယ်တွေရဲ့ လှုပ်ရှား တက်ကြွမှုတွေ၊ သူတို့ ပူးပေါင်း ပါဝင်မှုတွေက မီဒီယာနဲ့ သိပ် အကျွမ်းတ၀င်၊ တရင်းတနှီး မရှိလှတဲ့ အစိုးရ ခေါင်းဆောင်ပိုင်းတွေ အပေါ်မှာ နည်းနည်းလှန့်သလို ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
“ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်းမှာ အားလုံး တက်တက်ကြွကြွ သတင်းယူကြတာ၊ နောက် ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့ သတင်းမျိုးမှာ ဂျာနယ်တွေဟာ Front Page တွေမှာ၊ Cover တွေမှာ ဒီသတင်းတွေကို အရေးတယူ ဆောင်ရွက်လာမှုကို ကြည့်ပြီးတော့ ဒီနောက်ပိုင်းမှာ သူတို့ ပိုပြီးတော့ စိုးရိမ်လာတယ်။ ဒါကြောင့် သူတို့ ပိုပြီး ပြန်ထိန်းချုပ်ဖို့ ကြိုးစားထားတယ်လို့ မြင်ပါတယ်။ မီဒီယာကို စတုတ္ထမဏ္ဍိုင်အဖြစ် လက်ခံဖို့အတွက် ခက်ခဲနေသေးတယ်ဆိုတာ ပြတာလို့ ထင်ပါတယ်။ အခုလို မီဒီယာတွေ အခွင့်အလမ်း နည်းပါးမယ် ဆိုရင်တော့ ဒီမိုကရေစီ အစစ်အမှန် ပေါ်ပေါက်လာမယ်ဆိုတာ အရမ်းကြီး မျှော်လင့်လို့ မရတော့ပါဘူး။”
ပြည်တွင်း သတင်းစာဆရာတဦး သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ သတင်းနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် အကင်းမဲ့ဆုံး နိုင်ငံတခု ဖြစ်သလို သတင်းသမားတွေကို ဖမ်းဆီး ချုပ်နှောင်ရာမှာ အဆိုးဆုံးနိုင်ငံတခု ဖြစ်တယ်လို့ ကမ္ဘာ့ သတင်းလွတ်လပ်ခွင့် အဖွဲ့ကြီးတွေက စာရင်းထုတ်ပြန်ပြီး ဝေဖန်နေကြတာလည်း ဖြစ်ပါတယ်။

နေပြည်တော် အိမ်တိုင်းတွင် သန်းခေါင်စာရင်းနှင့်ဓာတ်ပုံ ချိတ်ဆွဲရမည်

E-mail Print
နေပြည်တော်တွင် နေထိုင်သည့် မိသားစုအားလုံး လုံခြုံရေးကတ်ပြား သန်းခေါင်စာရင်းများကို အိမ်တိုင်းတွင် ချိတ်ဆွဲထားရမည်ဆိုသော ညွှန်ကြားချက်တရပ်အား နေပြည်တော်တိုင်း စစ်ဌာနချုပ်က ဇန်န၀ါရီလကုန်ပိုင်းတွင် ထုတ်ပြန်လိုက်သည်။

windanhouse
နေပြည်တော်ရှိဝန်ထမ်းအိမ်ရာကိုတွေ့ရစဉ်(ဓာတ်ပုံ-photo.greatmyanmar.com)
နေပြည်တော်တိုင်း စစ်ဌာနချုပ်တွင် ပါဝင်သော မြို့နယ်များဖြစ်သည့် ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ဇမ္ဗူသီရိ နှင့် ဒက္ခိဏသီရိ မြို့နယ်များတွင် နေထိုင်သော အိမ်ထောင်စုများအားလုံးသည် နေထိုင်သော လူဦးရေ အရေအတွက်နှင့်တကွ မိသားစု ဓာတ်ပုံများကို အိမ်ရှေ့ လူမြင်သာသော နေရာများတွင် ချိတ်ဆွဲထားရမည်ဖြစ်ကြောင်း၊ နေပြည်တော်တိုင်းအတွင်း နေထိုင်သော လူဦးရေ အရေအတွက်ကို စတင်ကောက်ခံလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

