2011年2月2日水曜日
မပြောင်းလဲတဲ့ အစိုးရဘဲ
၂၀၁၁၊၂၊၂ ကျွန်မတို့ မြန်မာပြည်ကြီးမှာ အရပ်သားအစိုးရ ပြောင်းသွားပါပြီ။သို့သော်လည်း ပြည်သူ့ဘဝက ဆိုးပြီးရင်းဆိုးနေတာပါဘဲ။စစ်ဝတ်ကနေ အရပ်ဝတ်ပြောင်းတာနဲ့ လူ့အခွင့်အရေးပြည့်ဝတဲ့ ဒီမိုကရေစီစနစ်တဲ့လား။တကယ်တော့ အာဏာရှင်က အာဏာရှင်ပါဘဲ။ဘာမှ မထူးတဲ့ အုပ်ချုပ်ရေးအောက်မှာ ပြည်သူပြည်သား တို့ ငရဲခံနေရအုန်းမှာဘဲလေ။ကမ္ဘာက အမြင်ကောင်းအောင် ရွေးကောက်ပွဲ ကျင်းပပြ၊အခုလည်း လွှတ်တော် ခေါ် အစိုးရသစ်ဖွဲ့ပြ သူတို့ ကဇာတ်တိုက်ပြီးသား ဒါတောင် ရူးကြောင်ကြောင် တချို့က ဝင်ပြိုင် လွှတ်တော်ထဲထိုင် နဲ့အရှက်မရှိပုံက အံ့မခန်းပါဘဲ။လောကမှာ ဘယ်အရာမှ မတည်မြဲပါဘူး။အာဏာရှင်တွေရဲ့ ကျရှုံးခန်းကို မြင်ရမှာပါ။ရှေ့ဘယ်ကြည့်လေ နေဝင်း၊ထွန်းကြည်၊ကျော်ဘ၊ခင်ညွှန့်စတာတွေ ဘယ်လိုဖြင့်ခဲ့လည်း တဘဝတာအတွင်းမှာတွေ့ရတဲ့ သင်္ခရတရားဘဲ။အခုကော အာဏာရှုးသန်းရွှေတို့ လူတစ်စု ဘယ်အချိန်မှာ နေဝင်ပြီး ဇာတ်သိမ်းမှာကို စောင့်ကြည့်ကြတာပေါ့။ blloger......Thet Su Oo
登録:
コメントの投稿 (Atom)
0 件のコメント:
コメントを投稿