2011年1月2日日曜日

မြန်မာနိုင်ငံ ခရီးသွားလာရေးလုပ်ငန်း အားကောင်းလာစေရန် လေကြောင်း-ဆက်သွယ်ရေးထက် နွားလှည်း-ပို့ဆောင်ရေးလုပ်ငန်းက အခြေခံလိုအပ်ချက်ဖြစ်ကြောင်း VOA ဖော်ပြ

မြန်မာနိုင်ငံရဲ့ ခရီးသွားလာရေး လုပ်ငန်းတွေ အဆင်ပြေစွာ ချောမွေ့ လည်ပတ်နိုင်စေဖို့ အတွက် လေကြောင်း ဆက်သွယ်ရေးဟာ အရေးပါတဲ့ အကြောင်း VOA သတင်းဌာနက ရေးသားလိုက်ပါတယ်။
ဒါပေမဲ့ လေယာဉ်လက်မှတ် တစ်စောင်ကို ကျပ်တစ်သိန်း ၀န်းကျင် ပေးရတဲ့အတွက် သာမန် မြန်မာ ပြည်သူ ပြည်သားတွေအနေနဲ့ လေယာဉ် စီးဖို့ ဆိုတာ အိပ်မက်တောင် မမက်ရဲတဲ့အကြောင်း ဆက်လက် ဖော်ပြထားပါတယ်။
ထိုနည်းတူစွာပဲ ဓာတ်ဆီ မှောင်ခိုဈေးကွက်ကြောင့် ကားခ ဈေးနှုန်းတွေလဲ အဆမတန် တက်လာတယ်လို့ VOA က ပြောပါတယ်။ ဒါကြောင့်မို့ မြန်မာပြည်သူတွေ အတွက် ခရီးသွားလာဖို့ရာ အားကိုးအားထား စရာ ဆိုလို့ ဘာလောင်စာဆီမှ အသုံးပြုဖို့ မလိုတော့တဲ့ နွားလှည်းပဲ ကျန်တော့တဲ့ အကြောင်း ရေးသားဖော်ပြထားပါတယ်။ အခုအခါမှာတော့ မြန်မာ့ စီးပွားရေးကို လက်ဝါးကြီး အုပ်ထားတဲ့ အလိုတော်ရိ ခေတ်ပျက် သူဌေးကြီးများဟာ နွားလှည်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကို တိုးချဲ့ လုပ်ကိုင်နေကြကြောင်း VOA မြန်မာပိုင်း အစီအစဉ်က တင်ပြ သွားတာ တွေ့ရပါတယ်။ အသစ် တိုးချဲ့မယ့် နွားလှည်း လုပ်ငန်း နှစ်ခုကတော့ နွား-ကမ္ဘောဇနဲ့ နွားလျှာ-Wings တို့ဖြစ်ပြီး၊ နွားလျှာ-Wings ကို နွားပုဂံ နွားလှည်းလုပ်ငန်းက ထိန်းချုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။


ခရီးသွားလာရေးလုပ်ငန်းတွေ အားကောင်းလာစေဖို့ လေကြောင်းဆက်သွယ်ရေးထက်
နွားလှည်း သယ်ယူပို့ဆောင်ရေးက  တစ်ကယ့် အခြေခံကျတဲ့ လိုအပ်ချက်ဖြစ်ကြောင်း
VOA သတင်းဖော်ပြချက်ကို တွေ့ရစဉ်

0 件のコメント:

コメントを投稿