2011年1月11日火曜日
အရွယ်ရောက်သူတိုင်းကို စစ်မှုထမ်းရမယ်ဆိုလားဘဲ
1/11/2011 (၇)က်သားသမီးအပေါင်း တို့ရေ ကြားကြမယ်ထင်ပါတယ်။တို့များရဲ့ နိုင်ငံကြီးမှာ အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရတော့မယ်သတင်းတွေက ထွက်နေပြီနော်။ဗိုလ်ချုပ်ရူးကြီးတို့ရဲ့ ဥပဒေ လေ။တစ်နိုင်ငံလုံးကို အဖြူ၁ပိုင်း၊အစိမ်း၁ပိုင်းနဲ့ ကြံ့ဖွတ် လုပ်ခိုင်းတာအားမရတာနဲ့ တကိုယ်လုံး အစိမ်းဝတ်ခိုင်း ဖို့ကြံနေပြန်ပြီ ခက်ရော်။လက်ရှိ စစ်သားတွေတောင် လစာကမမှန် ငတ်နေတယ့်စစ်သားက တပုံတပင်နဲ့ အရွယ်ရောက်သူတိုင်းစစ်မှုထမ်းရရင် ဘယ်သူကကျွေးမတုန်း။ကိုယ့်ထမင်းကိုယ်စား ကြီးတော်နွားကျောင်း ရမယ့်ကိန်းနော်။တို့များနိုင်ငံမှာ ကိုယ်ထမင်းကိုယ်စားပြီး ကြံ့ဖွတ် လုပ်နေတဲ့ အဝှာတွေကလည်း တပုံတပင်ဘဲ။အရွယ်ရောက်သူတိုင်း ဘုရားသာတပေတော့။ဗိုလ်ချုပ်ရူးကြီးတို့က လက်တလုံးခြားနဲ့ ပေါ်တာ ဆွဲတာဘဲ။ပေါ်တာဗြောင် ဆွဲရင် နိုင်ငံတကာကအော်မယ် ဒီ့တော့ စစ်မှုမထမ်းမနေရဆိုတော့ တရားဝင် ပေါ်တာခေါ်တဲ့သဘောဘဲ့ပေါ့။(၇)ရက်နေ့သားအပေါင်းတို့ သဘောပေါက်မှာပါ။ဒီလိုဥပဒေတွေက ဗိုလ်ချုပ်ရူးကြီးတို့ ဗိုလ်ကျစိုးမိုးနေတဲ့ ကာလတလျှောက်လုံး ထုတ်ပြန်နေအုန်းမှာပါ။ဗိုလ်ချုပ်ရူးကြီးတို့ ပြုတ်ပြုတ်ပြုန်းပြီး စစ်ခုံရုံးတင်နိုင်မှာသာလျှင် (၇)ရက်နေ့သားအပေါင်း စိတ်ရောကိုယ်ပါ ရွှင်လန်းချမ်းမြေ့စွာနေထိုင်နိုင်မှာဖြစ်ပါတယ်။စိတ်ရောကိုယ်ပါ ရွှင်လန်းချမ်းမြေ့စွာနေထိုင်နိုင်အောင် ပြည်သူ့ခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည်ဧ။် ဦးဆောင်ညွှန်ကြားမှုအတိုင်း ဒီမိုကရေစီတိုက်ပွဲဝင်သွားကြပါစို့။ BLOGGER....THETSUOO
登録:
コメントの投稿 (Atom)
0 件のコメント:
コメントを投稿