“အဓိက လုံခြုံရေးအတွက်ပါ။ နေပြည်တော်က လွှတ်တော်၊ အစိုးရနဲ့ တပ်မတော်ကွပ်ကဲရေးတွေရှိတဲ့ သမ္မတ ကိုယ်တိုင် အုပ်ချုပ်မယ့် အထူးဒေသဖြစ်တာကြောင့် ဒီအစီအစဉ်ကို အကောင်အထည်ဖော်တာလို့ သိရတယ်။ လောလောဆယ်တော့ လူဦးရေ စာရင်း စကောက်နေပြီ။ ပြီးရင် မိသားစုဓာတ်ပုံရိုက်ရမယ်။ နေထိုင်တဲ့ လူဦးရေနဲ့ ဓာတ်ပုံကို တွဲဖက်ပြီး မြို့နယ်၊ ရပ်ကွက်ရဲ့ အသိအမှတ်ပြု ထောက်ခံစာ ထုတ်ပေးမယ်” ဟု ပုဗ္ပသီရိမြို့နယ်မှ မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုရေး ကောင်စီဝင် (မယက) တဦးက ပြောသည်။

ထိုကဲ့သို့သော ညွှန်ကြားချက်ကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင်၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ပြီးဆုံးစက လုပ်ဆောင် ခဲ့ဖူးသည်။

ယခုညွှန်ကြားချက်သည် နေပြည်တော်တွင် လာရောက်နေထိုင်သော ရွှေ့ပြောင်း အလုပ်သမားများ အပေါ်တွင်လည်း အကျူံးဝင်ကြောင်း သိရှိရသည်။

“ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေရှိလို့ လာနေတဲ့ အလုပ်သမားတွေလည်း ဒီညွှန်ကြားချက် အတိုင်း လုပ်ရမယ်။ ရွှေ့ပြောင်း အလုပ်သမား အားလုံးပါတယ်” ဟု နေပြည်တော်ရှိ ရယက ဥက္ကဋ္ဌတဦးက ဆိုသည်။

လွှတ်တော် အစည်းအဝေးများ ကျင်းပနေသော ယခုအချိန်တွင် နေပြည်တော်၌ လုံခြုံရေး အထူး တင်းကျပ်ထားပြီး ဧည့်စာရင်းများကိုလည်း အထူးစိစစ်လျက်ရှိကြောင်း၊ ဈေးဆိုင်များအားလုံး ညနေ ၆ နာရီတွင် ပိတ်ရပြီး လုံခြုံရေးစစ်ကားများ၊ ရဲကားများက နေပြည်တော်လမ်းမများ ပေါ်တွင် လှည့်လည်လျက် ရှိသောကြောင့် ညဦးပိုင်း အပြင်ထွက်သူ နည်းပါးကြောင်း သိရသည်။

“လုံခြုံရေး တအားကျပ်တယ်။ အရေးအခင်းဖြစ်ထားတဲ့ အတိုင်းပဲ။ ည ၁၁ နာရီကျော်ရင် လမ်းသွား လမ်းလာတွေ အားလုံး အစစ်ဆေးခံရတယ်။ တခါမှ ဒီလောက်ကြီးလုံခြုံရေး မတင်းကျပ်ဖူးဘူး” ဟု နေပြည်တော်ရှိ အစိုးရ ၀န်ထမ်းတဦးက
ပြောသည်။

စစ်အစိုးရ ဦးဆောင်ကျင်းပလျက်ရှိသော လွှတ်တော်အစည်းအဝေးများက ဒုတိယသမ္မတလောင်း စာရင်းကို ယမန်နေ့က ထုတ်ပြန်လိုက်ပြီး ယနေ့ လွှတ်တော်တရက်နားကာ မနက်ဖြန်တွင် ဒုတိယသမ္မတ ၃ ဦးကို မဲခွဲ ရွေးချယ်မည်ဖြစ်သည်။

