2011年2月2日水曜日

အီဂျစ် ဆန္ဒပြသူများကို ဒေါ်အောင်ဆန်းစုကြည် အားပေး

E-mail Print
အရှေ့အလယ်ပိုင်းဒေသ အီဂျစ် နိုင်ငံ အတွင်း သီတင်းတပတ် ကြာသည်အထိ အစိုးရကိုဆန့်ကျင် ဆန္ဒပြနေသူများ အပေါ် စာနာ ကြောင်းနှင့် ၄င်းတို့နှင့် တသားတည်းရှိကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

egyptian400
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့လယ်ရှိ ထဟီရီ ရင်ပြင်(Tahrir Square)တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြနေသည့် အီဂျစ်နိုင်ငံသား များစွာကို ယမန်နေ့က တွေ့ရစဉ်(ဓာတ်ပုံ - Getty Images)
BBC သတင်းဌာန ၏ ယမန်နေ့က ပြုလုပ်သော တိုက်ရိုက်ဆက်သွယ်မေးမြန်းမှု အစီအစဉ်အတွင်း အီဂျစ် နိုင်ငံသား တဦး၏ တိုက်ရိုက် မေးမြန်းချက်ကို ဖြေကြားစဉ် ယင်းကဲ့သို့ ပြောဆိုသွားခြင်း ဖြစ်သည်။

အီဂျစ် သမ္မတ အာဏာရှင် မူဘာရက် ကို နုတ်ထွက်ပေးစေလိုပါသလား ဆိုသော အီဂျစ်နိုင်ငံသားတဦး၏ အမေးကိုမူ ယင်းကိစ္စသည် အီဂျစ်ပြည်သူများ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ၊ အီဂျစ်အရေးကိစ္စကို ၎င်းအနေဖြင့် စိတ်ဝင်စားမှုရှိကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။

အီဂျစ်ပြည်သူများအနေဖြင့် မိမိတို့ဆန္ဒရှိရာကို အကောင်အထည်ဖော်နိုင်ရေးအတွက် ခေါင်းအေးအေး ထားကာ ၊ ဇွဲမလျှော့ဘဲ ဆက်လက် ဆောင်ရွက်သွားရန် လိုသည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည် က အကြံပြုသွားသည်။

ယမန်နေ့က ကျင်းပခဲ့သော မြန်မာ့လွှတ်တော်သစ် အစည်းအဝေးတွင် တင်သွင်းခဲ့သည့် ဒုတိယ သမ္မတ လောင်းအမည်စာရင်း၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမည်ပါမလာမှုသည် သတင်းကောင်းလား ဟူ၍ မေးခွန်းထုတ်ခဲ့ခြင်းအပေါ် ဗိုလ်ချုပ်မှူးကြီးသည် မည် သည့်နေရာကို ဆက်ယူထားမည်ကို မသိနိုင်ကြောင်း ၊ စစ်တပ်အကြီးအကဲသည် သမ္မတ နီးပါး အာဏာရှိနေသည့်အတွက် စစ်တပ် အကြီးအကဲ မည်သူဖြစ်လာမည်ဆိုသည်ကလည်း အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်။

၎င်းအနေဖြင့်လည်း ပါလီမန်ပြင်ပမှ ဒီမိုကရေစီရေးအတွက် အလုပ်များ လုပ်နေနိုင်ကြောင်း ၊ လူငယ်များနှင့်လည်း ကွန်ယက်ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က BBC ၏ အစီအစဉ်အတွင်း ပြောဆိုသည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗဲလ်ဆု ချီးမြှင့်ခြင်းခံခဲ့ရသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ကို စစ်အစိုးရက အာ ဏာ လွှဲပြောင်းပေးခြင်းမပြုဘဲ ၎င်းကိုလည်း နှစ် ၂၀ နီးပါး နေအိမ် အကျယ်ချုပ် ချထားခံခဲ့ရသည်။

0 件のコメント:

コメントを投稿