
ဒဏ်ရာရ ထိုင်းစစ်သည်များကို အမှတ် ၃ စစ်တိုင်းမှူး လာရောက် ကြည့်ရှုစဉ်(ဓာတ်ပုံ - ဧရာဝတီ)
ဒဏ်ရာရ စစ်သည်များကို မဲဆောက်တွင် ရောက်ရှိနေသည့် ထိုင်း တပ်မတော် အမှတ် ၃ စစ်တိုင်းမှူး ဒု ဗိုလ်ချုပ်ကြီး ၀မ်နထေ့ ဝေါင့်ဝိုင် က လာရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း၊ ယခု ဖြစ်ရပ်နှင့် ပတ်သက်၍ ထိုင်းဘက်မှ ဖြစ်ရပ်မှန်ကို သိရှိနိုင်ရန် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိပြီး လိုအပ်ပါက မြန်မာဘက်သို့ ကန့်ကွက် အရေးဆိုသွားမည် ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ကလည်း ထိုင်း-မြန်မာ နယ်စပ် ဖုတ်ဖရမြို့နယ်ရှိ မိုးကဲရွာအနီး နအဖ တပ်မှ ပစ်ခတ်သည့် ၁၂၀ မမ လက်နက် ကြီး ကျည် ၄ လုံး ကျရောက် ပေါက်ကွဲသဖြင့် ထိုင်းဘက်တွင် ခိုလှုံနေသည့် မြန်မာဒုက္ခသည်၂ ဦး ဒဏ်ရာရရှိခဲ့သည်။
ယနေ့တွင် မဲဆောက်မြို့သို့ နယ်စပ်အရေးနှင့် ပတ်သက်ပြီး ထိုင်း ဒု ၀န်ကြီးချုပ် နှင့် ကြည်းတပ် ဦးစီးချုပ်တို့ ရောက်ရှိ လာကြောင်း ဒေသခံများက ပြောဆိုကြသည်။
ယမန်နေ့ကလည်း ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် သင်္ကန်းညီနောင်၌ နအဖ စစ်တပ် ကား ၂ စီးကို မိုင်းဖြင့် တိုက် ခိုက် ခဲ့သောကြောင်း နအဖ တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရသွားကြောင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) က ပြောသည်။
DKBA မှ ဗိုလ်မှူး စန်းအောင်က“မနေ့က ဝေါ်လေမှာလည်း ဆွဲမိုင်းနဲ့ တိုက်လိုက်လို့ နအဖ ဘက်က ဗိုလ်မှူး အဆင့် တယောက် မျက်လုံးထိသွားပြီးတော့ တခြား အဆင့် တယောက် နှစ် ယောက်လောက်လည်း ဒဏ်ရာရသွားသေးတယ်” ဟု ပြောပြသည်။
ပြီးခဲ့သည့် တိုက်ပွဲကာလအတွင်း နအဖ တပ်များက DKBA တပ်များ ရှိနိုင်သည့် နေရာများသို့ လက်နက်ကြီးကျည် ရာနှင့် ချီ၍ ပစ်ခတ်ရာ ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲသည့်အတွက် ဇန်န၀ါရီလ ၁၁ ရက်နေ့က မြန်မာ စစ်အစိုးရကို ထိုင်းအာဏာပိုင်များက ကန့်ကွက်စာ ပေးပို့ထားသေးသည်။
ထိုင်းဘက်သို့ ကျရောက် ပေါက်ကွဲသည့် လက်နက်ကြီးကျည်များသည် ကရင်ပြည်နယ် မြ၀တီ ခရိုင်အတွင်း၂ လကျော် ကြာ ဖြစ်ပွားနေသည့် DKBA နှင့် နအဖ တပ် တိုက်ပွဲများအတွင်း ထိုင်းဘက်သို့ မတော်တဆ ကျွံဝင်လာခြင်းသာဖြစ် သည်ဟု မြန်မာဘက်မှ ဖြေရှင်းချက် ပေးလေ့ရှိကြောင်း သိရသည်။


0 件のコメント:
コメントを投稿