ဒုတိယ သမ္မတလောင်းများအဖြစ် ပြည်သူ့လွှတ်တော်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးသိန်းစိန်နှင့် ဖလုံ - စဝေါ် ပါတီကိုယ်စားလှယ် ဦးစောသိန်းအောင်၊ တပ်မတော်သား ကိုယ်စားလှယ် သီဟသူရ ဦးတင်အောင်မြင့်ဦး၊ အမျိုးသားလွှတ်တော်မှ ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ရခိုင် တိုင်းသားများ တိုးတက်ရေးပါတီ (RNDP) ကိုယ်စားလှယ် ဒေါက်တာအေးမောင် တို့ကို အဆို တင်သွင်းထားသည်။

ဦးသိန်းစိန်မှာ သမ္မတ အဖြစ်တာဝန်ယူရန် အလားအလာ အကောင်းဆုံးဖြစ်နေသည်ဟု လွှတ်တော် အမတ်များက ပြောသည်။

ဝေဟင်ပစ် ဒုံးကျည်များ စစ်အစိုးရ စမ်းသပ် လေ့ကျင့်နေ

E-mail Print

မြန်မာနိုင်ငံ တ၀န်းရှိ နအဖ စစ်အစိုးရ၏ လေကြောင်းရန် ကာကွယ်ရေး တပ်များတွင် ရုရှားနိုင်ငံထုတ် S 125 Neva/ Pechora ဝေဟင်ပစ် ဒုံးကျည်များကို စမ်းသပ်လေ့ကျင့်ခြင်း ပြုလုပ်နေကြောင်း သိရသည်။  

SA-3400
ရုရှားနိုင်ငံထုတ် S 125 Neva/ Pechora ဝေဟင်ပစ် ဒုံးကျည်များ တင်ထားသည့် စစ်သုံးကားတစီး(ဓာတ်ပုံ - wikimedia)
ထို ဒုံးကျည် နည်းပညာရပ်များကို ပြီးခဲ့သည့် ဇန်န၀ါရီလဆန်းပိုင်းမှ စတင်၍ ယနေ့အထိ လေကြောင်းရန် ကာကွယ်ရေးတပ် ဌာန ချုပ်ရှိသည့် နေရာများတွင် သင်ကြားပို့ချပေးနေကြောင်း သျှမ်းသံတော်ဆင့် သတင်း ဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းက ဧရာဝတီသို့ ပြောသည်။

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် နှင့် မန္တလေးတိုင်း မိထ္တီလာမြို့နယ်များတွင်ရှိသော လေကြောင်းရန် ကာကွယ်ရေး သင်တန်း ကျောင်းများတွင် ယခုလမှ စတင်၍ ၂ လကြာ အသုတ်လိုက် လေ့ကျင့်မည် ဖြစ်ကြောင်းလည်း သိရသည်။

“ဒီလေ့ကျင့်မှုဟာ အရင်တလောက မောင်းသူမဲ့ လေယာဉ် UAV နဲ့လည်း အများကြီး ပတ်သက်မှုရှိတယ်”ဟု ဦးခွန်စိုင်းက ပြော သည်။

ပြီးခဲ့သည့် ဇန်န၀ါရီလဆန်းပိုင်းတွင် ရှမ်းပြည်နယ် ကျိုင်းတုံမြို့နှင့် နမ့်ဆန်မြို့များတွင် မောင်းသူမဲ့ UAV လေယာဉ်များ ပျံသန်း တွေ့ရှိခဲ့ပြီးနောက်ပိုင်း ယင်းသို့ လေ့ကျင့်ခြင်း ဖြစ်နိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

