2011年2月9日水曜日

အမျိုးသမီးမဲ့ ဝန်ကြီးအဖွဲ့

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။        ။ ရွေးကောက်ပွဲပြီး ပထမဆုံး ဝန်ကြီးအဖွဲ့သစ်တွင်လည်း အမျိုးသမီးတဦးမျှ မပါဝင်ဘဲ လက်ရှိနှင့်ယခင် စစ်အရာရှိဟောင်းများ ကြီးစိုးထားသည်။ သို့သော်လည်း စီးပွားရေး လုပ်ငန်းရှင်များ အပါအဝင် လူသစ်အချို့ကို တွေ့မြင်ရမည် ဖြစ်သည်။

သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်တွင် ဝန်ကြီးဌာန ၃၄ ခုအတွက် လျာထားသော ဝန်ကြီးအမည် ၃ဝ ကို ဗုဒ္ဓဟူးနေ့က တင်သွင်းခဲ့သည်ဟု သတင်းရပ်ကွက်များက ပြောသည်။

ဆဌမနေ့မြောက် အထက်နှင့် အောက်လွှတ်တော် ပူးပေါင်း
theinseinsss
ဦးသိန်းစိန်က အမျိုးသမီးမပါသော ဝန်ကြီးအဖွဲ့ကို ဦးဆောင်မည်
အစည်းအဝေးကို နေပြည်တော်တွင် ယနေ့ကျင်းပရာ သမ္မတ၏ ဝန်ကြီးအမည်စာရင်း တင်သွင်းမှုကို ထောက်ခံမဲ ၆၁၅ မဲ၊ ကြားနေမဲ ၁၄ မဲ ၊ ကန့်ကွက်မဲ ၇ မဲဖြင့် အတည်ပြုခဲ့သည်ဟု လွှတ်တော်တက်နေသော အမတ်တဦးက မဇ္ဈိမကို ပြောသည်။

ACE ဆောက်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဝဏ္ဏကျော်ထင် စည်သူဦးတင့်ဆန်း၊ ရန်ကုန်ဆေးတက္ကသိုလ် ပါမောက္ခချုပ် ကလေးအထူးကု ဒေါက်တာဖေသက်ခင်၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် အသင်းဥက္ကဋ္ဌ ဆီလုပ်ငန်းရှင် ကြံ့ဖွံ့အမတ် ဝဏ္ဏကျော်ထင် ဦးဝင်းမြင့်တို့ ဝန်ကြီးအဖွဲ့တွင် ပါဝင်လာသည်။

လာမည့် သောကြာနေ့တွင် ယနေ့ တင်သွင်းထားသည့် အမည်စာရင်းအတွက် လက်ကိုင်ဝန်ကြီးဌာန အမည်များ ကြေညာသွားမည်ဟု သိရသည်။

မဇ္ဈိမက စုံစမ်းရရှိထားသော ဝန်ကြီးအဖွဲ့သစ် လူစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။ လက်ရှိဝန်ကြီးအချို့  ပြန်ပါမည်ဖြစ်သော်လည်း ဝန်ကြီးဌာန ပြောင်းလဲ ကိုင်တွယ်ရမည့် အနေအထားရှိနေသည်ဟု အမတ်များက ပြောသည်။

ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးကိုကို
ဗိုလ်ချုပ် လှမင်း(ကစထမှူး)
ဗိုလ်ချုပ် ဦးသိန်းဌေး(ထောက်ပံ့ ညွန်ကြားရေးမှူး)
ဂျနီဗာကုလသံအမတ်ဟောင်း ဦးဝဏ္ဏမောင်လွင်
ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်လှိုင်(လားရှိုး ကစထမှူး)
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်း
ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့်
ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးတင့်ဆန်း
ဆောက်လုပ်ရေးဝန်ကြီးဟောင်း ဦးခင်မောင်မြင့်
၁၀ ဗိုလ်ချုပ်ဟောင်း ဦးသိန်းထွန်း
၁၁ ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်း
၁၂ စစ်ဆင်ရေးမှူးချုပ်ဟောင်း ဗိုလ်ချုပ် ဦးသိန်းထိုက်
၁၃ ပို့/ဆက် ဒုဝန်ကြီးဟောင်း ဗိုလ်မှူးကြီးဟောင်း ဦးဉာဏ်ထွန်းအောင်
၁၄ စီးပွား၊ကူးသန်းဝန်ကြီး ဦးတင်နိုင်သိန်း
၁၅ သစ်တောညွန်ချုပ် ဦးဝင်းထွန်း
၁၆ အလုပ်သမားဝန်ကြီးဟောင်း ဦးအောင်ကြည်
၁၇ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးအုန်းမြင့်
၁၈ ဦးကျော်စွာခိုင်
၁၉ စက်မှု (၂) ဝန်ကြီး ဦးစိုးသိန်း
၂၀ စွမ်းအင် ဒုဝန်ကြီးဟောင်း ဦးသန်းဌေး
၂၁ ရထားဝန်ကြီးဟောင်း ဦးအောင်မင်း
၂၂ ဒေါက်တာ မြအေး
၂၃ ရန်ကုန် ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ကလေးအထူးကု ဒေါက်တာ ဖေသက်ခင်
၂၄ ကာကွယ်ရေး ဒုဝန်ကြီးဟောင်း ဗိုလ်ချုပ် ဦးအေးမြင့်
၂၅ သာသနာရေးဝန်ကြီးဟောင်း သူရမြင့်မောင်
၂၆ ရဲချုပ်ဟောင်း ဦးခင်ရီ
၂၇ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း
၂၈ ရန်ကုန်တိုင်း လျှပ်စစ်ဦးစီးမှူးဟောင်း ဦးခင်မောင်စိုး
၂၉ နယ်စပ်စည်ပင် ဝန်ကြီး ဦးသိန်းညွန့်
၃၀ တပ်မတော်ဥပဒေချုပ် ဗိုလ်ချုပ် စိုးမောင်

0 件のコメント:

コメントを投稿