
နေပြည်တော်တွင် ကျင်းပသည့် ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ ညစာစားပွဲတွင် တွေ့ရသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အရပ်ဘက်ပြောင်း ဗိုလ်ချုပ်ဟောင်းများ။ (ဓာတ်ပုံ - AP)
စစ်ဖက်ဆိုင်ရာ ရာထူးနေရာနှင့် ပတ်သက်၍ ကာကွယ်ရေး ဦးစီးချုပ် နေရာတွင် ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ဒု ကာကွယ်ရေး ဦးစီးချုပ်နေရာတွင် ဗိုလ်ချုပ် စိုးဝင်း၊ ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်မှာမူ ကာကွယ်ရေးဝန်ကြီး ဖြစ်လာမည်ဟု သတင်းထွက်ပေါ်နေသည်။
ဒု ဗိုလ်ချုပ်ကြီး ကိုကိုမှာ ပြည်ထဲရေး ၀န်ကြီးအဖြစ် တာဝန်ယူမည်ဖြစ်ပြီး ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးမှာမူ အနားယူတော့မည် ဟုဆိုသည်။
ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်းက စစ်တပ်ရာထူး အပြောင်းအလဲများ ပြုလုပ်ခဲ့ရာ ဒု ဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ ဒု ဗိုလ်ချုပ်ကြီး သာအေး အပါအ၀င် ဒု ဗိုလ်ချုပ်ကြီးများအား အငြိမ်းစားပေးခဲ့ပြီး ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်စေခဲ့သည်။
သို့သော် စီးပွားရေးဦးပိုင် လီမိတက်၏ ယခင် ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီးဟောင်း တင်အေးမှာမူ ရွေးကောက်ပွဲ ၀င်ရောက်ခြင်း မရှိခဲ့ပေ။
0 件のコメント:
コメントを投稿