အဆိုပါ S 125 သည် ရုရှနိုင်ငံက ထုတ်လုပ်ပြီး မြေပြင်မှ ဝေဟင်သို့ ပစ်ခတ်နိုင်သော လက်နက်တမျိုးဖြစ်သည်။ ၁၉၉၉ ယူဂို စလားဘီးယားနိုင်ငံတွင် ဆာဘ့်တပ်ဖွဲ့များက နေတိုး တပ်ဖွဲ့ဝင်များ၏ F117ကို ယခု လက်နက်ဖြင့် ပစ်ချခဲ့ဖူးသည်။ ၂၀၀၈ ခုနှစ် တွင် မြန်မာ အပါအ၀င် အီဂျစ်၊ ဆီးရီးယား၊ လစ်ဗျား၊ ဗီယက်နမ်၊ ဗင်နီဇွဲလား နိုင်ငံများက မှာယူခဲ့ကြသည်။

သို့သော် စစ်အစိုးရက သင်ကြား ပို့ချပေးနေသည့် အကြောင်း အရင်းနှင့် ပတ်သက်ပြီး ရှင်းရှင်း လင်းလင်း မသိရှိရသေးပေ။

UAV လေယာဉ်သည် စက် ကိရိယာနှင့် ထိန်းချုပ်၍ မောင်းနှင်ရသော အမျိုးအစားဖြစ်ပြီး ၁၉၈၀ ခုနှစ်ခန့်က ဗြီတိသျှ တီထွင် သူ တဦးက စတင်ကာ ဒီဇိုင်း ရေးဆွဲ၍ အမေရိကန်နိုင်ငံ General Atomics Aeronautical Systems Inc က တည်ဆောက်ခဲ့ ကြောင်း သတင်း ဖော်ပြချက်များအရ သိရသည်။

မြန်မာ့ တပ်မတော်တွင်လည်း မောင်းသူမဲ့ လေယာဉ် တည်ဆောက်ရေး စီမံကိန်းများ ရှိသော်လည်း ထိန်းချုပ်ဆောင်ရွက် သည့် ကွန်ပျူတာ အစီအစဉ် မရေးဆွဲနိုင်သေးကြောင်း တပ်မတော် လေတပ် အသိုင်းအ၀န်းက ပြောသည်။   

မောင်းသူမဲ့ လေယာဉ် (Unmanned Aerial Vehicle - UAV) တည်ဆောက်ရေးကို ဗိုလ်ချုပ်မှူးကြီး၏ သားမက် တော်စပ်သူ ဗိုလ်မှူးချုပ် သိန်းနိုင်က စီစဉ်ဆောင်ရွက် နေကြောင်း သိရသည်။

လေယာဉ် ကိုယ်ထည် တည်ဆောက်မည့် ဌာနတွင် လိုအပ်သည့် နည်းပညာနှင့် ထိုနည်းပညာများကို ထိန်းချုပ်သည့် စနစ် ဆိုင်ရာ ကျွမ်းကျင်သည့် အင်ဂျင်နီယာများ လိုအပ်နေကြောင်း  လေတပ် အင်ဂျင်နီယာ ဌာနမှ အရာရှိများက ပြောဆိုနေကြ သည်။

မောင်းသူမဲ့ လေယာဉ်များသည် စစ်ဘက်တွင် အသုံးပြုပြီး ထောက်လှမ်းရေးနှင့် တိုက်ခိုက်ရေး လုပ်ငန်းများအတွက် အသုံးဝင် ကြောင်း သိရသည်။

သတင်း ဖော်ပြချက်များအရ ပြီးခဲ့သည့် နှစ်များတွင် ဖြစ်ပွားခဲ့သော ပါကစ္စတန် စစ်မြေပြင်၌ အမေရိကန် စစ်တပ်က မောင်း သူမဲ့ လေယာဉ်များကို အသုံးပြုပြီး အကြိမ် ၁၀၀ နီးပါး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အီဂျစ် ဆန္ဒပြသူများကို ဒေါ်အောင်ဆန်းစုကြည် အားပေး

