2011年2月1日火曜日

နယ်စပ်ပြဿနာ ထိုင်း ဆွေးနွေး ညှိနှိုင်းလို

E-mail Print
ထိုင်း-မြန်မာနယ်စပ်တွင် ဖြစ်ပွားနေသည့် နယ်စပ်ပြဿနာများကို ဆွေးဆွေးညှိနှိုင်း အဖြေရှာသည့် နည်းကိုသာ အသုံးပြုသွား မည်ဟု ထိုင်း တပ်မတော် ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရွတ်ကျန်ထာ့အိုချာက ယနေ့တွင် ဒေသခံ သတင်းထောက်များကို ပြောကြားလိုက်သည်။

thai400
ကြည်းတပ် စစ်ဦးချုပ်နှင့် ထိုင်း ဒု ၀န်ကြီးချုပ်တို့ ထိုင်း-မြန်မာ နယ်ခြား သောင်ရင်းမြစ်ကို ကြည့်ရှု စစ်ဆေး နေစဉ် (ဓာတ်ပုံ - ဧရာဝတီ)
ယနေ့ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့သို့ ရောက်ရှိလာသည့် ထိုင်း ဒု ၀န်ကြီးချုပ် နိုင်ဆူထေ့ထေ့ဆူဘန်းနှင့် ကြည်းတပ် စစ်ဦးစီးချုပ် တို့သည် နှစ်နိုင်ငံ နယ်စပ်အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီးနောက် ကြည်းတပ် စစ်ဦးချုပ်က ယင်း သို့ ပြောကြားခြင်းဖြစ်သည်။

ကြည်းတပ် စစ်ဦးချုပ်က“နယ်စပ်ပြဿနာတွေကို အဆင့်ဆင့် ဖြေရှင်းသွားရမှာဖြစ်တယ်။ နိုင်ငံခြားရေးဌာနက နေတဆင့်ဆွေးနွေးတဲ့ နည်း၊ ဒုတိယနည်းက အကြပ်ကိုင်နည်း၊ တတိယနည်းက အင်အားသုံး ဖြေရှင်းနည်းတွေဖြစ်တယ်။ ဒီ အင်အားသုံး ဖြေ ရှင်းနည်းက နှစ်ဘက်စလုံးကို နစ်နာစေတယ်၊ ဒီနည်းက မလိုအပ်ဘူး။ အကောင်းဆုံးကတော့ ဆွေးနွေးညှိနှိုင်း ဖြေရှင်းတဲ့ နည်း ပဲ”ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ် နှင့် ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထွက်ပြေးလာသည့် ဒုက္ခသည်များကို ယာယီ ခိုလှုံခွင့်ပေးမည်ဖြစ်ပြီး အခြေအနေများ အေးချမ်းသွားပါက နေရပ်သို့ ပြန်ကြရမည်ဖြစ်ကြောင်း၊ ထိုင်း နိုင်ငံအနေဖြင့် ထိုင်း-မြန်မာနယ်စပ်တွင် ဒုက္ခသည်စခန်းများ အသစ်ဖွင့်လှစ်ရန် အစီအစဉ်မရှိကြောင်းလည်း စစ်ဦးစီးချုပ်က ပြောကြားသည်။

နယ်စပ်ပြဿနာများနှင့် ပတ်သက်၍ ကြည်းတပ်စစ်ဦးချုပ်က သတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေကြားခဲ့သော် လည်း ထိုင်း ဒု ၀န်ကြီးချုပ်နှင့် အမျိုးသား လုံခြုံရေး ကောင်စီ ဥက္ကဌ နိုင်ဆူထေ့ထေ့ဆူဘန်းက တစုံတရာဖြေကြားခြင်းမရှိပေ။

အဆိုပါအဖွဲ့သည် ယနေ့နံနက်ပိုင်းက မဲဆောက်မြို့သို့ ရောက်ရှိလာပြီး နယ်စပ်အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေး ကာ ညနေ ၄ နာရီ ခန့်တွင် ပြန်လည်ထွက်ခွာသွားသည်။

0 件のコメント:

コメントを投稿