2011年2月1日火曜日

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးမှု အမြန်ဆုံးပေါ်ပေါက်ရေး တောင်းဆိုဆန္ဒပြပွဲ





၂၀၁၁-ခုနှစ်၊ ဇန်န၀ါရီလ(၃၀)ရက်နေ့

အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့သည် နိုင်ငံအတွက် 
အရေးတကြီးလိုအပ်နေသော တွေ့ဆုံဆွေးနွေးမှုအမြန်ဆုံးပေါ်ပေါက်စေရေးအတွက်စစ်အစိုးရကို
အစဉ်တစိုက်တောင်းဆိုနေသည်နည်းတူ ဂျပန်ရောက်မြန်မာဒီမိုကရေစီအင်အားစုများမှ အမျိုးသား
ပြန်လည်သင့်မြတ်ရေးတောင်းဆိုသည့်ဆန္ဒပြပွဲ အခမ်းအနားကို တိုကျိုမြို့၊ ရှိနာဂါဝါ၊မြန်မာစစ်အခွန်ရုံးရှေ့
တွင် ဒီကနေ့ ညနေ(၃-၀၀ မှ ၄-၀၀) အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)
ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့ ဂျပန်၏အလွန်အေးချမ်းသည့်ရာသီဥတုကို အန်တု၍ ဂျပန်ရောက်မြန်မာဒီမိုကရေစီအင်အားစုများ ၁၀၀ကျော် ပူးပေါင်းဆန္ဒပြခဲ့ကြပါသည်။


သတင်းဓါတ်ပုံနှင့် ရုပ်သံမှတ်တမ်း။။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ
                                                  သတင်းနှင့်ပြန်ကြားရေးဌာန

0 件のコメント:

コメントを投稿