E-mail Print
အရှေ့အလယ်ပိုင်းဒေသ အီဂျစ် နိုင်ငံ အတွင်း သီတင်းတပတ် ကြာသည်အထိ အစိုးရကိုဆန့်ကျင် ဆန္ဒပြနေသူများ အပေါ် စာနာ ကြောင်းနှင့် ၄င်းတို့နှင့် တသားတည်းရှိကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

egyptian400
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့လယ်ရှိ ထဟီရီ ရင်ပြင်(Tahrir Square)တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြနေသည့် အီဂျစ်နိုင်ငံသား များစွာကို ယမန်နေ့က တွေ့ရစဉ်(ဓာတ်ပုံ - Getty Images)
BBC သတင်းဌာန ၏ ယမန်နေ့က ပြုလုပ်သော တိုက်ရိုက်ဆက်သွယ်မေးမြန်းမှု အစီအစဉ်အတွင်း အီဂျစ် နိုင်ငံသား တဦး၏ တိုက်ရိုက် မေးမြန်းချက်ကို ဖြေကြားစဉ် ယင်းကဲ့သို့ ပြောဆိုသွားခြင်း ဖြစ်သည်။

အီဂျစ် သမ္မတ အာဏာရှင် မူဘာရက် ကို နုတ်ထွက်ပေးစေလိုပါသလား ဆိုသော အီဂျစ်နိုင်ငံသားတဦး၏ အမေးကိုမူ ယင်းကိစ္စသည် အီဂျစ်ပြည်သူများ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ၊ အီဂျစ်အရေးကိစ္စကို ၎င်းအနေဖြင့် စိတ်ဝင်စားမှုရှိကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

အီဂျစ်ပြည်သူများအနေဖြင့် မိမိတို့ဆန္ဒရှိရာကို အကောင်အထည်ဖော်နိုင်ရေးအတွက် ခေါင်းအေးအေး ထားကာ ၊ ဇွဲမလျှော့ဘဲ ဆက်လက် ဆောင်ရွက်သွားရန် လိုသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည် က အကြံပြုသွားသည်။

ယမန်နေ့က ကျင်းပခဲ့သော မြန်မာ့လွှတ်တော်သစ် အစည်းအဝေးတွင် တင်သွင်းခဲ့သည့် ဒုတိယ သမ္မတ လောင်းအမည်စာရင်း၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမည်ပါမလာမှုသည် သတင်းကောင်းလား ဟူ၍ မေးခွန်းထုတ်ခဲ့ခြင်းအပေါ် ဗိုလ်ချုပ်မှူးကြီးသည် မည် သည့်နေရာကို ဆက်ယူထားမည်ကို မသိနိုင်ကြောင်း ၊ စစ်တပ်အကြီးအကဲသည် သမ္မတ နီးပါး အာဏာရှိနေသည့်အတွက် စစ်တပ် အကြီးအကဲ မည်သူဖြစ်လာမည်ဆိုသည်ကလည်း အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်။

၎င်းအနေဖြင့်လည်း ပါလီမန်ပြင်ပမှ ဒီမိုကရေစီရေးအတွက် အလုပ်များ လုပ်နေနိုင်ကြောင်း ၊ လူငယ်များနှင့်လည်း ကွန်ယက်ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က BBC ၏ အစီအစဉ်အတွင်း ပြောဆိုသည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗဲလ်ဆု ချီးမြှင့်ခြင်းခံခဲ့ရသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ကို စစ်အစိုးရက အာ ဏာ လွှဲပြောင်းပေးခြင်းမပြုဘဲ ၎င်းကိုလည်း နှစ် ၂၀ နီးပါး နေအိမ် အကျယ်ချုပ် ချထားခံခဲ့ရသည်။

နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် ဂျပန်အစိုးရ တောင်းဆို

2011年2月1日火曜日

ဓာတ်ငွေ့ပိုက်လိုင်းနား ချိန်ကိုက်ဗုံးတွေ့ဟုဆို

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိ) ။      ။ ဒေးဒရဲ-ဖျာပုံကားလမ်းတွင် ချိန်ကိုက်မိုင်းတလုံး ယခုလ ၂၆ ရက်က တွေ့ရှိခဲ့ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖေါ်ပြသည်။

