အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေးအဖွဲ့မှ Mr Paul Gorve နှင့်အဖွဲ့ဝင်များ တောင်ဒဂုံရှိ မဖြူဖြူသင်း တာဝန်ယူ ဆောင်ရွက်နေသည့် HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေးဂေဟာသို့ လာရောက် လေ့လာခဲ့ကြောင်း သိရှိရပါသည်။
ယနေ့ နံနက် ၈နာရီခွဲခန့်က တောင်ဒဂုံ၁၈ရပ်ကွက်ရှိ မဖြူဖြူသင်း တာဝန်ယူ ဆောင်ရွက်နေသည့် HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေးဂေဟာသို့ အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေးအဖွဲ့မှ Mr. Paul Grove နှင့် ရန်ကုန်မြို့ အမေရိကန်သံရုံး ယာယီတာဝန်ခံ Mr.Dinger သံရုံးအတွင်းဝန် Mrs.Jeniffer တို့ လာရောက်ခဲ့ကြပါတယ်။
အဆိုပါတွေ့ဆုံပွဲတွင် HIV/AIDS Prevention and Care တာဝန်ခံ မဖြူဖြူသင်းနှင့် ကိုရာဇာတို့မှ ဦးဆောင်သည့်အဖွဲ့မှ လက်ခံတွေ့ဆုံကာ အဖွဲ့မှ လုပ်ဆောင်လျှက်ရှိသော အခြေအနေများနှင့် ရင်ဆိုင်နေရသော အခက်အခဲများကို ဆွေးနွေးခဲ့ပြီး အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေးအဖွဲ့မှ Mr Paul Gorve နှင့် အဖွဲ့မှ သိရှိလိုသည်များကို မေးမြန်းခဲ့ပါသည်။ ဆွေးနွေးပွဲအား မနက် ၈နာရီခွဲမှ ၉နာရီခွဲအထိ တွေ့ဆုံဆွေးနွေးခဲ့ပြီး လူနာများအား လိုက်လံကြည့်ရှူ အားပေးစကား ပြောကြားခဲ့ပါသည်.။ Mr.Paul Grove မှ ယခုဆွေးနွေးပွဲမှ ရရှိသည့် အချက်အလက်များအား အမေရိကန်နိုင်ငံသို့ ပြန်လည် ရောက်ရှိသည့်အခါ၌ ကော်မတီိသို့ အစီရင်ခံ တင်ပြသွားမှာဖြစ်ကြောင်း မည်သို့ကိုင်တွယ် ဆောင်ရွက်မည် ဆိုသည်ကို ကော်မတီမှ ဆုံးဖြတ်ပါမည်ဟု ပြောဆိုသွားခဲ့ပြီး မနက်၉ခွဲခန့်မှာ အဆိုပါဂေဟာမှ ပြန်လည် ထွက်ခွာသွားခဲ့ပါသည်။
ဓာတ်ပုံ.... ပြည်တွင်းမှ ညီမငယ်..
သတင်း....ဒီမိုဝေယံ၊
ဓာတ်ပုံ.... ပြည်တွင်းမှ ညီမငယ်..
သတင်း....ဒီမိုဝေယံ၊
0 件のコメント:
コメントを投稿