2011年1月13日木曜日

မဟာမိတ်လုပ်မည်ဟု တစည ကမ်းလှမ်း

ဝိုင်း | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၁၃ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၆ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။     ။ ပြည်သူ့ အကျိုးစီးပွားအတွက် မည်သူနှင့်မဆို မဟာမိတ်အဖြစ် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ယနေ့ ကမ်းလှမ်းလိုက်သည်။

လွှတ်တော်အမတ်နေရာ ၆၄ နေရာဖြင့် ဒုတိယအများဆုံးရ တစည ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်အချို့ကို ပါတီခေါင်းဆောင်များက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ပါတီဌာနချုပ်တွင် ယနေ့ တွေ့ဆုံမှာကြားပွဲအပြီး ထုတ်ဖော်ပြောကြားခြင်း ဖြစ်သည်။

“ကျနော်တို့က လွှတ်တော်ထဲမှာ ပြည်သူအတွက် အကျိုးစီးပွားရှိမယ်ဆိုရင် ဘယ်သူနဲ့ဖြစ်ဖြစ် ဂိုဏ်းဂန မရှိဘဲနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောထားရှိပါတယ်” ဟု ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်နှင့် ပြောခွင့်ရ ဦးဟန်ရွှေက မဇ္ဈိမကို ပြောသည်။

0 件のコメント:

コメントを投稿