ကားလမ်း မိုင်တိုင်အမှတ် ၁၂/၅ က တံတားအမှတ် ၁/၁၃ အောက်ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဘေးတွင် ထိုချိန်ကိုက်ဗုံးကို တွေ့ရှိဖယ်ရှားနိုင်ခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာကဆိုသည်။

ချိန်ကိုက်ဗုံးသည် အလျား ၄ လက်မ၊ အနံ ၂ လက်မ၊ အထူ ၁ လက်မရှိပြီး ယမ်းတုံး ၄ တုံး၊ အရှည် ၇ ပေခန့်ရှိ ယမ်းကြိုးတကြိုး၊ ဝါယာကြိုးတကြိုး၊ စနက်တံ၊ ဓာတ်ခဲ လေးလုံး ပါဝင်ဖွဲ့စည်းထားသည်ဟု သိရသည်။

အမည်ခံ လွှတ်တော် ယနေ့စဖွင့်

E-mail Print
ယနေ့ နံနက် ၈ နာရီ ၅၅ မိနစ်တွင် နေပြည်တော်အပါအဝင် နိုင်ငံတဝန်း၌ လွှတ်တော် အစည်းအဝေးပွဲများကို တံခါးပိတ်၊ လျှို့ဝှက်စွာ စတင် ကျင်းပနေပြီဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
parliment400
နေပြည်တော်တွင် ကျင်းသည့် လွှတ်တော်တက်ရန် သွားနေသည့် NDF ကိုယ်စားလှယ် ဦးသိန်းညွန့် ပြည်သူများကို လက်ပြနှုတ်ဆက်နေစဉ် (ဓာတ်ပုံ - AP)
(ကြံ့ဖွံ့ပါတီ) ကိုယ်စားလှယ် အများစု ပါဝင်သော လွှတ်တော်ကိုယ်စားလှယ် ၆၀၀ ကျော်တို့သည် ယနေ့ နံနက် ၇ နာရီကျော် ကတည်းက သက်ဆိုင်ရာ အဆောင်မှ ထွက်ခွာ၍ ပထမဆုံးအကြိမ် နေပြည်တော် တွင် ကျင်းပမည့် လွှတ်တော်အဆောက်အအုံ ရှိရာသို့ အရောက်သွားကြရသည်။

အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ကိုယ်စားလှယ် တဦးဖြစ်သူ ဦးမျိုးဇော်အောင်က ပထမဆုံးလွှတ်တော်တက်မည့် ကိုယ်စားလှယ်များ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေပုံ မတွေ့ရဟုဆိုသည်။

ယနေ့တွင် ကိုယ်စားလှယ်များအား စိစစ်ခြင်း၊ အစည်းအဝေး သဘာပတိ ရွေးချယ်ခြင်း၊ လွှတ်တော် ကိုယ်စားလှယ်များ ကတိသစ္စာပြုခြင်း၊ ပြည်သူ့ လွှတ်တော်၏ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်၏ ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌတို့အား ရွေးချယ်ခြင်း၊ ရွေးချယ်ခံလိုက်ရသော လွှတ်တော်ဥက္ကဋ္ဌများက သဘာပတိထံမှ တာဝန်များ လွှဲပြောင်းယူပြီး နောက်တနေ့ အစီအစဉ်များကို လွှတ်တော်ဥက္ကဋ္ဌများက ချမှတ် ညွှန်ကြားခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် များက ပြောသည်။

ယင်း လွှတ်တော် အစည်းအဝေးအခမ်းအနားသည် ညနေ ၄ နာရီကျော်တွင် ပြီးဆုံးမည်ဟု သိရသည်။

“လွှတ်တော်ထဲမှာပဲ နေ့လယ်စာကျွေးမယ်။ ဖုန်းနဲ့ အီလက်ထရွန်နစ် ပစ္စည်းတွေ အဆောင်မှာ ထားခဲ့ရမယ်။ လွှတ်တော်ဥက္ကဋ္ဌတွေ ရွေးပြီးမှပဲ သူတို့က နောက်နေ့ ဘာတွေ လုပ်မယ်ဆိုတာ ညွှန်ကြားမှာဆိုတော့ အခု ပထမဆုံးနေ့ အစီအစဉ်တွေပဲ သိသေးတယ်” ဟု ပါတီ ကိုယ်စားလှယ် တဦးက ပြောသည်။
parliment6x400
လွှတ်တော်ကျင်းပနေသည့် နေပြည်တော်တွင် လုံခြုံရေး အထူးတင်းကျပ်ထားသည် (ဓာတ်ပုံ - AP)


လွှတ်တော်အစည်းအဝေးတွင် ပြည်တွင်းပြည်ပ သတင်းထောက်များကို တက်ရောက်ခွင့် မပြုသော်လည်း သတင်းထောက် အများစုမှာ နေပြည်တော်တွင် ရောက်ရှိနေကြသည်။

နေပြည်တော်တခွင်တွင် လုံခြုံရေး အထူးတိုးမြှင့်ထားပြီး လွှတ်တော် အဆောက်အအုံသို့ သွားရာ ကားလမ်းမကြီးကို မည်သူမျှ ဖြတ်သန်းခွင့် မပြုတော့ကြောင်း နေပြည်တော် ဒေသခံများက ဆိုသည်။

တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တဦးက လွှတ်တော် ဥက္ကဋ္ဌများ ရွေးချယ်ပြီးပါက လွှတ်တော် အစည်းအဝေးများ ဆက်တိုက်ကျင်းပကာ သမ္မတနှင့် ဒုတိယသမ္မတများ တိုက်ရိုက် ရွေးချယ် သွားမည်ဟု ထင်မြင်ကြောင်း ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရသစ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမ္မတအဖြစ် တာဝန်ယူသွားမည်ဟု နေပြည်တော်စစ်တပ် အသိုင်းအ၀န်းနှင့် အစိုးရ၀န်ထမ်းအသိုင်းအဝန်းက ထင်မြင်ယူဆနေကြသည်။

သို့ရာတွင် ဝန်ကြီးချုပ် ဦးသိန်းစိန်ကို သမ္မတရာထူး ခန့်ထားမည်ဟု ခန့်မှန်းသူများလည်း ရှိနေကြသည်။

နအဖ လက်နက်ကြီးပစ်ခတ်မှု ထိုင်း စစ်သား ၂ ဦး ထိ

E-mail Print
ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုင်ပွဲများအတွင်း စစ်အစိုးရတပ်မှ ပစ်ခတ်သည့် လက်နက် ကြီးကျည် ယနေ့နံက်တွင် ထိုင်းနယ်မြေတွင်းသို့ ကျရောက်ပေါက်ကွဲသောကြောင့် နယ်စပ်ရှိ ထိုင်းစစ်တပ် ကားတစီး ထိခိုက်ပျက်စီးပြီး စစ်သည်၂ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသည်။

DSC_400
ဒဏ်ရာရ ထိုင်းစစ်သည်များကို အမှတ် ၃ စစ်တိုင်းမှူး လာရောက် ကြည့်ရှုစဉ်(ဓာတ်ပုံ - ဧရာဝတီ)
ယနေ့နံနက် ၁ နာရီကျော်က မြန်မာစစ်တပ်မှပစ်ခတ်သည့် ၁၂၀ မမ လက်နက်ကြီးကျည်သည် ထိုင်းနိုင်ငံ တာ့ခ် ခရိုင် ဖုတ်ဖရ မြို့နယ် ဝေါ်လေရွာ နယ်စပ်၌ လုံခြုံရေး ကင်းလှည့်နေသော ထိုင်း စစ်တပ် ကားအနီး ကျရောက် ပေါက်ကွဲခြင်း ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသည့် ထိုင်း စစ်သည်၂ ဦးကို မဲဆောက် ဆေးရုံကြီးတွင် ဆေးဝါး ကုသမှု ခံယူလျှက် ရှိကြောင်း ထိုင်း စစ်တပ် အသိုင်းအ၀ိုင်းက ပြောသည်။

ဒဏ်ရာရ စစ်သည်များကို မဲဆောက်တွင် ရောက်ရှိနေသည့် ထိုင်း တပ်မတော် အမှတ် ၃ စစ်တိုင်းမှူး ဒု ဗိုလ်ချုပ်ကြီး ၀မ်နထေ့ ဝေါင့်ဝိုင် က လာရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း၊ ယခု ဖြစ်ရပ်နှင့် ပတ်သက်၍ ထိုင်းဘက်မှ ဖြစ်ရပ်မှန်ကို သိရှိနိုင်ရန် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိပြီး လိုအပ်ပါက မြန်မာဘက်သို့ ကန့်ကွက် အရေးဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ကလည်း ထိုင်း-မြန်မာ နယ်စပ် ဖုတ်ဖရမြို့နယ်ရှိ မိုးကဲရွာအနီး နအဖ တပ်မှ ပစ်ခတ်သည့် ၁၂၀ မမ လက်နက် ကြီး ကျည် ၄ လုံး ကျရောက် ပေါက်ကွဲသဖြင့် ထိုင်းဘက်တွင် ခိုလှုံနေသည့် မြန်မာဒုက္ခသည်၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ယနေ့တွင် မဲဆောက်မြို့သို့ နယ်စပ်အရေးနှင့် ပတ်သက်ပြီး ထိုင်း ဒု ၀န်ကြီးချုပ် နှင့် ကြည်းတပ် ဦးစီးချုပ်တို့ ရောက်ရှိ လာကြောင်း ဒေသခံများက ပြောဆိုကြသည်။

ယမန်နေ့ကလည်း ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် သင်္ကန်းညီနောင်၌ နအဖ စစ်တပ် ကား ၂ စီးကို မိုင်းဖြင့် တိုက် ခိုက် ခဲ့သောကြောင်း နအဖ တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရသွားကြောင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) က ပြောသည်။

DKBA မှ ဗိုလ်မှူး စန်းအောင်က“မနေ့က ဝေါ်လေမှာလည်း ဆွဲမိုင်းနဲ့ တိုက်လိုက်လို့ နအဖ ဘက်က ဗိုလ်မှူး အဆင့် တယောက် မျက်လုံးထိသွားပြီးတော့ တခြား အဆင့် တယောက် နှစ် ယောက်လောက်လည်း ဒဏ်ရာရသွားသေးတယ်” ဟု ပြောပြသည်။

ပြီးခဲ့သည့် တိုက်ပွဲကာလအတွင်း နအဖ တပ်များက DKBA တပ်များ ရှိနိုင်သည့် နေရာများသို့ လက်နက်ကြီးကျည် ရာနှင့် ချီ၍ ပစ်ခတ်ရာ ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲသည့်အတွက် ဇန်န၀ါရီလ ၁၁ ရက်နေ့က မြန်မာ စစ်အစိုးရကို ထိုင်းအာဏာပိုင်များက ကန့်ကွက်စာ ပေးပို့ထားသေးသည်။

ထိုင်းဘက်သို့ ကျရောက် ပေါက်ကွဲသည့် လက်နက်ကြီးကျည်များသည် ကရင်ပြည်နယ် မြ၀တီ ခရိုင်အတွင်း၂ လကျော် ကြာ ဖြစ်ပွားနေသည့် DKBA နှင့် နအဖ တပ် တိုက်ပွဲများအတွင်း ထိုင်းဘက်သို့ မတော်တဆ ကျွံဝင်လာခြင်းသာဖြစ် သည်ဟု မြန်မာဘက်မှ ဖြေရှင်းချက် ပေးလေ့ရှိကြောင်း သိရသည်။